သင့်ရဲ့ပင်ကိုအလှကို ရုပ်ဆိုးသွားစေမယ့် မိတ်ကပ်လိမ်းခြယ်နည်း (၈) ခု

လူတိုင်းမှာ ကိုယ်ပိုင်အလှတွေ ရှိကြပါတယ်။ ကိုယ်ပိုင်အလှတွေဟာ နည်းလမ်းမမှန်တဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ တွေ့တဲ့အခါ ပျောက်ကွယ်သွားတတ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့မူရင်းအလှကို ရုပ်ဆိုးသွားစေမယ့် မိတ်ကပ်လိမ်းခြယ်နည်းတွေ အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အရောင်ရင့်တဲ့ နှုတ်ခမ်းနီ

အရောင်ရင့်တဲ့နှုတ်ခမ်းနီတွေက သဘာဝမဆန်ပါဘူး။ အဲဒါကြောင့် ဆိုးလိုက်ရင် သင့်မျက်နှာဟာ ခက်ထန်သလို ဖြစ်သွားစေမှာပါ။ ပြီးတော့ အရောင်ရင့်နှုတ်ခမ်းနီကို ဆိုးပြီးနောက် အရောင်စွဲသွားပြီးရင်လည်း ချွတ်ရခက်ပါတယ်။

၂။ သဘာဝမဆန်တဲ့ဆံပင်

ရှုပ်ထွေးနေတဲ့ ဆံပင်စတိုင်တွေ၊ ဆံပင်အလှဆင်ပစ္စည်းတွေ၊ ဂျယ်လ်တွေက သင့်ရဲ့သဘာဝဆန်တဲ့အလှကို ပျောက်ကွယ်သွားစေပါတယ်။ အရုပ်နဲ့ ပိုတူနေတတ်ပြီး ဆွဲဆောင်မှုလည်း မရှိတော့ပါဘူး။

၃။ အရောင်တောက်တောက် eye shadow

Eye shadow တွေက မျက်နှာရဲ့အလှအတွက် အရေးပါပါတယ်။ ဒါပေမယ့် တချို့အရောင်တွေက အရမ်းတောက်ပပြီး မျက်လုံးအလှကိုတောင် ရုပ်ဆိုးသွားစေပါတယ်။

၄။ ရေမွှေးတွေ အများကြီး ဆွတ်ခြင်း

ရေမွှေးအနံ့တွေက စိတ်ကို ကြည်လင်စေပါတယ်။ ဒါပေမယ့် ရေမွှေးတွေကို မွှန်ထူနေအောင် ဆွတ်ထားရင် ဘေးနားကနေ ထွက်ပြေးချင်စိတ်တွေပါ ဖြစ်သွားစေပါတယ်။ အဲဒါကြောင့် သင်းပျံ့တဲ့ရနံ့နဲ့ ရေမွှေးတွေက သင့်အလှကို ပိုတိုးစေပါတယ်။

၅။ အရောင်တောက်တောက် မျက်ခုံး

မျက်ခုံးကို အနက်ရောင်တောက်တောက် ဆွဲထားတာ ဒါမှမဟုတ် အရောင်တောက်တဲ့ တက်တူးနဲ့ဆွဲထားတာက သင့်ရဲ့အခြားအလှတွေကို ဖယ်ထုတ်ပစ် လိုက်သလိုပါပဲ။ မိတ်ကပ်နဲ့ မျက်ခုံးအရောင်က လိုက်ဖက်တဲ့အခါ ကြည့်မဝရှုမဝ လှနေမှာပါ။

၆။ အစွမ်းတွေ အလွန်ပြထားတဲ့လက်သည်း

ရှည်လျားတဲ့ အက်ခရီလစ် လက်သည်းအရောင်တွေဟာ သဘာဝမဆန်ဘဲ လက်အလှနဲ့ ကွဲထွက်နေတတ်ပါတယ်။ သဘာဝဆန်ပြီး နူးညံ့တဲ့ လက်သည်းလေးတွေက သင့်ကို မိန်းမပိုဆန်စေပါတယ်။

၇။ အရောင်တောက်တဲ့ ပါးနီ

ပါးနီက မျက်နှာအနေအထားနဲ့ မျက်နှာအသားအရောင်ပေါ်မူတည်ပြီး ရွေးချယ်တဲ့အခါ အလှဆုံးဖြစ်နေမှာပါ။ ပါးနီက ပါးပါးလေးဆိုးလေ လှလေပါပဲ။ ထူပိန်းပိန်းပါးနီက သင့်ကို ချစ်စရာ မကောင်းစေပါဘူး။

၈။ အောက်ခံမိတ်ကပ်ကို အထူကြီးလိမ်းခြင်း

အောက်ခံမိတ်ကပ်ကို အထူကြီးလိမ်းရင် ကွက်တာ၊ မညီတာတွေ ပိုဖြစ်ပါတယ်။ အောက်ခံမိတ်ကပ်ကို BB cream CC cream တို့လို ပေါ့ပေါ့ပါးပါး မိတ်ကပ်ကိုသာ ရွေးချယ်သင့်ပါတယ်။ အဲဒီလို ခရင်မ်တွေက အသားအရေနဲ့ တစ်သားတည်းဖြစ်စေပြီး မျက်နှာအလှကို ပိုပေါ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments