အလကားရသော အရာ

တခါတုန်းက လူတယောက်သည် တိရစ္ဆာန် ဥယျာဉ် နှင့် တွဲလျက် ပျော်ရွှင်စရာ နေရာ တခုကို တည်ထောင် ဖွင့်လှစ် လိုက်သည်။

သူသည် တိရစ္ဆာန် ဥယျာဉ် ဝင်ကြေးကို ၅၀၀၀ ကျပ် ဟု သတ်မှတ် လိုက်သည်။ သို့သော် မည်သူမျှ မလာကြပေ။

ထိုအခါ ဝင်ကြေးကို ၄၀၀၀ ကျပ် ဟု လျှော့ချ သတ်မှတ် လိုက်သည်။ မည်သူမျှ မလာကြ သေးပေ။

ဒီတခါတော့ ဝင်ကြေးကို ၂၀၀၀ ကျပ် ဟု ဈေးလျှော့လိုက် ပြန်သည်။ ယခင်အတိုင်းပင် သူ၏ တိရစ္ဆာန် ဥယျာဉ်အား လာမည့် ဧည့်သည် မရှိပေ။

ဤတွင် ထိုလူသည် ဝင်ကြေးအား အခမဲ့ ဟု ကြေငြာလိုက်ရာ သူ၏ တိရစ္ဆာန် ဥယျာဉ် အပြည့် လူများ လာရောက် လည်ပတ် ကြလေသည်။

ထိုအခါ ထိုလူသည် သူ၏ တိရစ္ဆာန် ဥယျာဉ် အဝင် တံခါးအား တိတ်တဆိတ် သော့ခတ်လိုက် လေတော့သည်။

ထို့နောက် ခြင်္သေ့များ ထားသော ရုံကို တံခါး ဖွင့်ပေး လိုက်ပြီးနောက် ထွက်ပေါက်တွင် စာကပ်ထား လိုက်သည်။

အထွက်ကြေး - ၁၅၀၀၀၀ ကျပ်

ထိုအခါတော့ အတွင်းမှ လူများသည် ငွေကို လျောလျော ရှူရှူ နှင့် ပေး၍ ထွက်သွားကြ လေတော့သည်။

သင်ခန်းစာ။ ။ ဘဝမှာ အလကား ရသည့် ကမ်းလှမ်းချက် များသည် တချိန်တွင် ဒုက္ခ တွေ့နိုင်သည်။ လောကတွင် မည်သည့်အရာမှ အလကား မရပါ။ Crd

Zawgyi

ဝင္ေၾကး အခမဲ့

တခါတုန္းက လူတေယာက္သည္ တိရစာၦန္ ဥယ်ာဥ္ ႏွင့္ တြဲလ်က္ ေပ်ာ္႐ႊင္စရာ ေနရာ တခုကို တည္ေထာင္ ဖြင့္လွစ္ လိုက္သည္။

သူသည္ တိရစာၦန္ ဥယ်ာဥ္ ဝင္ေၾကးကို ၅၀၀၀ က်ပ္ ဟု သတ္မွတ္ လိုက္သည္။ သို႔ေသာ္ မည္သူမွ် မလာၾကေပ။

ထိုအခါ ဝင္ေၾကးကို ၄၀၀၀ က်ပ္ ဟု ေလွ်ာ့ခ် သတ္မွတ္ လိုက္သည္။ မည္သူမွ် မလာၾက ေသးေပ။

ဒီတခါေတာ့ ဝင္ေၾကးကို ၂၀၀၀ က်ပ္ ဟု ေဈးေလွ်ာ့လိုက္ ျပန္သည္။ ယခင္အတိုင္းပင္ သူ၏ တိရစာၦန္ ဥယ်ာဥ္အား လာမည့္ ဧည့္သည္ မရွိေပ။

ဤတြင္ ထိုလူသည္ ဝင္ေၾကးအား အခမဲ့ ဟု ေၾကျငာလိုက္ရာ သူ၏ တိရစာၦန္ ဥယ်ာဥ္ အျပည့္ လူမ်ား လာေရာက္ လည္ပတ္ ၾကေလသည္။

ထိုအခါ ထိုလူသည္ သူ၏ တိရစာၦန္ ဥယ်ာဥ္ အဝင္ တံခါးအား တိတ္တဆိတ္ ေသာ့ခတ္လိုက္ ေလေတာ့သည္။

ထို႔ေနာက္ ျခေသၤ့မ်ား ထားေသာ ႐ုံကို တံခါး ဖြင့္ေပး လိုက္ၿပီးေနာက္ ထြက္ေပါက္တြင္ စာကပ္ထား လိုက္သည္။

အထြက္ေၾကး - ၁၅၀၀၀၀ က်ပ္

ထိုအခါေတာ့ အတြင္းမွ လူမ်ားသည္ ေငြကို ေလ်ာေလ်ာ ရႉရႉ ႏွင့္ ေပး၍ ထြက္သြားၾက ေလေတာ့သည္။

သင္ခန္းစာ။ ။ ဘဝမွာ အလကား ရသည့္ ကမ္းလွမ္းခ်က္ မ်ားသည္ တခ်ိန္တြင္ ဒုကၡ ေတြ႕ႏိုင္သည္။ ေလာကတြင္ မည္သည့္အရာမွ အလကား မရပါ။ Crd

Post a Comment

0 Comments