ကတိတခု၏ တန်ဘိုး

အရမ်းအေးတဲ့ ညတညမှာ ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ် အဝတ် ပါးပါးလေး ဝတ်ပြီး မတ်တတ် ရပ်နေတဲ့ ကင်းသမား အဖိုးအိုကို တွေ့လေသည်။

ထိုအခါ ဘုရင်ကြီးသည် အဖိုးအိုနား ကပ်၍ မေးလေသည်။ "အဖို့ အအေးဒဏ် မခံရဘူးလား၊ မအေးဘူးလား"

အဖိုးအိုက ပြန်ဖြေလေသည်။ "ဘုရင်ကြီး အရမ်း အေးပေမယ့်လည်း ဝတ်စရာ အနွေးထည် ကျွန်ုပ်မှာ မရှိပါဘူး။ ဒါကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေယုံမှ အပ တခြား လွတ်မြောက်စရာ နည်းလမ်း မရှိပါ"

ဘုရင်ကြီးက မိန့်လေသည်။ "ကဲ ကောင်းပြီ။ ကျွန်တော် ယခု နန်းတော်ထဲ သွားပြီး အစေခံ တယောက်ကို အဖိုးကို အနွေးထည် ပေးရန် လွှတ်လိုက်ပါမည်"

ကင်းသမား အဖိုးအိုသည် ဘုရင်ကြီး၏ ကတိစကား ကြားသောအခါ အတိုင်းမသိ ဝမ်းသာ သွားလေသည်။

ဒါပေမဲ့လည်း ဘုရင်ကြီးသည် နန်းတွင်းသို့ ရောက်ပြီး သည်နှင့် မိမိ ကတိစကားကို မေ့သွား လေသည်။

မနက်လင်းသော် ကင်းသမား အဖိုးအို သေဆုံးနေပြီး သူ၏ အနားတွင် တုန်ရီနေသော လက်ရေးဖြင့် စာလေး တစောင် ရေးထားခဲ့သည်ကို တွေ့ရလေသည်။

စာထဲ ရေးထားသည်မှာ "ကျွန်ုပ်သည် နေ့စဉ် နေ့တိုင် အအေးဒဏ်ကို ခံရင်း ကျော်ဖြတ်ခဲ့သည်။

သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို အနွေးထည် ပေးမည် ဆိုသော ကတိစကားသည် ကျွန်ုပ်ရဲ့ အအေးဒဏ် ခံနိုင်စွမ်းကို ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်"

တခါတလေမှာ ကိုယ့်ရဲ့ ပေါ့ပျက်ပျက် ကတိစကားဟာ သူတပါးကို ဒုက္ခ ရောက်စေ နိုင်ပါတယ်။ ဒါကြောင့် ကတိ တခုကို လွယ်လွယ်နဲ့ မပေးမိပါစေနဲ့။ ပေးပြီးသား ကတိကိုလည်း မဖျက်လိုက်ပါနဲ့။ Crd

Zawgyi

ကတိတခု၏ တန္ဘိုး

အရမ္းေအးတဲ့ ညတညမွာ ဘုရင္ႀကီးသည္ မိမိရဲ႕ နန္းေတာ္ကို ျပန္လာခဲ့စဥ္ အဝတ္ ပါးပါးေလး ဝတ္ၿပီး မတ္တတ္ ရပ္ေနတဲ့ ကင္းသမား အဖိုးအိုကို ေတြ႕ေလသည္။

ထိုအခါ ဘုရင္ႀကီးသည္ အဖိုးအိုနား ကပ္၍ ေမးေလသည္။ "အဖို႔ အေအးဒဏ္ မခံရဘူးလား၊ မေအးဘူးလား"

အဖိုးအိုက ျပန္ေျဖေလသည္။ "ဘုရင္ႀကီး အရမ္း ေအးေပမယ့္လည္း ဝတ္စရာ အေႏြးထည္ ကြၽႏ္ုပ္မွာ မရွိပါဘူး။ ဒါေၾကာင့္ ကြၽႏ္ုပ္အဖို႔ အေအးဒဏ္ကို ခံေနယုံမွ အပ တျခား လြတ္ေျမာက္စရာ နည္းလမ္း မရွိပါ"

ဘုရင္ႀကီးက မိန႔္ေလသည္။ "ကဲ ေကာင္းၿပီ။ ကြၽန္ေတာ္ ယခု နန္းေတာ္ထဲ သြားၿပီး အေစခံ တေယာက္ကို အဖိုးကို အေႏြးထည္ ေပးရန္ လႊတ္လိုက္ပါမည္"

ကင္းသမား အဖိုးအိုသည္ ဘုရင္ႀကီး၏ ကတိစကား ၾကားေသာအခါ အတိုင္းမသိ ဝမ္းသာ သြားေလသည္။

ဒါေပမဲ့လည္း ဘုရင္ႀကီးသည္ နန္းတြင္းသို႔ ေရာက္ၿပီး သည္ႏွင့္ မိမိ ကတိစကားကို ေမ့သြား ေလသည္။

မနက္လင္းေသာ္ ကင္းသမား အဖိုးအို ေသဆုံးေနၿပီး သူ၏ အနားတြင္ တုန္ရီေနေသာ လက္ေရးျဖင့္ စာေလး တေစာင္ ေရးထားခဲ့သည္ကို ေတြ႕ရေလသည္။

စာထဲ ေရးထားသည္မွာ "ကြၽႏ္ုပ္သည္ ေန႔စဥ္ ေန႔တိုင္ အေအးဒဏ္ကို ခံရင္း ေက်ာ္ျဖတ္ခဲ့သည္။

သို႔ေသာ္ ဘုရင္ႀကီး ကြၽႏ္ုပ္ကို အေႏြးထည္ ေပးမည္ ဆိုေသာ ကတိစကားသည္ ကြၽႏ္ုပ္ရဲ႕ အေအးဒဏ္ ခံႏိုင္စြမ္းကို ႐ုတ္သိမ္း၍ ေနာက္ဆုံး ကြၽႏ္ုပ္ကို ေသေစခဲ့သည္"

တခါတေလမွာ ကိုယ့္ရဲ႕ ေပါ့ပ်က္ပ်က္ ကတိစကားဟာ သူတပါးကို ဒုကၡ ေရာက္ေစ ႏိုင္ပါတယ္။ ဒါေၾကာင့္ ကတိ တခုကို လြယ္လြယ္နဲ႔ မေပးမိပါေစနဲ႔။ ေပးၿပီးသား ကတိကိုလည္း မဖ်က္လိုက္ပါနဲ႔။ Crd

Post a Comment

0 Comments