နှုတ်ချိုတိုင်း မသာယာလိုက်ပါနဲ့

တခါတုန်းက ကျီးကန်း တကောင်ဟာ အိမ်တအိမ်က ဒိန်ခဲ တတုံးကို ခိုးယူ ကိုက်ချီပြီး သစ်ပင် တပင် ပေါ်မှာ နားနေတယ်။

ဒိန်ခဲရဲ့ အနံ့ကို ရတဲ့ မြေခွေး တကောင်ဟာ ကျီးကန်းနားကို နီးကပ်စွာ လာလေတယ်။ ပြီးတော့ မြေခွေးဟာ အဲဒီ ဒိန်ခဲတုံးကို ပိုင်ဆိုင်ဖို့ အကြံထုတ်ကာ တွေးတော နေပါ တော့တယ်။

အဲ့ဒါနဲ့ မြေခွေးဟာ "မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး၊ နေကောင်း ကျန်းမာတော် မူပါရဲ့လား။ မရွှေကျီးရဲ့ အမွှေး အတောင်တွေ အရမ်း လှပသလို မရွှေကျီးရဲ့ အသံ ကလည်း သာယာ မှာပဲနော်" လို့ ကျီးကန်းကို ပြောလိုက်တယ်။

ကျီးကန်းဟာ မြေခွေးရဲ့ ချီးကျူးသံကို ကြားတာနဲ့ တပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက် မိတယ်။

ထိုအခါ ကျီးကန်းရဲ့ ပါးစပ်မှာ ကိုက်ချီထားတဲ့ ဒိန်ခဲဟာ အောက်ကို ပြုတ်ကျ သွားပြီးနောက်မှာတော့ မြေခွေးဟာ ဒိန်ခဲကို ကိုက်ချီပြီး ထွက်ပြေးသွား ပါတော့တယ်။

ကျနော်တို့ရဲ့ ပတ်ဝန်းကျင် မှာလည်း ဒီပုံပြင်တိုလေး ထဲက မြေခွေးလို လူတချို့ ရှိတတ်ကြ ပါတယ်။ မနာလို မှုတွေ ဖြစ်တဲ့ အခါမှာ လူတချို့က မြေခွေးလို ချိုသာတဲ့ စကားတွေ ပြောပြီး မြှောက်ပင့် တတ်ကြပါတယ်။

သူတို့တွေဟာ သူတပါးကို ထိခိုက် နာကျင်အောင် လုပ်ချင် သူတွေသာ ဖြစ်ပါတယ်။ မြှောက်ပင့်မှုကို ကြိုက်ကြ သူတွေဟာ တခါတလေမှာ ဒုက္ခရောက် တတ်ပါတယ်။

ကျနော်တို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတချို့က ချိုသာတဲ့ စကားလုံးလေးများ ပြောဆိုကာ မှောင်းထုတ် တတ်လေ့ ရှိတတ်ပါတယ်။ ဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာ မိဖို့ အထူး သတိပြုရန် လိုအပ်ပါတယ်။

ဟန်ဆောင်ပြီး မြှောက်ပင့်သူတို့ရဲ့ အတုအယောင် စကားတွေကို နားထောင်မိတဲ့ သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ်။

အတုအယောင်တွေရဲ့ စကားတိုင်းမှာ ကိုယ်က မသာယာဖို့ လိုအပ်ပါတယ်။ အကယ်၍ သာယာခဲ့ မိရင်တော့ ကိုယ်ဆီက တခုခု ပြန်ပေးရ တတ်ပါတယ်။ Crd

Zawgyi

ႏႈတ္ခ်ိဳတိုင္း မသာယာလိုက္ပါနဲ႔

တခါတုန္းက က်ီးကန္း တေကာင္ဟာ အိမ္တအိမ္က ဒိန္ခဲ တတုံးကို ခိုးယူ ကိုက္ခ်ီၿပီး သစ္ပင္ တပင္ ေပၚမွာ နားေနတယ္။

ဒိန္ခဲရဲ႕ အနံ႔ကို ရတဲ့ ေျမေခြး တေကာင္ဟာ က်ီးကန္းနားကို နီးကပ္စြာ လာေလတယ္။ ၿပီးေတာ့ ေျမေခြးဟာ အဲဒီ ဒိန္ခဲတုံးကို ပိုင္ဆိုင္ဖို႔ အႀကံထုတ္ကာ ေတြးေတာ ေနပါ ေတာ့တယ္။

အဲ့ဒါနဲ႔ ေျမေခြးဟာ "မဂၤလာ နံနက္ခင္းေလးပါ မေ႐ႊက်ီး၊ ေနေကာင္း က်န္းမာေတာ္ မူပါရဲ႕လား။ မေ႐ႊက်ီးရဲ႕ အေမႊး အေတာင္ေတြ အရမ္း လွပသလို မေ႐ႊက်ီးရဲ႕ အသံ ကလည္း သာယာ မွာပဲေနာ္" လို႔ က်ီးကန္းကို ေျပာလိုက္တယ္။

က်ီးကန္းဟာ ေျမေခြးရဲ႕ ခ်ီးက်ဴးသံကို ၾကားတာနဲ႔ တၿပိဳင္နက္ ခ်က္ခ်င္း ဆိုသလိုပဲ သူ႔အသံကို ႂကြားလိုက္ မိတယ္။

ထိုအခါ က်ီးကန္းရဲ႕ ပါးစပ္မွာ ကိုက္ခ်ီထားတဲ့ ဒိန္ခဲဟာ ေအာက္ကို ျပဳတ္က် သြားၿပီးေနာက္မွာေတာ့ ေျမေခြးဟာ ဒိန္ခဲကို ကိုက္ခ်ီၿပီး ထြက္ေျပးသြား ပါေတာ့တယ္။

က်ေနာ္တို႔ရဲ႕ ပတ္ဝန္းက်င္ မွာလည္း ဒီပုံျပင္တိုေလး ထဲက ေျမေခြးလို လူတခ်ိဳ႕ ရွိတတ္ၾက ပါတယ္။ မနာလို မႈေတြ ျဖစ္တဲ့ အခါမွာ လူတခ်ိဳ႕က ေျမေခြးလို ခ်ိဳသာတဲ့ စကားေတြ ေျပာၿပီး ေျမႇာက္ပင့္ တတ္ၾကပါတယ္။

သူတို႔ေတြဟာ သူတပါးကို ထိခိုက္ နာက်င္ေအာင္ လုပ္ခ်င္ သူေတြသာ ျဖစ္ပါတယ္။ ေျမႇာက္ပင့္မႈကို ႀကိဳက္ၾက သူေတြဟာ တခါတေလမွာ ဒုကၡေရာက္ တတ္ပါတယ္။

က်ေနာ္တို႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာ ဒုကၡျဖစ္ေအာင္ လူတခ်ိဳ႕က ခ်ိဳသာတဲ့ စကားလုံးေလးမ်ား ေျပာဆိုကာ ေမွာင္းထုတ္ တတ္ေလ့ ရွိတတ္ပါတယ္။ ဒီလို ႀကိဳးစားေနတဲ့ ကာလမွာ စကားခ်ိဳတိုင္း မသာယာ မိဖို႔ အထူး သတိျပဳရန္ လိုအပ္ပါတယ္။

ဟန္ေဆာင္ၿပီး ေျမႇာက္ပင့္သူတို႔ရဲ႕ အတုအေယာင္ စကားေတြကို နားေထာင္မိတဲ့ သူဟာ ထိုက္သင့္တဲ့ အဖိုးအခကို ေပးၾကရမွာသာ ျဖစ္ပါတယ္။

အတုအေယာင္ေတြရဲ႕ စကားတိုင္းမွာ ကိုယ္က မသာယာဖို႔ လိုအပ္ပါတယ္။ အကယ္၍ သာယာခဲ့ မိရင္ေတာ့ ကိုယ္ဆီက တခုခု ျပန္ေပးရ တတ္ပါတယ္။ Crd

Post a Comment

0 Comments