ကျေးဇူးသိတတ်သူ

တခါတုန်းက ပျားတကောင်ဟာ ပျံသန်းရင်း ကံမကောင်း စွာဘဲ စီဆင်း နေသော မြစ်ထဲသို့ ပြုတ်ကျ သွားလေသည်။ သူသည် ပြင်းထန်သော ရေစီးကြောင်းအား အံမတုနိုင်။

ထိုအချိန် ၌ပင် ချိုးဌက် သည်လည်း ကောင်းကင်၌ ပျံသန်းရင်း ဒုက္ခရောက် နေသော ပျားအား မြင်လိုက်ရာ စိတ်မကောင်း စွာဖြင့် ကူညီမည် ဟု ဆုံးဖြတ်လိုက် လေသည်။

ထိုသို့ ဆုံးဖြတ်ပြီး သစ်ပင် တပင်မှ သစ်ရွက်အား ခူး၍ ပျားနားသို့ သွားချပေး လိုက်ရာ ပျားသည် ထိုသစ်ရွက် ပေါ်သို့ တက်၍ သူ၏ ရေစိုနေသော အတောင် များကို ခါကာ ကောင်းကင်သို့ ပျံသန်း သွားလေသည်။

ရက်အနည်းငယ် ကြာသော အခါ ပျားသည် မိမိ နေထိုင်ရာ ပျားအုံ အပေါ်မှ သေနတ် ကိုင်လာသော မုဆိုးများကို တွေ့လေသည်။

ပျားသည် ချိုးဌက်၏ အကြီးမားဆုံး အန္တရာယ်မှာ မုဆိုးများ ဖြစ်ကြောင်း သိရှိလေသည်။

သို့သော်လည်း ချိုးဌက်အား သွားရောက် သတိပေး ပြောကြား ရန်လည်း အချိန် မမှီတော့ပေ။

ထို့ကြောင့် ပျားသည် မုဆိုး၏ သေနတ်ကိုင် ထားသော လက်ကို သူ၏ အပေါင်းအဖော် ပျားများဖြင့် ဝိုင်း၍ တိုက်ခိုက်ကြ လေသည်။

ထိုအခါ မုဆိုးသည် အလွန်နာကျင်သော ဝေဒနာကို ခံစားရကာ တောအုပ် အတွင်းမှ ပြန်လည် ထွက်ခွာ သွားလေသည်။

ထိုအခါ ချိုးဌက်လည်း မုဆိုး၏ အန္တရာယ်မှ လွတ်မြောက် သွားလေတော့သည်။

မိမိအပေါ်သို့ ကျေးဇူး ရှိဖူးသူ ချိူးငှက်အား ကျေးဇူး မကန်းဘဲ အခွင့်ကြုံသည့် အခါ၌ ပြန်လည် ကူညီတတ်သာ ပျား၏ စိတ်ဓိတ်က အတုယူစရာ ဖြစ်ပေသည်။ Crd

Zawgyi

ေက်းဇူးသိတတ္သူ

တခါတုန္းက ပ်ားတေကာင္ဟာ ပ်ံသန္းရင္း ကံမေကာင္း စြာဘဲ စီဆင္း ေနေသာ ျမစ္ထဲသို႔ ျပဳတ္က် သြားေလသည္။ သူသည္ ျပင္းထန္ေသာ ေရစီးေၾကာင္းအား အံမတုႏိုင္။

ထိုအခ်ိန္ ၌ပင္ ခ်ိဳးဌက္ သည္လည္း ေကာင္းကင္၌ ပ်ံသန္းရင္း ဒုကၡေရာက္ ေနေသာ ပ်ားအား ျမင္လိုက္ရာ စိတ္မေကာင္း စြာျဖင့္ ကူညီမည္ ဟု ဆုံးျဖတ္လိုက္ ေလသည္။

ထိုသို႔ ဆုံးျဖတ္ၿပီး သစ္ပင္ တပင္မွ သစ္႐ြက္အား ခူး၍ ပ်ားနားသို႔ သြားခ်ေပး လိုက္ရာ ပ်ားသည္ ထိုသစ္႐ြက္ ေပၚသို႔ တက္၍ သူ၏ ေရစိုေနေသာ အေတာင္ မ်ားကို ခါကာ ေကာင္းကင္သို႔ ပ်ံသန္း သြားေလသည္။

ရက္အနည္းငယ္ ၾကာေသာ အခါ ပ်ားသည္ မိမိ ေနထိုင္ရာ ပ်ားအုံ အေပၚမွ ေသနတ္ ကိုင္လာေသာ မုဆိုးမ်ားကို ေတြ႕ေလသည္။

ပ်ားသည္ ခ်ိဳးဌက္၏ အႀကီးမားဆုံး အႏၲရာယ္မွာ မုဆိုးမ်ား ျဖစ္ေၾကာင္း သိရွိေလသည္။

သို႔ေသာ္လည္း ခ်ိဳးဌက္အား သြားေရာက္ သတိေပး ေျပာၾကား ရန္လည္း အခ်ိန္ မမွီေတာ့ေပ။

ထို႔ေၾကာင့္ ပ်ားသည္ မုဆိုး၏ ေသနတ္ကိုင္ ထားေသာ လက္ကို သူ၏ အေပါင္းအေဖာ္ ပ်ားမ်ားျဖင့္ ဝိုင္း၍ တိုက္ခိုက္ၾက ေလသည္။

ထိုအခါ မုဆိုးသည္ အလြန္နာက်င္ေသာ ေဝဒနာကို ခံစားရကာ ေတာအုပ္ အတြင္းမွ ျပန္လည္ ထြက္ခြာ သြားေလသည္။

ထိုအခါ ခ်ိဳးဌက္လည္း မုဆိုး၏ အႏၲရာယ္မွ လြတ္ေျမာက္ သြားေလေတာ့သည္။

မိမိအေပၚသို႔ ေက်းဇူး ရွိဖူးသူ ခ်ိဴးငွက္အား ေက်းဇူး မကန္းဘဲ အခြင့္ႀကဳံသည့္ အခါ၌ ျပန္လည္ ကူညီတတ္သာ ပ်ား၏ စိတ္ဓိတ္က အတုယူစရာ ျဖစ္ေပသည္။ Crd

Post a Comment

0 Comments