လှိုင်းမထပါစေနဲ့

တခါက ပညာရှိအဖိုးအို နေထိုင်တဲ့ စမ်းချောင်းလေး ဘေးက အိမ်ကလေးကို လူတယောက် ရောက်လာတယ်။

"အဖိုး၊ ကျနော် အဖိုးကို တခု မေးပါရစေ။ ကျနော်က ဟိုဖက်ခြမ်းမှာ ရှိတဲ့ ရွာကလေးမှာ နေတဲ့ ရွာသား တယောက်ပါ။ ကျနော့်ကို တရွာလုံးက ဝိုင်းနှိမ် ကြပါတယ်။

ကျွန်တော့်ကို ဆင်းရဲ လို့လည်း နှိမ်ကြတယ်၊ ရုပ်ဆိုး လို့လည်း နှိမ်ကြတယ်၊ အရပ်ပု လို့လည်း နှိမ်ကြတယ်၊ ကျွန်တော့်ရဲ့ မျိုးရိုးကိုလည်း နှိမ်ကြတယ်။

ကျွန်တော်က သဘောထား ပြည့်ဝပါတယ်။ ဒါပေမယ့် ကျွန်တော် အရမ်းကို ဒေါသ ထွက်ရပါတယ်။ အဲဒီအတွက် ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာ အဖိုးကို လာမေးတာပါ"

"လူကလေးက တကယ်ရော သဘောထား ပြည့်ဝရဲ့လား" ဆိုပြီး အဖိုးအိုက ပြောပြော ဆိုဆိုနဲ့ ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက် ခေါ်လာခဲ့တယ်။

စမ်းချောင်းအစပ်ကို ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကို ရေဖြည့်ပြီး ကျောက်တုံး တတုံးကို ထည့်လိုက်တယ်။ အဲဒီအခါ ရေတွေဟာ ဇလုံရဲ့ အပြင်ဖက်ကို လျှံကျလာတာ တွေ့လိုက်ရတယ်။

ပြီးတော့ အဖိုးအိုက အရွယ်အစားကြီးတဲ့ ကျောက်တုံး တတုံးကို ယူပြီး စမ်းချောင်းထဲ ပစ်ချလိုက်တယ်။ စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ် ဖြစ်ပြီး ခဏကြာတော့ ငြိမ်သက်သွားတယ်။ အဖိုးက ရွာသားကို ပြောလိုက်တယ်။

"လူကလေးဟာ စမ်းချောင်းထဲက ရေလား၊ ဇလုံထဲက ရေလား။ ကိုယ့်ကိုယ်ကို စမ်းချောင်းထဲက ရေလို့ သဘောထား ခဲ့ရင် ဘာလို့ တဖက်သားက ကျောက်ခဲ သေးသေးလေး ပစ်ထည့်လိုက်တာနဲ့ ဇလုံထဲက ရေလို လျှံကျချင် နေရတာလဲ" ဆိုပြီး သင်ခန်းစာ ပေးလိုက် ပါတော့တယ်။

ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲက ရေလို ကြည်လင် အေးမြနေတယ် ဆိုရင် တပါးသူရဲ့ မနာလို ဝန်တို တိုက်ခိုက်မှု ကျောက်တုံးသေးသေးလေး တွေကြောင့် အနှောက်အယှက် မဖြစ်ပါစေနဲ့။

ပင်ကိုယ်စိတ်ရင်းက ကြည်လင်နေတယ် ဆိုရင် သူတပါးကြောင့် လှိုင်းထတယ် ဆိုရင်လည်း ခဏတာပါပဲ။ ဘယ်တော့မှ ဇလုံထဲက ရေလို လျှံမကျမိ ပါစေနဲ့။ စိတ်သဘောထား ပြည့်ဝတဲ့သူ ဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့် ကိုယ့်စိတ်ကိုယ် လှိုင်းမထစေ ရပါဘူး။ Crd

Zawgyi

လွိုင္းမထပါေစနဲ့

တခါက ပညာရွိအဖိုးအို ေနထိုင္တဲ့ စမ္းေခ်ာင္းေလး ေဘးက အိမ္ကေလးကို လူတေယာက္ ေရာက္လာတယ္။

"အဖိုး၊ က်ေနာ္ အဖိုးကို တခု ေမးပါရေစ။ က်ေနာ္က ဟိုဖက္ျခမ္းမွာ ရွိတဲ့ ႐ြာကေလးမွာ ေနတဲ့ ႐ြာသား တေယာက္ပါ။ က်ေနာ့္ကို တ႐ြာလုံးက ဝိုင္းႏွိမ္ ၾကပါတယ္။

ကြၽန္ေတာ့္ကို ဆင္းရဲ လို႔လည္း ႏွိမ္ၾကတယ္၊ ႐ုပ္ဆိုး လို႔လည္း ႏွိမ္ၾကတယ္၊ အရပ္ပု လို႔လည္း ႏွိမ္ၾကတယ္၊ ကြၽန္ေတာ့္ရဲ႕ မ်ိဳး႐ိုးကိုလည္း ႏွိမ္ၾကတယ္။

ကြၽန္ေတာ္က သေဘာထား ျပည့္ဝပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အရမ္းကို ေဒါသ ထြက္ရပါတယ္။ အဲဒီအတြက္ ဘယ္လို တုန႔္ျပန္ရမလဲ ဆိုတာ အဖိုးကို လာေမးတာပါ"

"လူကေလးက တကယ္ေရာ သေဘာထား ျပည့္ဝရဲ႕လား" ဆိုၿပီး အဖိုးအိုက ေျပာေျပာ ဆိုဆိုနဲ႔ ေဘးနားက ဇလုံကို ယူၿပီး အဲဒီလူကို စမ္းေခ်ာင္းဖက္ ေခၚလာခဲ့တယ္။

စမ္းေခ်ာင္းအစပ္ကို ေရာက္တဲ့အခါ အဖိုးအိုက ဇလုံထဲကို ေရျဖည့္ၿပီး ေက်ာက္တုံး တတုံးကို ထည့္လိုက္တယ္။ အဲဒီအခါ ေရေတြဟာ ဇလုံရဲ႕ အျပင္ဖက္ကို လွ်ံက်လာတာ ေတြ႕လိုက္ရတယ္။

ၿပီးေတာ့ အဖိုးအိုက အ႐ြယ္အစားႀကီးတဲ့ ေက်ာက္တုံး တတုံးကို ယူၿပီး စမ္းေခ်ာင္းထဲ ပစ္ခ်လိုက္တယ္။ စမ္းေခ်ာင္းထဲမွာ လႈိင္းအနည္းငယ္ ျဖစ္ၿပီး ခဏၾကာေတာ့ ၿငိမ္သက္သြားတယ္။ အဖိုးက ႐ြာသားကို ေျပာလိုက္တယ္။

"လူကေလးဟာ စမ္းေခ်ာင္းထဲက ေရလား၊ ဇလုံထဲက ေရလား။ ကိုယ့္ကိုယ္ကို စမ္းေခ်ာင္းထဲက ေရလို႔ သေဘာထား ခဲ့ရင္ ဘာလို႔ တဖက္သားက ေက်ာက္ခဲ ေသးေသးေလး ပစ္ထည့္လိုက္တာနဲ႔ ဇလုံထဲက ေရလို လွ်ံက်ခ်င္ ေနရတာလဲ" ဆိုၿပီး သင္ခန္းစာ ေပးလိုက္ ပါေတာ့တယ္။

ကိုယ့္ရဲ႕ ပင္ကိုယ္စိတ္ရင္းဟာ စမ္းေခ်ာင္းထဲက ေရလို ၾကည္လင္ ေအးျမေနတယ္ ဆိုရင္ တပါးသူရဲ႕ မနာလို ဝန္တို တိုက္ခိုက္မႈ ေက်ာက္တုံးေသးေသးေလး ေတြေၾကာင့္ အေႏွာက္အယွက္ မျဖစ္ပါေစနဲ႔။

ပင္ကိုယ္စိတ္ရင္းက ၾကည္လင္ေနတယ္ ဆိုရင္ သူတပါးေၾကာင့္ လႈိင္းထတယ္ ဆိုရင္လည္း ခဏတာပါပဲ။ ဘယ္ေတာ့မွ ဇလုံထဲက ေရလို လွ်ံမက်မိ ပါေစနဲ႔။ စိတ္သေဘာထား ျပည့္ဝတဲ့သူ ဆိုတာ သူတပါးရဲ႕ အျပဳအမူ ေစာ္ကားမႈေၾကာင့္ ကိုယ့္စိတ္ကိုယ္ လႈိင္းမထေစ ရပါဘူး။ Crd

Post a Comment

0 Comments