အိမ်ဦးနတ်လို့ ခေါ်ထိုက်သူ

၁။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် ငါ့သဘော၊ ငါ့စကား၊ ငါအမိန့်၊ ငါဖြစ်ချင်တာ ဆိုတာထက် ငါ့တာဝန်၊ ငါ့အလုပ်၊ ငါ့မိသားစု ငါဟာ ယောက်ျား ဆိုတဲ့ စိတ်ရှိသူ ကိုမှ အိမ်ဦးနတ်လို့ ခေါ်တာပါ။

၂။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် ဘယ်လောက်ပဲ အပြင်မှာ အဆင်မပြေ ဖြစ်ခဲ့ ပင်ပန်းခဲ့ပါစေ အပြင်မှာ ဖြစ်ခဲ့သမျှ ကိစ္စအဝဝကို အပြင်မှာပဲ ထားခဲ့ပြီး အိမ်ဟာ သူ့စိတ် ပေါက်ကွဲထွက်ရာ နေရာအဖြစ် အသုံးမချသူ ကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

၃။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် ဘယ်လောက်ပဲ ဇနီးမယားနဲ့ ဒေါသတကြီး ရန်ဖြစ်ထားပါစေ ကလေးတွေက "ဖေဖေ"လို့ခေါ်လိုက်ရင် "ဟေ" ဆိုတဲ့ အသံနောက်မှာ အပြုံးတွေ အလိုလို ပါပြီးသား ဖြစ်နေသူ ကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

၄။ အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် သားသမီးကို ရိုက်ချင်ရိုက်မယ် ဒါပေမဲ့ ဇနီးမယားကို ထွက်တဲ့ ဒေါသကို သားသမီးဆီ ပုံချတဲ့ ရိုက်နှက်မှုမျိုးနဲ့ သားသမီးကို မနာကျင်စေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

၅။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် သူရှာတဲ့ ဝင်ငွေ နည်းချင် နည်းမယ် များချင် များမယ် ဒါပေမဲ့ သူရှာရသမျှ သူ့ဇနီးလက်ထဲမရောက်ချင်နေ သူဘယ်လောက် ရှာရသလဲ သူ့ဇနီး သိစေရမယ်။ ဇနီးကို အပ်တဲ့ငွေဟာ အိမ်ဖော်ကို ပေးတဲ့ ထမင်းရိတ်ဖိုးထက်တော့ သာနေရမယ်လေ။

၆။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် သူကိုယ်တိုင် စုတ်တီးစုတ်ပြတ် နေချင်နေမယ် သူအရိပ်အောက်က ဇနီးသားသမီးဟာ အများထက် မသာတောင် မလျော့စေရသူ၊ သူ့အရိပ် မှီနေတဲ့အတွက် အေးချမ်းနေ စေရမယ်။ ဘာလို့လဲဆိုတော့ သူဟာ အားလုံးကို အရိပ်အာဝါသ ပေးနေတဲ့ သစ်ပင်ကြီးလို စိတ်ဓာတ်ပိုင်ရှင်မျိုးကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

၇။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် တစုံတယောက်ကို မပေါက်ကွဲ ခဲ့ရသမျှ ဒေါသတွေကို ဇနီးမယားထံ ပုံချပြီး မပေါက်ကွဲ မယ့်သူကို အိမ်ဦးနတ်လို့ ခေါ်တာပါ။

၈။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် ဘာပဲလုပ်မယ် စဉ်းစားလိုက်ပါစေ သူ့အနောက်က သူ့ကို မှီခိုနေတဲ့ဘဝ (ဇနီး) သူ့တည်ဆောက် ထားတဲ့ဘဝ (သားသမီး) အဲဒီဘဝတွေကို ပြန်ငှဲ့ကြည့် တတ်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

၉။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် ကိုယ်လက်တွဲထားတဲ့ ဇနီးမယား ဘယ်လို ကျန်းမာရေးမျိုး မဆို ရင်ဆိုင်ရပါစေ၊ ဘယ်လိုခန္ဓာကိုယ် အချိုးအစား ပြောင်းလဲသွားပါစေ၊ အဆုံးစွန် ဒုက္ခိတ ဖြစ်သွားပါစေအုံး မပစ်ခွာရစ်ပဲ ခန္ဓာကိုယ် သာမက သူ့စိတ်နှလုံးကိုပါ ချစ်နိုင်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်ထိုက်တာပါ။

၁၀။ အိမ်ဦးနတ်ဟု ခေါ်ထိုက်သူသည် ဘယ်လို လောကဓံမျိုးနဲ့ ကြုံပါစေ ရှောင်မပြေးပဲ သူကိုယ်တိုင်ရှေ့မှာ မားမားမတ်မတ် ကြံကြံခံ ရှိနေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။ အလကားနေ မယားယူ၊ သားသမီး မွေးပြီး နေနေတိုင်း အိမ်ဦးနတ်လို့ အမည် မတွင်ပါဘူး။ Crd

Post a Comment

0 Comments