ဆံပင်ဆေးဆိုးတဲ့အခါ မတော်တဆ ဆိုးဆေးတွေက မျက်နှာမှာ ပေသွားတတ်ပါတယ်။ အဲဒီဆိုးဆေးတွေက တစ်ခါတရံမှာ မျက်နှာသစ်လိုက်ရင်တောင် မပြောင်သွားတတ်ပါဘူး။ အဲဒါကြောင့် ဆံပင်ဆေးဆိုးတဲ့အခါ မျက်နှာမှာ ဆေးတွေပေနေရင် အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ရေနဲ့ ဆပ်ပြာ
ရေစိုဝတ်ပေါ်မှာ ဆပ်ပြာထည့်ပြီး ဆေးပေနေတဲ့နေရာမှာ အမြှုပ်ထွက်လာတဲ့အထိ ပွတ်တိုက်ပါ။ ပြီးရင် ရေနွေးနဲ့ဆေးချပါ။ ဒီနည်းနဲ့ ဆေးတွေက မပြောင်သေးရင် အောက်ပါနည်းတွေကို သုံးနိုင်ပါတယ်။
၂။ Baby oil
Baby oil က နူးညံ့တာကြောင့် မျက်နှာအသားအရေကိုလည်း မထိခိုက်စေပါဘူး။ ပိတ်စပါးလေးနဲ့ baby oilကို တို့ယူပြီး ဆိုးဆေးတွေပေနေတဲ့နေရာမှာ တင်ထားပါ။ တစ်ညလောက် တင်ထားရင် ပိုကောင်းပါတယ်။ Baby oil မရှိရင် မိတ်ကပ်ဖျက်ဆေး သို့မဟုတ် သံလွင်ဆီကို သုံးလို့ရပါတယ်။
၃။ Vaseline
Vaseline ကို ဆံပင်ဆေးမဆိုးခင်ရော၊ ဆံပင်ဆေးဆိုးပြီးတဲ့အချိန်မှာပါ သုံးလို့ရပါတယ်။ နဖူးတစ်လျှောက်မှာ vaseline ကို လိမ်းထားရင် ဆံပင်ဆိုးဆေးတွေ မပေတော့ပါဘူး။ ဆံပင်ဆေးဆိုးပြီးလို့ မျက်နှာမှာ ပေသွားရင်လည်း vaseline ကို လိမ်းလို့ရပါတယ်။ တစ်ညထားလို့ရသလို အချိန်ကြာကြာ ထားလို့လည်း ရပါတယ်။
၄။ သွားတိုက်ဆေး
သွားတိုက်ဆေးကလည်း ဆံပင်ဆိုးဆေးတွေ မျက်နှာမှာပေနေရင် ကူညီပေးနိုင်ပါတယ်။ ဆေးတွေပေနေတဲ့နေရာမှာ သွားတိုက်ဆေးကို လိမ်းပေးပြီး အချိန်အနည်းငယ်ကြာအောင် ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးချလိုက်ရုံပါပဲ။
၅။ မုန့်ဖုတ်ဆိုဒါနဲ့ ဆပ်ပြာရည်
မုန့်ဖုတ်ဆိုဒါက အသုံးဝင်တဲ့နေရာ အများကြီးပါပဲ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ ဆပ်ပြာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောပြီးမွှေပါ။ ပြီးရင် ဆေးတွေပေနေတဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ်အနည်းငယ် ကြာအောင်ထားပါ။ နောက်ဆုံးမှာတော့ ရေနွေးနဲ့ဆေးချရုံပဲ။ မျက်နှာအသားအရေပေါ်မှာတော့ ဒီနည်းကို မသုံးသင့်ပေမယ့် လက်နဲ့လက်မောင်း နေရာတွေမှာတော့ သုံးလို့ရပါတယ်။
၆။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို ပိတ်စပါးလေးနဲ့ တို့ပြီး ဆိုးဆေးတွေ ပေနေတဲ့နေရာမှာ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တဲ့အခါ အသားအရေကို အရမ်းထိခိုက်စေပါတယ်။
၇။ ရှာလကာရည်
နောက်ထပ်ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ ရှာလကာရည်ပါပဲ။ ပိတ်စပါးလေးကို ရှာလကာရည်ထဲနှစ်ပြီး ဆေးတွေမပြောင်တဲ့နေရာမှာ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒါပေမယ့် ပွတ်တိုက်တဲ့အခါ အသားအရေ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။
Zombie (lovemedia)
0 Comments