ကြိုးမဲ့သွားသောစွန်

တခါက သားအဖ နှစ်ယောက် ကွင်းပြင်ထဲမှာ စွန်လွှတ် ကြပါတယ်။ စွန်က လေထဲမှာ မြင့်မြင့် ပျံသန်း နေတော့ သားဖြစ်သူက အရမ်း ပျော်ရွှင် နေပါတယ်။

ပြီးတော့ အဖေဖြစ်သူကို "ဖေဖေ။ စွန် အမြင့်ကြီး ပြန်လို့ ရအောင် ကြိုးဖြတ်ပေး လိုက်ပါလား။ ကြိုးက ဆွဲထားတော့ စွန်က အမြင့်ကြီး ပြန်လို့ မရဘူး ဖြစ်နေတယ်" လို့ ပြောတယ်။

အဖေဖြစ်သူလည်း သားပြောသလို ကြိုးကို ဖြတ်ပေးလိုက် ပါတယ်။ ကြိုးလွတ် သွားတဲ့ စွန်က လေဟုန်နဲ့ အမြင့်ကို လွင့်ပျံ သွားပါတယ်။

သားဖြစ်သူက စွန်ကို ကြည့်ပြီး ပျော်ရွှင် နေပါတယ်။ ဒါပေမယ့် ခဏကြာတော့ စွန်က အောက်ပြုတ်ကျ လာပြီး သစ်ပင်ပေါ်မှာ တင်သွားပါတယ်။

သားဖြစ်သူက "ဖေဖေ စွန်က ဘာဖြစ်လို့ အမြင့်ကို ဆက်မပြန်ပဲ အောက်ကျလာ တာလဲ။ သားတို့ ကြိုးဖြတ်ပေး လိုက်ပြီလေ" လို့ မေးပါတယ်။

အဖေက "ဒီလိုသားရဲ့။ သားရဲ့ အမြင်မှာ ကြိုးက စွန်ကို ချည်နှောင် ထားတယ်လို့ မြင်နေတာကိုး။

အမှန်မှာက ကြိုးက စွန်ကို မြင့်မြင့် ပျံသန်းနိုင်အောင် ထိန်းကျောင်း ပေးနေတာ သားရဲ့။

ကြိုး မရှိတော့တဲ့ စွန်က အထိန်းအကွတ် မဲ့ပြီး အောက်ကို ပြုတ်ကျလာ တာပေါ့" လို့ ပြောလိုက်ပါတယ်။

လူ့ဘဝ မှာလည်း အတူတူပါပဲ။ တခါတလေ မိမိရဲ့ အောင်မြင်မှုကို အတားအဆီး ဖြစ်နေတယ် ဆိုပြီး ထင်ရတဲ့ အရာတွေ ရှိပါတယ်။

ဒါပေမယ့် သေချာ ပြန်သုံးသပ်ရင် ဒီအရာတွေက မိမိကို ပိုမို အောင်မြင်အောင် ထိန်းကွပ် ပေးနေတယ် ဆိုတာ မြင်တွေ့ နိုင်ပါတယ်။ Crd 12PlusMyanmar

Zawgyi

ႀကိဳးမဲ့သြားေသာစြန္

တခါက သားအဖ ႏွစ္ေယာက္ ကြင္းျပင္ထဲမွာ စြန္လႊတ္ ၾကပါတယ္။ စြန္က ေလထဲမွာ ျမင့္ျမင့္ ပ်ံသန္း ေနေတာ့ သားျဖစ္သူက အရမ္း ေပ်ာ္႐ႊင္ ေနပါတယ္။

ၿပီးေတာ့ အေဖျဖစ္သူကို "ေဖေဖ။ စြန္ အျမင့္ႀကီး ျပန္လို႔ ရေအာင္ ႀကိဳးျဖတ္ေပး လိုက္ပါလား။ ႀကိဳးက ဆြဲထားေတာ့ စြန္က အျမင့္ႀကီး ျပန္လို႔ မရဘူး ျဖစ္ေနတယ္" လို႔ ေျပာတယ္။

အေဖျဖစ္သူလည္း သားေျပာသလို ႀကိဳးကို ျဖတ္ေပးလိုက္ ပါတယ္။ ႀကိဳးလြတ္ သြားတဲ့ စြန္က ေလဟုန္နဲ႔ အျမင့္ကို လြင့္ပ်ံ သြားပါတယ္။

သားျဖစ္သူက စြန္ကို ၾကည့္ၿပီး ေပ်ာ္႐ႊင္ ေနပါတယ္။ ဒါေပမယ့္ ခဏၾကာေတာ့ စြန္က ေအာက္ျပဳတ္က် လာၿပီး သစ္ပင္ေပၚမွာ တင္သြားပါတယ္။

သားျဖစ္သူက "ေဖေဖ စြန္က ဘာျဖစ္လို႔ အျမင့္ကို ဆက္မျပန္ပဲ ေအာက္က်လာ တာလဲ။ သားတို႔ ႀကိဳးျဖတ္ေပး လိုက္ၿပီေလ" လို႔ ေမးပါတယ္။

အေဖက "ဒီလိုသားရဲ႕။ သားရဲ႕ အျမင္မွာ ႀကိဳးက စြန္ကို ခ်ည္ေႏွာင္ ထားတယ္လို႔ ျမင္ေနတာကိုး။

အမွန္မွာက ႀကိဳးက စြန္ကို ျမင့္ျမင့္ ပ်ံသန္းႏိုင္ေအာင္ ထိန္းေက်ာင္း ေပးေနတာ သားရဲ႕။

ႀကိဳး မရွိေတာ့တဲ့ စြန္က အထိန္းအကြတ္ မဲ့ၿပီး ေအာက္ကို ျပဳတ္က်လာ တာေပါ့" လို႔ ေျပာလိုက္ပါတယ္။

လူ႔ဘဝ မွာလည္း အတူတူပါပဲ။ တခါတေလ မိမိရဲ႕ ေအာင္ျမင္မႈကို အတားအဆီး ျဖစ္ေနတယ္ ဆိုၿပီး ထင္ရတဲ့ အရာေတြ ရွိပါတယ္။

ဒါေပမယ့္ ေသခ်ာ ျပန္သုံးသပ္ရင္ ဒီအရာေတြက မိမိကို ပိုမို ေအာင္ျမင္ေအာင္ ထိန္းကြပ္ ေပးေနတယ္ ဆိုတာ ျမင္ေတြ႕ ႏိုင္ပါတယ္။ Crd 12PlusMyanmar

Post a Comment

0 Comments