တခါတုန်းက ခရီးသွားနေတဲ့ ခရီးသည် တယောက် ခရီးသွား နေတုန်း ဗြုန်းဆို ကျားတကောင်က လိုက်တယ်။
ကျားက လိုက်တော့ ပြေးမိ ပြေးရာ ပြေးတာ ချောက်ကမ်းပါးရှေ့ ရောက်လာပြီး ရွေးချယ် စရာ မရှိလို့ ခုန်ချ လိုက်ရတယ်။
ခုန်ချတော့ နံရံမှာ ပေါက်နေတဲ့ သစ်ကိုင်းကို ဆွဲမိ လျက်သား ဖြစ်နေတယ်။
အောက်ကို ငုံ့ကြည့် တော့လည်း အဆိပ်ပြင်းတဲ့ မြွေတကောင်က ကိုက်ဖို့ အသင့် ရှိနေတယ်။
သစ်ကိုင်းကို ဆွဲထားခိုက်မှာ ကြွက်ဖြူ ကြွက်မဲ နှစ်ကောင်ကို တွေ့လိုက်ရတယ်။
အဲဒီ ကြွက်ဖြူ ကြွက်မဲ နှစ်ကောင် ကလည်း ဆွဲထားတဲ့ သစ်ကိုင်းကို တဖြည်းဖြည်း ကိုက်ဖြတ်နေတယ်။ မကြာခင် သစ်ကိုင်း ပြတ်ကျတော့မယ်။
ဒီလိုအချိန်မှာ သူဟာ မလှမ်းမကမ်း သစ်ရွက်ပေါ် တင်နေတဲ့ ပျားရည်စက်ကို လှမ်းပြီး လျှက်လို့ အရသာ ခံလိုက် ပါသေးတယ်။
ဒါ ဘာကို ဆိုလိုချင် တာလဲ။ လောကကြီးထဲက "လူသားတွေရဲ့ ဘဝ" ကို ညွှန်းတာ ဖြစ်ပါတယ်။
နောက်က လိုက်လာတဲ့ ကျားက - အိုခြင်း၊ နာခြင်း ပေါ့။ အဆိပ်ပြင်းတဲ့ မြွေ က - သေခြင်းတရား။ သစ်ကိုင်းက - သူ မှီခိုနေတဲ့ ဘဝ။ ကြွက်ဖြူ ကြွက်မဲက - နေ့နဲ့ည။
ချိုမြိန်တဲ့ ပျားရည်စက်က - အာရုံငါးပါး ကာမဂုဏ် တရားတွေ ပါပဲ။ ဒီလောက် ဘေးအန္တရာယ်ထဲ ကျနေတာတောင် သစ်ရွက်ပါ် တင်နေတဲ့ ပျားရည်စက်ကို "ဘဝရဲ့ သာယာမှု" လို့ ထင်ပြီး မိုက်မှားနေ ကြပါတယ်။ အာသာ အလိုဆန္ဒ ကို မဖြတ်နိုင် ကြပါဘူး။ လူ့ဘဝ ဆိုတာလည်း အဲဒီခရီးသည်နဲ့ ဘာမှ မထူးခြား ပါဘူး။
ဆရာတော် အရှင်သီရိကဉ္စနာဘိဝံသ
phoomyatchal
Zawgyi
ကမ္းပါးစြန္းက လူ႔ဘဝ
တခါတုန္းက ခရီးသြားေနတဲ့ ခရီးသည္ တေယာက္ ခရီးသြား ေနတုန္း ျဗဳန္းဆို က်ားတေကာင္က လိုက္တယ္။
က်ားက လိုက္ေတာ့ ေျပးမိ ေျပးရာ ေျပးတာ ေခ်ာက္ကမ္းပါးေရွ႕ ေရာက္လာၿပီး ေ႐ြးခ်ယ္ စရာ မရွိလို႔ ခုန္ခ် လိုက္ရတယ္။
ခုန္ခ်ေတာ့ နံရံမွာ ေပါက္ေနတဲ့ သစ္ကိုင္းကို ဆြဲမိ လ်က္သား ျဖစ္ေနတယ္။
ေအာက္ကို ငုံ႔ၾကည့္ ေတာ့လည္း အဆိပ္ျပင္းတဲ့ ေႁမြတေကာင္က ကိုက္ဖို႔ အသင့္ ရွိေနတယ္။
သစ္ကိုင္းကို ဆြဲထားခိုက္မွာ ႂကြက္ျဖဴ ႂကြက္မဲ ႏွစ္ေကာင္ကို ေတြ႕လိုက္ရတယ္။
အဲဒီ ႂကြက္ျဖဴ ႂကြက္မဲ ႏွစ္ေကာင္ ကလည္း ဆြဲထားတဲ့ သစ္ကိုင္းကို တျဖည္းျဖည္း ကိုက္ျဖတ္ေနတယ္။ မၾကာခင္ သစ္ကိုင္း ျပတ္က်ေတာ့မယ္။
ဒီလိုအခ်ိန္မွာ သူဟာ မလွမ္းမကမ္း သစ္႐ြက္ေပၚ တင္ေနတဲ့ ပ်ားရည္စက္ကို လွမ္းၿပီး လွ်က္လို႔ အရသာ ခံလိုက္ ပါေသးတယ္။
ဒါ ဘာကို ဆိုလိုခ်င္ တာလဲ။ ေလာကႀကီးထဲက "လူသားေတြရဲ႕ ဘဝ" ကို ၫႊန္းတာ ျဖစ္ပါတယ္။
ေနာက္က လိုက္လာတဲ့ က်ားက - အိုျခင္း၊ နာျခင္း ေပါ့။ အဆိပ္ျပင္းတဲ့ ေႁမြ က - ေသျခင္းတရား။ သစ္ကိုင္းက - သူ မွီခိုေနတဲ့ ဘဝ။ ႂကြက္ျဖဴ ႂကြက္မဲက - ေန႔နဲ႔ည။
ခ်ိဳၿမိန္တဲ့ ပ်ားရည္စက္က - အာ႐ုံငါးပါး ကာမဂုဏ္ တရားေတြ ပါပဲ။ ဒီေလာက္ ေဘးအႏၲရာယ္ထဲ က်ေနတာေတာင္ သစ္႐ြက္ပၚ တင္ေနတဲ့ ပ်ားရည္စက္ကို "ဘဝရဲ႕ သာယာမႈ" လို႔ ထင္ၿပီး မိုက္မွားေန ၾကပါတယ္။ အာသာ အလိုဆႏၵ ကို မျဖတ္ႏိုင္ ၾကပါဘူး။ လူ႔ဘဝ ဆိုတာလည္း အဲဒီခရီးသည္နဲ႔ ဘာမွ မထူးျခား ပါဘူး။
ဆရာေတာ္ အရွင္သီရိကၪၥနာဘိဝံသ
phoomyatchal
0 Comments