ဉာဏ်ပညာနဲ့ အနိုင်ယူပါ

တခါတုန်းက ရွာတရွာမှာ ကြက်ဖကြီးတကောင် ရှိပါတယ်။ ကြက်ဖကြီးဟာ မနက်ခင်းမှာ စောစော ထပြီး တွန်သံ ပေးရတဲ့ သူ့ရဲ့ တာဝန်ကို သူ ကျေပွန် ပါတယ်။

တနေ့မှာတော့ ကြက်ဖကြီးဟာ သစ်ပင် ထိပ်ဖျားမှာ နားနေတုန်း မြေခွေးတကောင်က သူ့အနားကို ရောက်လာပါတယ်။ မြေခွေးက ကြက်ဖကြီးကို မြင်လိုက်တဲ့ အခါ ကြက်ဖကြီးကို စားဖို့ ကြံပါတော့တယ်။ အဲဒါကြောင့် မြေခွေးက ချိုသာတဲ့ အသံနဲ့ ကြက်ဖကြီးကို စကားပြော ပါတော့တယ်။

"အဆွေ ကြက်ဖကြီး၊ မင်းဆီကို ကောင်းကင်ဘုံက သတင်းတခု လာပြောပြတာ၊ ငှက်တွေ အားလုံးနဲ့ တိရိစ္ဆာန် တွေဟာ မိတ်ဆွေ ဖြစ်ပြီး ငြိမ်းချမ်းစွာ အတူနေထိုင် ကြရမယ်တဲ့" လို့ မြေခွေးက ပြောလိုက် ပါတယ်။

ထိုအခါ ကြက်ဖကြီးက "အဲဒါ တကယ်ပဲလား" လို့ ပြန်မေးပါတယ်။ မြေခွေးက "ဟုတ်တာပေါ့ တကယ် ပြောတာပါ။ အဲဒါ မှန် မမှန် သိချင်ရင် မင်းအောက်ကို ဆင်းလာခဲ့ ပါလား" လို့ ထပ်ပြော ပြန်တယ်။

အဲဒီအခါမှာ ကြက်ဖကြီးက ဉာဏ်ရှိစွာနဲ့ "ကောင်းပြီလေ ခဏတော့ စောင့်နိုင်တယ် မလား၊ အခြားသော သူငယ်ချင်းတွေလည်း ထပ်လာ ကြလိမ့်မယ်" လို့ ပြန်ဖြေလိုက် ပါတယ်။ အဲဒီအခါ မြေခွေးက အံ့အားသင့် သွားပါတယ်။ "ဟုတ်လား ဘယ်သူတွေ လာကြအုံး မှာတုန်း"

ကြက်ဖကြီးက ပြန်ဖြေလိုက် ပါတယ်။ "အမဲလိုက်ခွေးတွေ လာနေတာ ငါမြင်နေရတာ။ သူတို့ကို ခဏလောက် စောင့်လိုက်ပါအုံး"

အမဲလိုက်ခွေး လို့လည်း ကြားရော မြေခွေးက လန့်သွား ပါတော့တယ်။ ကြက်ဖကြီး ရှိတဲ့ အပင်အောက် ကနေ ထွက်ပြေးသွားပါတော့တယ်။ ကြက်ဖကြီးက အော်မေးလိုက် ပါသေးတယ်။

"ဟ ဘာလို့ ထွက်ပြေးသွား တာတုန်း။ အမဲလိုက်ခွေး တွေနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား" လို့ မေးလိုက်တဲ့ အခါ မြေခွေးက "အဲဒါကို မေ့လိုက်တော့" လို့ ဖြေပြီး ထိုနေရာ ကနေ အလျင်အမြန် ထွက်ပြေး သွားပါတော့တယ်။ ဉာဏ်ရှိတဲ့ ကြက်ဖကြီး ကတော့ မြေခွေးစားမယ့် ဘေးကနေ လွတ်မြောက်သွား ပါတော့တယ်။

ဒီပုံပြင်လေး ကတော့ ဉာဏ်ရှိတဲ့ အတွက် အသက်ဘေးက လွတ်မြောက် သွားတဲ့ ကြက်ဖကြီးကို နမူနာ ပြထားပြီး ဉာဏ်ပညာရှိခြင်းက မရိုးသား၊ ကောက်ကျစ် စဉ်းလဲသူတွေ ကိုတောင် ကျော်လွှားနိုင်ကြောင်း သင်ခန်းစာ ပေးထားခြင်း ဖြစ်ပါတယ်။

လူတယောက် မှာလည်း ဉာဏ်ပညာ ရှိခြင်းက ဘဝ တခုလုံးကို မကောင်းတဲ့ သူတွေ၊ ကိုယ့်ကို ဖျက်ဆီးမယ့် သူတွေရဲ့ ဘေးကနေ ကယ်ဆယ် ပေးနိုင်ကြောင်း၊ ဉာဏ်ပညာ ရှိခြင်းက ဘဝတခုလုံးမှာ အရေးကြီးကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

Crd

Zawgyi

ဉာဏ္ပညာနဲ႔ အႏိုင္ယူပါ

တခါတုန္းက ႐ြာတ႐ြာမွာ ၾကက္ဖႀကီးတေကာင္ ရွိပါတယ္။ ၾကက္ဖႀကီးဟာ မနက္ခင္းမွာ ေစာေစာ ထၿပီး တြန္သံ ေပးရတဲ့ သူ႔ရဲ႕ တာဝန္ကို သူ ေက်ပြန္ ပါတယ္။

တေန႔မွာေတာ့ ၾကက္ဖႀကီးဟာ သစ္ပင္ ထိပ္ဖ်ားမွာ နားေနတုန္း ေျမေခြးတေကာင္က သူ႔အနားကို ေရာက္လာပါတယ္။ ေျမေခြးက ၾကက္ဖႀကီးကို ျမင္လိုက္တဲ့ အခါ ၾကက္ဖႀကီးကို စားဖို႔ ႀကံပါေတာ့တယ္။ အဲဒါေၾကာင့္ ေျမေခြးက ခ်ိဳသာတဲ့ အသံနဲ႔ ၾကက္ဖႀကီးကို စကားေျပာ ပါေတာ့တယ္။

"အေဆြ ၾကက္ဖႀကီး၊ မင္းဆီကို ေကာင္းကင္ဘုံက သတင္းတခု လာေျပာျပတာ၊ ငွက္ေတြ အားလုံးနဲ႔ တိရိစာၦန္ ေတြဟာ မိတ္ေဆြ ျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ အတူေနထိုင္ ၾကရမယ္တဲ့" လို႔ ေျမေခြးက ေျပာလိုက္ ပါတယ္။

ထိုအခါ ၾကက္ဖႀကီးက "အဲဒါ တကယ္ပဲလား" လို႔ ျပန္ေမးပါတယ္။ ေျမေခြးက "ဟုတ္တာေပါ့ တကယ္ ေျပာတာပါ။ အဲဒါ မွန္ မမွန္ သိခ်င္ရင္ မင္းေအာက္ကို ဆင္းလာခဲ့ ပါလား" လို႔ ထပ္ေျပာ ျပန္တယ္။

အဲဒီအခါမွာ ၾကက္ဖႀကီးက ဉာဏ္ရွိစြာနဲ႔ "ေကာင္းၿပီေလ ခဏေတာ့ ေစာင့္ႏိုင္တယ္ မလား၊ အျခားေသာ သူငယ္ခ်င္းေတြလည္း ထပ္လာ ၾကလိမ့္မယ္" လို႔ ျပန္ေျဖလိုက္ ပါတယ္။ အဲဒီအခါ ေျမေခြးက အံ့အားသင့္ သြားပါတယ္။ "ဟုတ္လား ဘယ္သူေတြ လာၾကအုံး မွာတုန္း"

ၾကက္ဖႀကီးက ျပန္ေျဖလိုက္ ပါတယ္။ "အမဲလိုက္ေခြးေတြ လာေနတာ ငါျမင္ေနရတာ။ သူတို႔ကို ခဏေလာက္ ေစာင့္လိုက္ပါအုံး"

အမဲလိုက္ေခြး လို႔လည္း ၾကားေရာ ေျမေခြးက လန႔္သြား ပါေတာ့တယ္။ ၾကက္ဖႀကီး ရွိတဲ့ အပင္ေအာက္ ကေန ထြက္ေျပးသြားပါေတာ့တယ္။ ၾကက္ဖႀကီးက ေအာ္ေမးလိုက္ ပါေသးတယ္။

"ဟ ဘာလို႔ ထြက္ေျပးသြား တာတုန္း။ အမဲလိုက္ေခြး ေတြနဲ႔ သူငယ္ခ်င္း မျဖစ္ခ်င္ဘူးလား" လို႔ ေမးလိုက္တဲ့ အခါ ေျမေခြးက "အဲဒါကို ေမ့လိုက္ေတာ့" လို႔ ေျဖၿပီး ထိုေနရာ ကေန အလ်င္အျမန္ ထြက္ေျပး သြားပါေတာ့တယ္။ ဉာဏ္ရွိတဲ့ ၾကက္ဖႀကီး ကေတာ့ ေျမေခြးစားမယ့္ ေဘးကေန လြတ္ေျမာက္သြား ပါေတာ့တယ္။

ဒီပုံျပင္ေလး ကေတာ့ ဉာဏ္ရွိတဲ့ အတြက္ အသက္ေဘးက လြတ္ေျမာက္ သြားတဲ့ ၾကက္ဖႀကီးကို နမူနာ ျပထားၿပီး ဉာဏ္ပညာရွိျခင္းက မ႐ိုးသား၊ ေကာက္က်စ္ စဥ္းလဲသူေတြ ကိုေတာင္ ေက်ာ္လႊားႏိုင္ေၾကာင္း သင္ခန္းစာ ေပးထားျခင္း ျဖစ္ပါတယ္။

လူတေယာက္ မွာလည္း ဉာဏ္ပညာ ရွိျခင္းက ဘဝ တခုလုံးကို မေကာင္းတဲ့ သူေတြ၊ ကိုယ့္ကို ဖ်က္ဆီးမယ့္ သူေတြရဲ႕ ေဘးကေန ကယ္ဆယ္ ေပးႏိုင္ေၾကာင္း၊ ဉာဏ္ပညာ ရွိျခင္းက ဘဝတခုလုံးမွာ အေရးႀကီးေၾကာင္း သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments