Microwave ထဲကို ထည့်လို့ရတဲ့ ပန်းကန်အမျိုးအစားနဲ့ ထည့်လို့မရတဲ့ ပန်းကန်အမျိုးအစားများ

Microwave ထဲကို ထည့်လို့ရတဲ့ ပန်းကန် ဟုတ်လား မဟုတ်လားဆိုတာကို အချို့ပန်းကန်တွေရဲ့အောက်မှာ ရေးပေးထားတတ်ကြပါတယ်။ ဒါပေမယ့် ပန်းကန်လုံးတွေ၊ အစားအစာထည့်တဲ့ဘူးတွေ၊ ပန်းကန်ပြားတွေ အားလုံးကို Microwave ထဲ ထည့်လို့မရနိုင်ပါဘူး။ အဲဒါကြောင့် Microwave ထဲကို ထည့်လို့ရတဲ့ ပန်းကန်နဲ့ ထည့်လို့မရတဲ့ ပန်းကန်တွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

Microwave ထဲကို ထည့်လို့ရတဲ့ ပန်းကန်အမျိုးအစားများ

- သတ္တုနဲ့ အလှမဆင်ထားတဲ့ ဖန်၊ ကြွေထည်ပန်းကန်များ

- သတ္တုနဲ့ အလှမဆင်ထားတဲ့ စက္ကူပန်းကန်ပြားများ

- တာရှည်အသုံးခံတဲ့ ပလက်စတစ်ပန်းကန်များ၊ ဘူးများ (ပလက်စတစ်ဘူးတိုင်းက Microwave ထဲ ထည့်လို့မရတာကြောင့် အညွှန်းကို သေချာကြည့်သင့်ပါတယ်)

- ဖန်ဘူးများ (ဖန်ဘူးအများစုက အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ ဖန်ဘူးကို Microwave ထဲ ထည့်မယ်ဆိုရင် အဖုံးကိုချွတ်ပြီးမှသာ ထည့်ပါ)

Microwave ထဲကို ထည့်လို့မရတဲ့ ပန်းကန်အမျိုးအစားများ

- ရွှေ၊ ငွေ၊ ပလက်တီနမ်အရစ်တွေနဲ့ အလှဆင်ထားတဲ့ ပန်းကန်ပြားတွေကို Microwave မီးဖိုထဲကို ထည့်တဲ့အခါ လျှပ်ကူးနိုင်ပါတယ်။

- အလူမီနီယမ်ဗန်းတွေကလည်း လျှပ်ကူးနိုင်တာကြောင့် မထည့်သင့်ပါဘူး။

- သတ္တုနဲ့ပြုလုပ်ထားတဲ့ ပန်းကန်တွေ၊ အိုးတွေကို ထည့်ရင်လည်း အစားအစာတွေဆီကို အပူမရောက်ပါဘူး။

- သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပန်းကန်တွေ၊ အိုးတွေကို Microwave ထဲ ထည့်လိုက်ရင် ခြောက်သွေ့ပြီး ကွဲသွားတတ်ပါတယ်။

- ကတ္ထူနဲ့ပြုလုပ်ထားတဲ့ ခွက်တွေ၊ ဖယောင်းထည့်ပြီး ပြုလုပ်ထားတဲ့ ကတ်တ္တူပန်းကန်တွေကို Microwave ထဲကို ထည့်ပြီး အစားအစာနွှေးရင် လျှပ်ကူးပြီး လောင်ကျွမ်းသွားနိုင်ပါတယ်။

- ပလက်စတစ်အပျော့သားနဲ့ ပြုလုပ်ထားတဲ့ဘူးတွေက အပူချိန်လွန်ရင် အရည်ပျော်သွားနိုင်တာကြောင့် Microwave ထဲကို မထည့်သင့်ပါဘူး။

- ဒိန်ချဉ်ဘူးခွံ၊ ချိစ်ဘူးခွံနဲ့ အခြားအစားအစာဘူးခွံတွေထဲကို အစားအစာ ထည့်ပြီးတော့လည်း Microwave ထဲ မနွှေးသင့်ပါဘူး။

- အသုံးပြုဖန်များတဲ့ ပလက်စတစ်ဘူးတွေကို ထည့်ပြီး အစားအစာနွှေးတဲ့အခါ အပူချိန်ကြောင့် ဘူးတွေကွဲသွားနိုင်ပါတယ်။

Microwave ထဲ ပန်းကန်ကို ထည့်လို့ ရ၊ မရစမ်းသပ်နည်း

- ကြွေပန်းကန်လုံးတစ်လုံးထဲကို ရေအေးတစ်ခွက်ထည့်ပါ။

- ပြီးတော့ သင်ထည့်ချင်တဲ့ ပန်းကန်တစ်မျိုးမျိုးကိုလည်း Microwave ထဲ အတူတူထည့်လိုက်ပါ။

- Microwave ကို တစ်မိနစ်ကြာ စက်ဖွင့်ထားပါ။

- တစ်မိနစ်ကြာပြီးနောက် စက်ပိတ်ပြီး စစ်ဆေးကြည့်ပါ။ ရေတွေက နွေးလာပြီး သင်ထည့်ချင်တဲ့ပန်းကန်က အေးနေရင် အဲဒီပန်းကန်ကို Microwave ထဲမှာ ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပန်းကန်က ပူနေတယ် ဆိုရင်တော့ ထည့်ပြီး မသုံးသင့်ပါဘူး။

Microwave ထဲမှာ အလူမီနီယမ်ပြားကို သုံးပြီး အစားအစာတွေကို ချက်ပြုတ်ကြပါတယ်။ ဒါပေမယ့် အလူမီနီယမ်ပြားကို Microwave ရဲ့ဘေးနံရံတွေနဲ့ တစ်လက်မအကွာမှာ ထားပါ။ Microwave ရဲ့ဘေးနံရံတွေနဲ့ အလူမီနီယမ်ပြား နီးကပ်နေရင် လျှပ်ကူးတတ်ပါတယ်။ အလူမီနီယားပြားထက် ဖယောင်းသုတ်ထားတဲ့ မုန့်ဖုတ်စက္ကူကို သုံးတာက အကောင်းဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments