ဖြတ်ထိုးဉာဏ်ကောင်းသူ

လင်မယား နှစ်ယောက် အနက် ယောက်ျား ဖြစ်သူက ငါးဖမ်း ဝါသနာ ပါတယ်၊ ဇနီး ဖြစ်သူ ကတော့ စာဖတ် ဝါသနာ ပါတယ်။

တနေ့တော့ လင်ဖြစ်သူ ငါးဖမ်းပြီး ပြန်အလာ ဇနီးဖြစ်သူက ယောက်ျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုး တလျှောက် လှော်ထွက် လာခဲ့တယ်။

မြစ်ရိုးတလျှောက် လှေလှော်လိုက်၊ လေညှင်း ခံလိုက်၊ စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ် တစင်းနဲ့ ရဲသား တယောက် ရောက်လာတယ်။

လှေချင်း ယှဉ်လိုက် မိတော့ ရဲသားက လှေဝမ်း ထဲက ငါးမျှား ကိရိယာ တွေကို ကြည့်ပြီး

"ဟေ့ ဒီနေရာမှာ ငါး မမျှားရဘူး ဆိုတာ မသိဘူးလား။ ဒါ ကန့်သတ် နယ်မြေကွ" လို့ ပြောတယ်။

အမျိုးသမီးက "ကျမ ငါးမမျှား ပါဘူး။ ဒီမှာ စာအုပ် ဖတ်နေတာပဲ"

"ဘာပဲ ဖြစ်ဖြစ်လေ၊ မင်းမှာ ပစ္စည်း ကိရိယာ အစုံ အလင် ပါနေတာပဲ။ အဲဒီ အတွက်တော့ မင်း ဒဏ်ငွေ ဆောင်ရ လိမ့်မယ်"

ထိုအခါ အမျိုးသမီးက "ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲ ရလိမ့်မယ်" လို့ ပြန်ပြောတယ်။

"ဟေ့ မင်းကို ငါ လက်ဖျား နဲ့တောင် မတို့ရ သေးဘူးနော်"

အမျိုးသမီးက "အို၊ ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား" လို့ ပြောလိုက် ပါတော့တယ်။

Nhin Nhin Kyaw

Zawgyi












Nhin Nhin Kyaw

Post a Comment

0 Comments