လောဘကြီးသောခွေးလေး

တခါတုန်းက ခွေးပုလေး တကောင်ဟာ အိမ်တအိမ် ကနေ အသားတုံး တတုံးကို ခိုးယူ လာခဲ့တယ်။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ် ကလေးနဲ့ ကိုက်ချီရင်း ဖြေးညှင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်း ကလေးရဲ့ တံတား တခုပေါ် ကနေ သူဟာ ဖြတ်သွား နေပါတယ်။

အဲ့ဒီအချိန် အောက်ကို ငုံ့ကြည့် လိုက်တော့ သူ့ရဲ့ အရိပ်ကို သူ မြင်တာပေါ့။ (စမ်းချောင်း ကလေးနဲ့ တံတားက တထွာ လောက်ပဲ ကွာပါတယ်)

ဒါပေမယ့် သူဟာ သူ့အရိပ်လို့ မထင်ခဲ့ဘူး။ တခြားတကောင်က အသားတုံး တခုကို ကိုက်ချီ လာတယ်လို့ သူ့စိတ်ထဲမှာ ထင်မြင်မိတယ်။

သူဟာ အဲဒီ အသားတုံးကို ရယူချင်တဲ့ အတွက် လောဘတကြီး ဆတ်ခနဲ ကိုက်ယူ လိုက်တဲ့အခါ သူ့မှာ နဂို ရှိနေတဲ့ အသားတုံးဟာ စမ်းချောင်းလေးထဲကို ပြုတ်ကျ ပျောက်ဆုံး သွားပါတော့တယ်။

ခိုးထားတဲ့ အသားတုံးနဲ့ မကျေနပ်နိုင်တဲ့ ခွေးပုလေးဟာ တခြား အသားတုံးပါ ထပ်လိုချင်တော့ ခိုးထားတဲ့ အသားတုံးပါ ဆုံးရှုံးသွားရ ပါတော့တယ်။

ဒီပုံပြင်လေးက အားလုံး နီးပါး ကြားဖူးကြ ပါတယ်။ ဘဝမှာလည်း ဒီပုံပြင်လေး လိုပါပဲ။ လူတွေဟာ မိမိမှာ ရှိတာလေးနဲ့ ကျေနပ်မှု မရှိကြပါ။ ထို့ကြောင့်လည်း လောဘတရား ပွားများကြတာပေါ့။

ပုထုဇဉ် လူသား ဟူသမျှဟာ လောဘတရားတော့ အနည်း အများ ကိုယ်စီ ရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လောဘတရားမှာ များရင်လည်း မကောင်းပါ။

တန်ဆေး လွန်ဘေး ဆိုသလို မျိုးပေါ့။ တန်ရင်ဆေး များလွန်ရင်တော့ ဘေးဒုက္ခနဲ့ ကြုံရတတ် ပါတယ်။ မိမိရှိတာလေး နဲ့ ကျေနပ် တင်းတိမ်မှု မရှိရင် မိမိ လိုချင်တာလည်း မရလိုက်၊ မိမိမှာ ရှိတာတွေလည်း ဆုံးရှုံးတတ် ကြပါတယ်။

မိမိမှာ ရှိတာလေးနဲ့ ကျေကျေနပ်နပ်နဲ့ တင်းတိမ်စွာ နေထိုင်မှသာ ကိုယ့်ပစ္စည်း ဥစ္စာလည်း ဆုံးရှုံးမှာ မဟုတ်ပါ။ တင်းတိမ်စွာ မနေထိုင် တတ်ရင်တော့ တနေ့ ဒုက္ခကြီးစွာ ရတတ်ပါတယ်။

လိုတာထက် လောဘ ပိုများလေလေ ဒုက္ခကြီးကြီးနဲ့ ကြုံတွေ့ရမယ့် နီးစပ် လေလေပါ။ မိမိမှာ ရှိတာထက်၊ လိုအပ်တာထက် ပိုပြီး များပြားနေပါလျှင် အစစ အရာရာ ဂရုစိုက်၍ ပြုမှု လုပ်ဆောင် နိုင်လျှင် ပိုမိုကောင်းမွန် လှပါတယ်။ ရှိတာလေးနဲ့ ကျေနပ်မှု ရှိကြပါလို့ တိုက်တွန်းရင်း။ Crd

Zawgyi

ေလာဘႀကီးေသာေခြးေလး

တခါတုန္းက ေခြးပုေလး တေကာင္ဟာ အိမ္တအိမ္ ကေန အသားတုံး တတုံးကို ခိုးယူ လာခဲ့တယ္။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ္ ကေလးနဲ႔ ကိုက္ခ်ီရင္း ေျဖးညႇင္းစြာ စီးဆင္းေနတဲ့ စမ္းေခ်ာင္း ကေလးရဲ႕ တံတား တခုေပၚ ကေန သူဟာ ျဖတ္သြား ေနပါတယ္။

အဲ့ဒီအခ်ိန္ ေအာက္ကို ငုံ႔ၾကည့္ လိုက္ေတာ့ သူ႔ရဲ႕ အရိပ္ကို သူ ျမင္တာေပါ့။ (စမ္းေခ်ာင္း ကေလးနဲ႔ တံတားက တထြာ ေလာက္ပဲ ကြာပါတယ္) ဒါေပမယ့္ သူဟာ သူ႔အရိပ္လို႔ မထင္ခဲ့ဘူး။ တျခားတေကာင္က အသားတုံး တခုကို ကိုက္ခ်ီ လာတယ္လို႔ သူ႔စိတ္ထဲမွာ ထင္ျမင္မိတယ္။

သူဟာ အဲဒီ အသားတုံးကို ရယူခ်င္တဲ့ အတြက္ ေလာဘတႀကီး ဆတ္ခနဲ ကိုက္ယူ လိုက္တဲ့အခါ သူ႔မွာ နဂို ရွိေနတဲ့ အသားတုံးဟာ စမ္းေခ်ာင္းေလးထဲကို ျပဳတ္က် ေပ်ာက္ဆုံး သြားပါေတာ့တယ္။ ခိုးထားတဲ့ အသားတုံးနဲ႔ မေက်နပ္ႏိုင္တဲ့ ေခြးပုေလးဟာ တျခား အသားတုံးပါ ထပ္လိုခ်င္ေတာ့ ခိုးထားတဲ့ အသားတုံးပါ ဆုံးရႈံးသြားရ ပါေတာ့တယ္။

ဒီပုံျပင္ေလးက အားလုံး နီးပါး ၾကားဖူးၾက ပါတယ္။ ဘဝမွာလည္း ဒီပုံျပင္ေလး လိုပါပဲ။ လူေတြဟာ မိမိမွာ ရွိတာေလးနဲ႔ ေက်နပ္မႈ မရွိၾကပါ။ ထို႔ေၾကာင့္လည္း ေလာဘတရား ပြားမ်ားၾကတာေပါ့။

ပုထုဇဥ္ လူသား ဟူသမွ်ဟာ ေလာဘတရားေတာ့ အနည္း အမ်ား ကိုယ္စီ ရွိၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေလာဘတရားမွာ မ်ားရင္လည္း မေကာင္းပါ။ တန္ေဆး လြန္ေဘး ဆိုသလို မ်ိဳးေပါ့။ တန္ရင္ေဆး မ်ားလြန္ရင္ေတာ့ ေဘးဒုကၡနဲ႔ ႀကဳံရတတ္ ပါတယ္။

မိမိရွိတာေလး နဲ႔ ေက်နပ္ တင္းတိမ္မႈ မရွိရင္ မိမိ လိုခ်င္တာလည္း မရလိုက္၊ မိမိမွာ ရွိတာေတြလည္း ဆုံးရႈံးတတ္ ၾကပါတယ္။ မိမိမွာ ရွိတာေလးနဲ႔ ေက်ေက်နပ္နပ္နဲ႔ တင္းတိမ္စြာ ေနထိုင္မွသာ ကိုယ့္ပစၥည္း ဥစၥာလည္း ဆုံးရႈံးမွာ မဟုတ္ပါ။ တင္းတိမ္စြာ မေနထိုင္ တတ္ရင္ေတာ့ တေန႔ ဒုကၡႀကီးစြာ ရတတ္ပါတယ္။

လိုတာထက္ ေလာဘ ပိုမ်ားေလေလ ဒုကၡႀကီးႀကီးနဲ႔ ႀကဳံေတြ႕ရမယ့္ နီးစပ္ ေလေလပါ။ မိမိမွာ ရွိတာထက္၊ လိုအပ္တာထက္ ပိုၿပီး မ်ားျပားေနပါလွ်င္ အစစ အရာရာ ဂ႐ုစိုက္၍ ျပဳမႈ လုပ္ေဆာင္ ႏိုင္လွ်င္ ပိုမိုေကာင္းမြန္ လွပါတယ္။ ရွိတာေလးနဲ႔ ေက်နပ္မႈ ရွိၾကပါလို႔ တိုက္တြန္းရင္း။ Crd

Post a Comment

0 Comments