အဘွားအိုနှင့် မီးအိမ်

တခါတုန်းက ရွာလေး တရွာတွင် အဘွားအို တယောက် ရှိသည်။ ဝေးလံ ခေါင်သီသော ဒေသမှ ရွာလေး တရွာ ဖြစ်သည်။ ထို့ကြောင့် အမြင်လည်း ကျဉ်း၊ အတွေးအခေါ် တွေလည်း ဖျင်းလွန်းသည်။

အဘွားအိုသည် တယောက်တည်း နေထိုင် ရသူ ဖြစ်သည်။ သနားစရာ ကောင်းသည်မှာ မျက်စိပါ မမြင်ခြင်း ဖြစ်သည်။

ရွာထဲတွင် ညအချိန် တကိုယ်တည်း သွားရသည့် အခါများ ရှိတတ် ပါသည်။ ထိုအချိန်တွင် အဘွားအိုသည် လက်တဖက်က တောင်ဝှေး၊ အခြား လက်တဖက်က မီးအိမ်လေးကို ကိုင်ပြီး သွားတတ်သည်။

တညတွင် အဘွားအိုသည် မီးအိမ် လေးကို ကိုင်လာပြီး အပြင် ထွက်လာသည်။ မီးအိမ်ကို မြှောက်ကိုင် လာသည့် အဘွားအိုကို လူတသိုက်က တွေ့သည်။

မူးပြီး ယိုင်နေသည့် လူတွေက အဘွားအိုကို ကြည့်ပြီး လှောင်ရယ် ကြသည်။ "အဘွားကြီး ဟား ဟား ဟား၊ မျက်စိလည်း မမြင်ဘဲနဲ့ မီးအိမ်ကြီး ကိုင်ပြီးတော့ လမ်းလျှောက် ရတယ်လို့ ဟား ဟား ဟား။

လူအထင် ကြီးအောင် လုပ်မနေစမ်း ပါနဲ့ဗျာ။ ခင်ဗျား မျက်စိ မမြင်ဘူး ဆိုတာ တရွာလုံး သိပါတယ် ဟား ဟား ဟား" ဟု ဝိုင်းလှောင်ကြသည်။

အဘွားအိုက ရပ်လိုက်ပြီး "အေးပါကွယ် ကံမကောင်း အကြောင်း မလှလို့ ငါ မျက်စိ မမြင်ပါဘူး။ ဒါပေမဲ့ ငါ ကိုင်ထားတဲ့ မီးအိမ်က ငါ့အတွက် မဟုတ်ဘူး မင်းတို့လို မြင်တဲ့ သူတွေ အတွက်ပါ။

ငါက အမှောင်ထဲမှာ ကျင့်သား ရနေပြီ။ တရွာလုံး ဘယ်နေရာ မဆို သွားတတ် နေပြီ။

ဒါပေမဲ့ မင်းတို့လို မြင်ပြီးတော့ မူးနေသူတွေ ငါ့ကို မတွေ့ဘဲ ဝင်တိုက်မိမှာ စိုးရိမ်လို့ မီးအိမ်နဲ့ အလင်းပြရတာ ပါကွယ်" ဟု ပြောလိုက်လေ တော့သည်။

မီးအိမ်ကို ကိုင်လာသူတိုင်း ကိုယ့်အတွက် အလင်းပြ နေသည်ဟု မထင်သင့်ပါ။ တခြားသူ များအတွက် အလင်းပြ ပေးသည့် အနေဖြင့် ကိုင်လာခြင်း ဖြစ်ကြောင်းလည်း သတိချပ်သင့် ပါတယ်။

Tin Nyunt

Zawgyi

အဘြားအိုႏွင့္ မီးအိမ္

တခါတုန္းက ႐ြာေလး တ႐ြာတြင္ အဘြားအို တေယာက္ ရွိသည္။ ေဝးလံ ေခါင္သီေသာ ေဒသမွ ႐ြာေလး တ႐ြာ ျဖစ္သည္။ ထို႔ေၾကာင့္ အျမင္လည္း က်ဥ္း၊ အေတြးအေခၚ ေတြလည္း ဖ်င္းလြန္းသည္။

အဘြားအိုသည္ တေယာက္တည္း ေနထိုင္ ရသူ ျဖစ္သည္။ သနားစရာ ေကာင္းသည္မွာ မ်က္စိပါ မျမင္ျခင္း ျဖစ္သည္။

႐ြာထဲတြင္ ညအခ်ိန္ တကိုယ္တည္း သြားရသည့္ အခါမ်ား ရွိတတ္ ပါသည္။ ထိုအခ်ိန္တြင္ အဘြားအိုသည္ လက္တဖက္က ေတာင္ေဝွး၊ အျခား လက္တဖက္က မီးအိမ္ေလးကို ကိုင္ၿပီး သြားတတ္သည္။

တညတြင္ အဘြားအိုသည္ မီးအိမ္ ေလးကို ကိုင္လာၿပီး အျပင္ ထြက္လာသည္။ မီးအိမ္ကို ေျမႇာက္ကိုင္ လာသည့္ အဘြားအိုကို လူတသိုက္က ေတြ႕သည္။

မူးၿပီး ယိုင္ေနသည့္ လူေတြက အဘြားအိုကို ၾကည့္ၿပီး ေလွာင္ရယ္ ၾကသည္။ "အဘြားႀကီး ဟား ဟား ဟား၊ မ်က္စိလည္း မျမင္ဘဲနဲ႔ မီးအိမ္ႀကီး ကိုင္ၿပီးေတာ့ လမ္းေလွ်ာက္ ရတယ္လို႔ ဟား ဟား ဟား။

လူအထင္ ႀကီးေအာင္ လုပ္မေနစမ္း ပါနဲ႔ဗ်ာ။ ခင္ဗ်ား မ်က္စိ မျမင္ဘူး ဆိုတာ တ႐ြာလုံး သိပါတယ္ ဟား ဟား ဟား" ဟု ဝိုင္းေလွာင္ၾကသည္။

အဘြားအိုက ရပ္လိုက္ၿပီး "ေအးပါကြယ္ ကံမေကာင္း အေၾကာင္း မလွလို႔ ငါ မ်က္စိ မျမင္ပါဘူး။ ဒါေပမဲ့ ငါ ကိုင္ထားတဲ့ မီးအိမ္က ငါ့အတြက္ မဟုတ္ဘူး မင္းတို႔လို ျမင္တဲ့ သူေတြ အတြက္ပါ။

ငါက အေမွာင္ထဲမွာ က်င့္သား ရေနၿပီ။ တ႐ြာလုံး ဘယ္ေနရာ မဆို သြားတတ္ ေနၿပီ။

ဒါေပမဲ့ မင္းတို႔လို ျမင္ၿပီးေတာ့ မူးေနသူေတြ ငါ့ကို မေတြ႕ဘဲ ဝင္တိုက္မိမွာ စိုးရိမ္လို႔ မီးအိမ္နဲ႔ အလင္းျပရတာ ပါကြယ္" ဟု ေျပာလိုက္ေလ ေတာ့သည္။

မီးအိမ္ကို ကိုင္လာသူတိုင္း ကိုယ့္အတြက္ အလင္းျပ ေနသည္ဟု မထင္သင့္ပါ။ တျခားသူ မ်ားအတြက္ အလင္းျပ ေပးသည့္ အေနျဖင့္ ကိုင္လာျခင္း ျဖစ္ေၾကာင္းလည္း သတိခ်ပ္သင့္ ပါတယ္။

Tin Nyunt

Post a Comment

0 Comments