အမေ ညာတယ်

ထမင်းအိုးထဲမှာ ထမင်း မလောက်မှန်း သိတော့ "အမေမဆာဘူး၊ သားတို့ သမီးတို့ဘဲ စားပါ" တဲ့ အမေ ညာတယ်။

တခါတလေမှာ အသားဟင်းလေး ချက်တော့ "အမေ သွားတွေ မကောင်းလို့ အမေ ချဉ်ပေါင်ရွက် ဟင်းချိုနဲ့ဘဲ စားမယ်၊ အသားဟင်းက သားတို့ သမီးတို့ စားပါ" တဲ့။ အမေညာတယ်။

အဝတ်အစား အသစ်တွေ မရှိ ခါးဝတ် လုံချည်လေးတွေ ဟောင်းနွမ်း နေပါလျှက်နဲ့ "အမေရဲ့ အဝတ်အစားတွေက အသစ်ဘဲ ရှိပါသေးတယ်၊ အမေအတွက် မလိုပါဘူး သားတို့ သမီးတို့ဘဲ ဝတ်ပါ" တဲ့ အမေ ညာတယ်။

ဖနောက်နေရာမှာ ပါးပြီး ပေါက်နေပါလျှက်နဲ့ အမေရဲ့ ဖိနပ်က အကောင်းဘဲ ရှိပါသေးတယ်၊ ဖိနပ် အသစ်က သားတို့ သမီးတို့ဘဲ ဝယ်ပါ" တဲ့ အမေ ညာတယ်။

လောကဓံကို အံတု မာန်တင်းကာ ရင်ဆိုင်ပေမယ့် သားသမီးတွေရဲ့ နောင်ရေးကိုတွေး စိတ်မအေး ဝမ်းနည်း မျက်ရည် ကျနေပါလျှက်နဲ့ "အမေဘာလို့ ငိုနေတာလဲ" မေးတော့ "အမေ မငိုပါဘူး မျက်စိထဲ ပိုးကောင် ဝင်လို့ပါ" တဲ့ အမေ ညာတယ်။

ရင်ထဲက သောကမျက်ရည် တွေကို မေတ္တာတရား တွေနဲ့ ဖုံးကွယ် ထားတယ်။ အမေ အမြဲဘဲ ညာတယ်။ အမေ မညာပါနဲ့တော့။

အမေ ညာခဲ့တာ တွေကို သားတို့ သမီးတို့ မသိခဲ့ပေမယ့် အမေရဲ့ မေတ္တာတရား တွေကို သားတို့ သမီးတို့ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတော့မှ သားတို့ သမီးတို့ သိလာခဲ့ပါပြီ အမေရယ်။

အမေ အမြဲဘဲ ညာခဲ့တာတွေ များလွန်းတော့ သားတို့ သမီးတို့ ရင်ထဲမှာ တဆစ်ဆစ် နာကျင်ခဲ့ရ ပါပြီ အမေရယ်။

ဒီတခါ သားတို့သမီးတို့ကို ပြန်ညာခွင့်လေး ပေးပါလား အမေရယ်။ သားတို့ သမီးတို့ရဲ့ လုပ်အားခ တချို့တဝက် ကနေ ပြန်လည် ကျေးဇူးဆပ်ခွင့် ပြုပရစေ အမေရယ်။

တကယ်တော့ မိဘတွေ ဆိုတာ သားသမီးတွေ အတွက် ရတက်မအေး သောကမျက်ရည်တွေ ကျနေပါလျက်နဲ့ သားသမီးတွေအပေါ်ကို မစိုစေ မကျစေ မမြင်စေ မတွေ့စေဘဲ မိုးရေတွေ အဖြစ်နဲ့သာ ထာဝရ ရှိနေပေးခဲ့တာ မိဘတွေပါ။ မိဘကျေးဇူး ဆပ်နိုင်ကျပါစေ။ Crd

Zawgyi

အေမ ညာတယ္

ထမင္းအိုးထဲမွာ ထမင္း မေလာက္မွန္း သိေတာ့ "အေမမဆာဘူး၊ သားတို႔ သမီးတို႔ဘဲ စားပါ" တဲ့ အေမ ညာတယ္။

တခါတေလမွာ အသားဟင္းေလး ခ်က္ေတာ့ "အေမ သြားေတြ မေကာင္းလို႔ အေမ ခ်ဥ္ေပါင္႐ြက္ ဟင္းခ်ိဳနဲ႔ဘဲ စားမယ္၊ အသားဟင္းက သားတို႔ သမီးတို႔ စားပါ" တဲ့။ အေမညာတယ္။

အဝတ္အစား အသစ္ေတြ မရွိ ခါးဝတ္ လုံခ်ည္ေလးေတြ ေဟာင္းႏြမ္း ေနပါလွ်က္နဲ႔ "အေမရဲ႕ အဝတ္အစားေတြက အသစ္ဘဲ ရွိပါေသးတယ္၊ အေမအတြက္ မလိုပါဘူး သားတို႔ သမီးတို႔ဘဲ ဝတ္ပါ" တဲ့ အေမ ညာတယ္။

ဖေနာက္ေနရာမွာ ပါးၿပီး ေပါက္ေနပါလွ်က္နဲ႔ အေမရဲ႕ ဖိနပ္က အေကာင္းဘဲ ရွိပါေသးတယ္၊ ဖိနပ္ အသစ္က သားတို႔ သမီးတို႔ဘဲ ဝယ္ပါ" တဲ့ အေမ ညာတယ္။

ေလာကဓံကို အံတု မာန္တင္းကာ ရင္ဆိုင္ေပမယ့္ သားသမီးေတြရဲ႕ ေနာင္ေရးကိုေတြး စိတ္မေအး ဝမ္းနည္း မ်က္ရည္ က်ေနပါလွ်က္နဲ႔ "အေမဘာလို႔ ငိုေနတာလဲ" ေမးေတာ့ "အေမ မငိုပါဘူး မ်က္စိထဲ ပိုးေကာင္ ဝင္လို႔ပါ" တဲ့ အေမ ညာတယ္။

ရင္ထဲက ေသာကမ်က္ရည္ ေတြကို ေမတၱာတရား ေတြနဲ႔ ဖုံးကြယ္ ထားတယ္။ အေမ အၿမဲဘဲ ညာတယ္။ အေမ မညာပါနဲ႔ေတာ့။

အေမ ညာခဲ့တာ ေတြကို သားတို႔ သမီးတို႔ မသိခဲ့ေပမယ့္ အေမရဲ႕ ေမတၱာတရား ေတြကို သားတို႔ သမီးတို႔ ကိုယ္တိုင္ ႀကဳံေတြ႕ ခဲ့ရေတာ့မွ သားတို႔ သမီးတို႔ သိလာခဲ့ပါၿပီ အေမရယ္။

အေမ အၿမဲဘဲ ညာခဲ့တာေတြ မ်ားလြန္းေတာ့ သားတို႔ သမီးတို႔ ရင္ထဲမွာ တဆစ္ဆစ္ နာက်င္ခဲ့ရ ပါၿပီ အေမရယ္။

ဒီတခါ သားတို႔သမီးတို႔ကို ျပန္ညာခြင့္ေလး ေပးပါလား အေမရယ္။ သားတို႔ သမီးတို႔ရဲ႕ လုပ္အားခ တခ်ိဳ႕တဝက္ ကေန ျပန္လည္ ေက်းဇူးဆပ္ခြင့္ ျပဳပရေစ အေမရယ္။

တကယ္ေတာ့ မိဘေတြ ဆိုတာ သားသမီးေတြ အတြက္ ရတက္မေအး ေသာကမ်က္ရည္ေတြ က်ေနပါလ်က္နဲ႔ သားသမီးေတြအေပၚကို မစိုေစ မက်ေစ မျမင္ေစ မေတြ႕ေစဘဲ မိုးေရေတြ အျဖစ္နဲ႔သာ ထာဝရ ရွိေနေပးခဲ့တာ မိဘေတြပါ။ မိဘေက်းဇူး ဆပ္ႏိုင္က်ပါေစ။ Crd

Post a Comment

0 Comments