မြင့်မြတ်သော စိတ်ထားရှိသူ

တခါက တောအုပ်တခုမှာ မြင့်မြတ်တဲ့ သမင်ဖို တကောင် ရှိသတဲ့။ သူရဲ့ ဦးခေါင်းဟာ တင့်တယ် လှပတဲ့ ဦးချိုများနဲ့ အလှဆင်ထားလို့ ကြည့်သူ အပေါင်းမှာ မင်္ဂလာ တပါးပဲပေါ့။ သမင်ကြီးရဲ့ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်လာ တဲ့အခါ သတ္တဝါ အပေါင်းရဲ့ အရိုအသေ ပေးမှုကို ခံရတယ်။

သူဟာ သမင်အပေါင်းရဲ့ ဘုရင် တပါးပေါ့။ ဘုရင်တပါး ဖြစ်သော်လည်း သတ္တဝါ အပေါင်းကို မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်။ တောတောင် တို့ရဲ့ အရှင်သခင် ဖြစ်တဲ့ ခြင်္သေတောင်မှ သူကို လေးစားသတဲ့။

တနေတော့ ကုန်းသည် တစုဟာ ခရီးလမ်းမှာ လမ်းပျောက် သွားသတဲ့။ ကုန်သည်တွေဟာ သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာ မသိလို့ စိတ်ပျက် လက်ပျက်နဲ့ ကြောက်လန့် နေကြပါသတဲ့။ ကုန်သည်များ နောက်ကိုပြန် လှည့်ကြည့်တဲ့အခါ သမင်တကောင် သူတို့နားမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သမင်ကြီးက လမ်းပျောက်နေတဲ့ ကုန်သည်တွေကို သူ့နောက်က လိုက်ဖို့ ခေါ်လိုက်သတဲ့။ ကုန်သည်များဟာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ သမင်းကြီးရဲ့ နောက်ကို လိုက်သွားကြ ပါတယ်။ ထို့နောက် ကုန်သည်များကို မြို့ရဲ့ အစွန်အဖျားထိ လိုက်ပို့ပြီး သမင်းကြီးဟာ တောထဲကို ပြန်ဝင်သွားသတဲ့။

ကုန်သည်ခေါင်းဆောင်က ထိုသမင်းကြီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို သဘောကြသွားလို့ တိုင်းပြည် ပြန်ရောက်ရင် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကြီးကို သမင်းကြီးရဲ့ မြင်မြတ်တဲ့ စိတ်ထားကို ပြောပြချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာ ပါသတဲ့။ ကုန်သည်များဟာ မင်းကြီးထံ သွားပြီး အံသြစရာ ကောင်းတဲ့ မြင့်မြတ်တဲ့ သမင်ကြီး အကြောင်းကို ပြောပြပါသတဲ့။

မင်းကြီးဟာ မြင့်မြတ်တဲ့ သမင်ရဲ့ ချီးမွမ်းခန်းကို သေချာ နားမထောင်ပဲ၊ ထူးဆန်းတဲ့ သမင်တကောင် ဟုသာ မှတ်ထင်လိုက် ပါတယ်။ ဒါ့ကြောင့် ဒီသမင်ကို တောလိုက်ဖို့ ဆုံးဖြတ်လိုက် ပါသတဲ့။ တနေ့တော့ မင်းကြီးဟာ စစ်သည်တော်တွေနဲ့ တောလိုက်သွားတော့ သမင်းကြီးဟာ အေးဆေးစွာ စာကျက်မှာ အစာစားနေတာ ကို တွေ့ရသတဲ့။

ဒီတော့ မင်းကြီးက နောက်လိုက် စစ်သားတွေကို "ဒီသမင်းကြီးကို ဘယ်သူမှ မပစ်နဲ့။ ငါကိုယ်တိုင် ပစ်ပြီး သူရဲ့ လှပတဲ့ ဦးချိုကို ငါ့နန်းတော်ရဲ့ နံရံမှာ ချိတ်ထားမယ်" လို့ ပြောဆိုကာ မင်းကြီးကိုယ်တိုင် သမင်းကြီးကို ပစ်ပါသတဲ့။ မင်းကြီးရဲ့ မြှားဟာ သမင်းကြီးကို မထိမှန်ပဲ သမင်းကြီးက ပြေရင်းလွှားရင် ဘုရင်ကို တောနက်ထဲ အထိ ဆွဲခေါ်သွားပါတယ်။

မင်းကြီး တောနက်ထဲကို ရောက်တော့ သူ့ရဲ့ နောက်လိုက်တွေနဲ့ အဆက်အသွယ် ပြတ်သွားတောပေါ့။ သမင်းကြီးဟာ ဘုရင်ကို သူ့နောက်က လိုက်ရင်း ရွံနွံအိုင်ထဲကို ဆွဲခေါ်သွားတဲ့ အခါ ဘုရင်ဟာ နွံအိုင်ထဲမှာ နစ်မြုပ်သွားလို့ ကယ်ပါ ယူပါ တစာစာ အော်နေရသတဲ့။ ဘုရင်ကြီးရဲ့ အကူအညီ တောင်းခံသံကို သမင်ကြီးမှ တပါး ဘယ်သူမှ မကြားနိုင်ဘူးပေါ့။

အဲဒီအချိန် မှာတော့ သမင်ကြီးက ဘုရင်ကို သူရဲ့ သန်မာတဲ့ ဦးချိုကို နှိမ့်ချ ကမ်းလှမ်းကာ မင်းကြီးကို နွံအိုင်ထဲက ကယ်တင်ခဲ့ပါတယ်။ ဘုရင်ဟာ အသက်ဘေးမှ ကင်းဝေးရလို့ သမင်းကြီးကို ကျေးဇူးတင်စကား ပြောပြီး သူ့ကိုယ်သူလည်း အရှက်ရ သွားတယ်။

သမင်ကြီးကတော့ ဘုရင်ကြီးကို သူ့ရဲ့ တိုင်းပြည်ကို ပြန်ပို့လိုက် ပါသေးတယ်။ ဘုရင်က သမင်ကြီးကို မိတ်ဆွေကောင်း တယောက် အနေနဲ့ သူရဲ့နန်းတော်မှာ နေထိုင်ဖို့ ပြောဆိုတဲ့ အခါ သမင်ကြီးက ငြင်းဆိုကာ သူရဲ့နေရာ တောထဲကိုသာ ပြန်သွားပါ သတဲ့။

ဒီပုံပြင်ဇာတ်လမ်းမှာ မြင့်မြတ်တဲ့ သမင်ကြီးဟာ မြတ်စွာဘုရားလောင်းပေါ့။ ဒီပုံပြင်ဇာတ်လမ်းကို လေ့လာကြည့်ခြင်း အားဖြင့် မြင်မြတ်တဲ့ စိတ်ထားရှိသူ ဆိုတာ ရန်သူပင် ဖြစ်နေပါစေ သူတို့ အကာအကွယ် မဲ့တဲ့အခါ၊ ဘေးအန္တရာယ်နဲ့ ဆုံတွေ့တဲ့ အခါ မိတ်ဆွေရင်း ပမာ ကူညီ စောက်ရှောက်ရမယ် ဆိုတဲ့ အသိ ပညာကို ရစေပါတယ်။ Crd

Post a Comment

0 Comments