Free wi-fi တွေကို သုံးတဲ့အခါ သတိထားသင့်တဲ့အချက် (၁၀) ချက်

Free wi-fi တွေက လွယ်လွယ်ကူကူ သုံးလို့ရနိုင်တယ် ဆိုပေမယ့် သူ့ရဲ့နောက်ကွယ်မှာလည်း အန္တရာယ်တွေ ရှိပါသေးတယ်။ လူအများသုံးတဲ့ Free wi-fi တွေကို သုံးတဲ့အခါ မေ့မထားသင့်တဲ့ အချက်တွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။

Free wi-fi နဲ့ ချိတ်ပြီး Internet banking ကိစ္စတွေကို မလုပ်ဆောင်သင့်ပါဘူး။ Free wi-fi သုံးတဲ့အခါ hacker တွေက အလွယ်တကူ အချက်အလက်တွေကို ခိုးယူနိုင်ပါတယ်။

သင့်ဘဏ်အကောင့် လုံခြုံရေးအတွက် Free wi-fi မသုံးဘဲ Megabytes အနည်းငယ် အကုန်ခံပြီးတော့ အန္တရာယ်ကင်းကင်း အသုံးပြုသင့်ပါတယ်။

၂။

wi-fi ကို မသုံးဖြစ်ရင် ပိတ်ထားပါ။ အဲဒီအခါ ဖုန်းဘက်ထရီလည်း သက်သာပြီး သင့်ရဲ့တည်နေရာကိုလည်း ခြေရာခံလို့ မရနိုင်တော့ပါဘူး။

၃။

Free wi-fi အသုံးပြုတဲ့အခါ VPN ကို အသုံးပြုပါ။ VPN ကို အသုံးပြုတဲ့အခါ နှေးပေမယ့် စိတ်ချရပါတယ်။ VPN အများစုက လစဉ်ကြေးပေးရပေမယ့် သင့်အတွက် အများကြီး အကျိုးရှိစေမှာပါ။

၄။

Free wi-fi ကို အသုံးပြုပြီးတဲ့အခါတိုင်း ပြန်ဖျက်ပါ။ တစ်ခါတရံ Free wi-fi‌ တွေက သင့်ဖုန်းနဲ့ တစ်ခါချိတ်ထားဖူးရင် အလိုအလျောက် ပြန်ချိတ်နေတတ်တာကြောင့် အချက်အလက် ခိုးယူချင်သူတွေအတွက် အခွင့်အရေးပါပဲ။

၅။

Free wi-fi ကို သုံးတော့မယ်ဆိုရင် နာမည်ကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။ hacker တွေက Free wi-fiနဲ့ ဆင်တူရိုးမှားနာမည်တွေ ပြုလုပ်ပြီး သင့်ရဲ့ လျှို့ဝှက်နံပါတ်တွေ အားလုံးကို သိသွားနိုင်ပါတယ်။

၆။

ဖုန်းထဲမှာ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးတဲ့ software ကို အမြဲထည့်ထားသင့်ပါတယ်။ Hack တဲ့ပုံစံတွေကလည်း နေ့စဉ်မထပ်အောင် ထွက်နေတာကြောင့် ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးတဲ့ နောက်ဆုံးပေါ် software ကို သုံးသင့်ပါတယ်။ Antivirus software တွေက hotspot connection အတုတွေကို ချိတ်မိရင်လည်း သတိပေးတတ်ပါတယ်။

၇။

Network တစ်ခုကို ချိတ်ရင် တခြားလုံခြုံရေးစနစ်တွေ မလိုပါဘူး။ ဒါပေမယ့် ပိုပြီး လုံခြုံမှုရှိဖို့အတွက် two-stage authentication ကို ပြုလုပ်ထားသင့်ပါတယ်။

၈။

Password တွေကို ချမရေးထားသင့်ဘူး ဆိုပေမယ့် တချို့ပေါ့ဆမှုတွေကြောင့် မလိုလားအပ်တဲ့အရာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ Password တွေကို Password manager လိုမျိုး စိတ်ချရတဲ့နေရာမျိုးမှာ သိမ်းထားသင့်ပါတယ်။

၉။

Link တစ်ခုကို ဝင်တော့မယ်ဆိုရင် webesite url ကို အရင်စစ်ဆေးပါ။ တချို့သော Link တွေထဲကို ဝင်မိရင် မိမိအချက်အလက်တွေက သူတို့ဆီကို အလိုအလျောက် ရောက်သွားတတ်ပါတယ်။

ယုံကြည်ရပြီး သေချာတဲ့ browser တွေကိုပဲ သုံးပါ။

၁၀။

Safe connetion ဖြစ်လားဆိုတာကို သိဖို့အတွက် ပုံမှန်သုံးနေကျ http:// အစား https:// လို့ ရှာပါ။ Google လိုမျိုး စိတ်ချရတဲ့ websites တွေက အချက်အလက်တွေကို လွှဲပြောင်းပေးဖို့ secure connection ကို အမြဲသုံးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments