မပြုသင့်သောကံ

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အိမ်ရှင် ယောက်ျား တယောက်ဟာ ညဉ့်တချက်တီး လောက်မှာ ဝမ်းသွားချင် လွန်းလို့ အိပ်ရာက နိုးလာပါတယ်။

လမိုက်ည ကလည်း ဖြစ်နေတော့ အပြင်လည်း မထွက်ချင်၊ ဝမ်းကလည်း အလွန် သွားချင်နေတော့ ဘုရားစင်ပေါ်က ညောင်ရေအိုးကြီးကို လှမ်းကြည့်ပြီး "ညောင်ရေအိုးကြီး ကလည်း ဟောင်းလှပါပြီ၊ မနက်မှ အသစ်ဝယ် ကပ်လိုက်ပါမယ်" လို့ တွေးမိပြီး ဘုရားညောင်ရေအိုးထဲ မစင်စွန့်လိုက် ပါတယ်။

မနက်မိုးလင်းလို့ ညောင်ရေအိုး စွန့်ဘို့ အလုပ်မှာ ညောင်ရေအိုးထဲမှာ မစင်တွေ အစား ရွှေမန်ကျီးတောင့်တွေ ဖြစ်နေသတဲ့။

အဲဒီသတင်းဟာ တရွာလုံး ပြန့်နှံ့ သွားပြီး ညဉ့်တချက်တီးမှာ အိမ်ရှင် ယောက်ျားတွေဟာ ဘုရားညောင်ရေအိုးထဲ မစင့်စွန့်ကြ၊ မနက် ရွှေမကျီးတောင့်တွေ ရကြနဲ့ တရွာလုံး သူဌေးတွေ ဖြစ်ကုန်ကြ သတဲ့။

ဒါပေမဲ့ အဲဒီရွာထဲက အိမ်တအိမ် ကတော့ အိမ်ရှင်ယောက်ျားက ခရီးသွားနေလို့ ရွှေမန်ကျီးတောင့် မရသေးဘူး ဖြစ်နေတယ်တဲ့။ နောက် သုံးလေးရက် အကြာ အိမ်ရှင်ယောက်ျား ပြန်လာတော့ မိန်းမဖြစ်သူက "ရှင့်မယ်လည်း ခရီးသွားတာ ကြာလိုက်တာတော်" လို့ ပြောပြီး ရွာထဲက အဖြစ်တွေကို ပြောပြတယ်တဲ့။

မိန်းမရဲ့ စကားလည်း ဆုံးရော အိမ်ရှင်ယောက်ျားက "ကဲ ရှင်မ ယူစရာရှိတာ ယူ၊ ကလေးတွေ ခေါ်၊ ကျုပ်တို့ ဒီရွာက အမြန်ဆုံးထွက်ကြမှ ဖြစ်မယ်" လို့ ပြောသတဲ့။

မိန်းမက "ဘယ့်နှယ် ကျုပ်တို့ ရွှေမကျီးတောင့် မရသေးဘူးလေ" လို့ ပြောပေမယ့် ယောက်ျား ကြောက်ရသူမို့ ယောက်ျားပြောတဲ့ အတိုင်း အထုပ်တွေ ထုပ်ပြီး ကလေးတွေ လက်ဆွဲပြီး ရွာအပြင်ဘက်ကို အပြေးထွက်ခဲ့ကြ ပါသတဲ့။

သူတို့ မိသားစုလည်း ရွာအပြင်ဘက် ရောက်ရော ရွာထဲက "ဝုန်း" ဆိုတဲ့ ကြီးမားတဲ့ အသံကြီး ကြားလို့ လှည့်ကြည့်တော့ တရွာလုံး မြေမျိုပြီး သေဆုံးကုန် ကြသတဲ့။

တကယ်တော့ မလုပ်သင့် မလုပ်အပ်တာ လုပ်တဲ့ အတွက် တရွာလုံး မြေမျိုဖို့ ဖြစ်နေတာပါ။ ခရီးသွားတဲ့ အိမ်ရှင်ယောက်ျား တယောက် လိုနေသေးတဲ့ အတွက် ကံကြမ္မာက တရားသဖြင့် ရှိဖို့ စောင့်နေခဲ့ တာပါ။

မလုပ်သင့်တာ မလုပ်ဘူး ဆိုတဲ့ ခရီးသွား အိမ်ရှင်ယောက်ျားရဲ့ ဆုံးဖြတ်ချက်က သူတို့မိသားစု အသက်ကို ကယ်တင်လိုက်တာပါ။ ဒီပုံပြင်လေးက အများ မိုးခါးရေ သောက်တိုင်း ကိုယ် လိုက်မသောက်မိဖို့နဲ့ မလုပ်သင့်တဲ့ အကုသိုလ် အလုပ်တွေ မလုပ်မိ ကြစေဖို့ သတိပေးနေတာ ဖြစ်ပါတယ်။ Crd

Zawgyi

မျပုသင့္ေသာကံ

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာမွာ အိမ္ရွင္ ေယာက္်ား တေယာက္ဟာ ညဥ့္တခ်က္တီး ေလာက္မွာ ဝမ္းသြားခ်င္ လြန္းလို႔ အိပ္ရာက ႏိုးလာပါတယ္။

လမိုက္ည ကလည္း ျဖစ္ေနေတာ့ အျပင္လည္း မထြက္ခ်င္၊ ဝမ္းကလည္း အလြန္ သြားခ်င္ေနေတာ့ ဘုရားစင္ေပၚက ေညာင္ေရအိုးႀကီးကို လွမ္းၾကည့္ၿပီး "ေညာင္ေရအိုးႀကီး ကလည္း ေဟာင္းလွပါၿပီ၊ မနက္မွ အသစ္ဝယ္ ကပ္လိုက္ပါမယ္" လို႔ ေတြးမိၿပီး ဘုရားေညာင္ေရအိုးထဲ မစင္စြန႔္လိုက္ ပါတယ္။

မနက္မိုးလင္းလို႔ ေညာင္ေရအိုး စြန႔္ဘို႔ အလုပ္မွာ ေညာင္ေရအိုးထဲမွာ မစင္ေတြ အစား ေ႐ႊမန္က်ီးေတာင့္ေတြ ျဖစ္ေနသတဲ့။

အဲဒီသတင္းဟာ တ႐ြာလုံး ျပန႔္ႏွံ႔ သြားၿပီး ညဥ့္တခ်က္တီးမွာ အိမ္ရွင္ ေယာက္်ားေတြဟာ ဘုရားေညာင္ေရအိုးထဲ မစင့္စြန႔္ၾက၊ မနက္ ေ႐ႊမက်ီးေတာင့္ေတြ ရၾကနဲ႔ တ႐ြာလုံး သူေဌးေတြ ျဖစ္ကုန္ၾက သတဲ့။

ဒါေပမဲ့ အဲဒီ႐ြာထဲက အိမ္တအိမ္ ကေတာ့ အိမ္ရွင္ေယာက္်ားက ခရီးသြားေနလို႔ ေ႐ႊမန္က်ီးေတာင့္ မရေသးဘူး ျဖစ္ေနတယ္တဲ့။ ေနာက္ သုံးေလးရက္ အၾကာ အိမ္ရွင္ေယာက္်ား ျပန္လာေတာ့ မိန္းမျဖစ္သူက "ရွင့္မယ္လည္း ခရီးသြားတာ ၾကာလိုက္တာေတာ္" လို႔ ေျပာၿပီး ႐ြာထဲက အျဖစ္ေတြကို ေျပာျပတယ္တဲ့။

မိန္းမရဲ႕ စကားလည္း ဆုံးေရာ အိမ္ရွင္ေယာက္်ားက "ကဲ ရွင္မ ယူစရာရွိတာ ယူ၊ ကေလးေတြ ေခၚ၊ က်ဳပ္တို႔ ဒီ႐ြာက အျမန္ဆုံးထြက္ၾကမွ ျဖစ္မယ္" လို႔ ေျပာသတဲ့။

မိန္းမက "ဘယ့္ႏွယ္ က်ဳပ္တို႔ ေ႐ႊမက်ီးေတာင့္ မရေသးဘူးေလ" လို႔ ေျပာေပမယ့္ ေယာက္်ား ေၾကာက္ရသူမို႔ ေယာက္်ားေျပာတဲ့ အတိုင္း အထုပ္ေတြ ထုပ္ၿပီး ကေလးေတြ လက္ဆြဲၿပီး ႐ြာအျပင္ဘက္ကို အေျပးထြက္ခဲ့ၾက ပါသတဲ့။

သူတို႔ မိသားစုလည္း ႐ြာအျပင္ဘက္ ေရာက္ေရာ ႐ြာထဲက "ဝုန္း" ဆိုတဲ့ ႀကီးမားတဲ့ အသံႀကီး ၾကားလို႔ လွည့္ၾကည့္ေတာ့ တ႐ြာလုံး ေျမမ်ိဳၿပီး ေသဆုံးကုန္ ၾကသတဲ့။

တကယ္ေတာ့ မလုပ္သင့္ မလုပ္အပ္တာ လုပ္တဲ့ အတြက္ တ႐ြာလုံး ေျမမ်ိဳဖို႔ ျဖစ္ေနတာပါ။ ခရီးသြားတဲ့ အိမ္ရွင္ေယာက္်ား တေယာက္ လိုေနေသးတဲ့ အတြက္ ကံၾကမၼာက တရားသျဖင့္ ရွိဖို႔ ေစာင့္ေနခဲ့ တာပါ။

မလုပ္သင့္တာ မလုပ္ဘူး ဆိုတဲ့ ခရီးသြား အိမ္ရွင္ေယာက္်ားရဲ႕ ဆုံးျဖတ္ခ်က္က သူတို႔မိသားစု အသက္ကို ကယ္တင္လိုက္တာပါ။ ဒီပုံျပင္ေလးက အမ်ား မိုးခါးေရ ေသာက္တိုင္း ကိုယ္ လိုက္မေသာက္မိဖို႔နဲ႔ မလုပ္သင့္တဲ့ အကုသိုလ္ အလုပ္ေတြ မလုပ္မိ ၾကေစဖို႔ သတိေပးေနတာ ျဖစ္ပါတယ္။

Post a Comment

0 Comments