တခါတုန်းက အလုပ်သမား တယောက်ဟာ လုပ်ငန်းခွင် တခုမှာ မကျေမနပ် ဖြစ်နေတယ်။
တရက်မှာ သူဟာ သူ့ရဲ့ မကျေနပ်ချက် တွေကို သူ့ သူငယ်ချင်း ဆီမှာ ရင်ဖွင့်တယ်။
"သူငယ်ချင်းရာ၊ အလုပ်က ငါတို့ လုပ်ရတာ အချီးမွမ်း ခံရတော့ ဟို အဖွဲ့ ခေါင်းဆောင်က။
အခုဆို သူက မန်နေဂျာ ရာထူးတောင် တက်သွားပြီ။ မတရားဘူးကွာ၊ ဒါ လုံးဝ မတရားဘူး"
သူ့ သူငယ်ချင်းက ရယ်ပြီး သူ့ကို ပြန်ပြောတယ်။
"သူငယ်ချင်း၊ အခု မင်း လက်ပတ် နာရီကို မင်း ငုံ့ကြည့်လိုက် ပါအုံး။
နာရီ လက်တံ အတိုကို အရင် ကြည့်ပြီးမှ အရှည်ကို ကြည့်တာ မဟုတ်လား။
အလုပ် လုပ်နေတဲ့ စက္ကန့် လက်တံကို မင်း တချက် လေးမှ မကြည့်မိဘူး မဟုတ်လား"
ဘဝမှာ မိမိဟာ စက္ကန့် လက်တံ နေရာမှာ ရှိနေ သရွေ့ မကျေနပ်ချက် တိုင်းဟာ အလကားပါ။ အပို အလုပ် တခုပါ။
စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီလက်တံ သို့ တက်လှမ်း နိုင်အောင် အရင် ကြိုးစားပါ။
Crd, phoomyatchal
Zawgyi
နာရီလက္တံ ျဖစ္ဖို႔လိုတယ္
တခါတုန္းက အလုပ္သမား တေယာက္ဟာ လုပ္ငန္းခြင္ တခုမွာ မေက်မနပ္ ျဖစ္ေနတယ္။
တရက္မွာ သူဟာ သူ႔ရဲ႕ မေက်နပ္ခ်က္ ေတြကို သူ႔ သူငယ္ခ်င္း ဆီမွာ ရင္ဖြင့္တယ္။
"သူငယ္ခ်င္းရာ၊ အလုပ္က ငါတို႔ လုပ္ရတာ အခ်ီးမြမ္း ခံရေတာ့ ဟို အဖြဲ႕ ေခါင္းေဆာင္က။
အခုဆို သူက မန္ေနဂ်ာ ရာထူးေတာင္ တက္သြားၿပီ။ မတရားဘူးကြာ၊ ဒါ လုံးဝ မတရားဘူး"
သူ႔ သူငယ္ခ်င္းက ရယ္ၿပီး သူ႔ကို ျပန္ေျပာတယ္။
"သူငယ္ခ်င္း၊ အခု မင္း လက္ပတ္ နာရီကို မင္း ငုံ႔ၾကည့္လိုက္ ပါအုံး။
နာရီ လက္တံ အတိုကို အရင္ ၾကည့္ၿပီးမွ အရွည္ကို ၾကည့္တာ မဟုတ္လား။
အလုပ္ လုပ္ေနတဲ့ စကၠန႔္ လက္တံကို မင္း တခ်က္ ေလးမွ မၾကည့္မိဘူး မဟုတ္လား"
ဘဝမွာ မိမိဟာ စကၠန႔္ လက္တံ ေနရာမွာ ရွိေန သေ႐ြ႕ မေက်နပ္ခ်က္ တိုင္းဟာ အလကားပါ။ အပို အလုပ္ တခုပါ။
စကၠန႔္မွ မိနစ္၊ မိနစ္မွ နာရီလက္တံ သို႔ တက္လွမ္း ႏိုင္ေအာင္ အရင္ ႀကိဳးစားပါ။
Crd, phoomyatchal
0 Comments