တံငါသည်နဲ့ ငါးရှဉ့်

ရှေးရှေးတုန်းက ဂျပန်တံငါတွေဟာ ငါးရှဉ့်ဖမ်း ထွက်ကြတော့ သူတို့ရဲ့ လှေက သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဉ့်တွေဟာ ကမ်းမကပ်ခင် သေကုန် ကြတယ်။

ဒါပေမယ့် တံငါသည်တဦးရဲ့ လှေအပြင် အဆင်တွေက တခြား တံငါသည်တွေရဲ့ လှေနဲ့ တူတယ် ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက ကမ်းကပ်တဲ့ အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။

ဒါကြောင့် သူ့ငါးရှဉ့် အရှင်တွေက တခြား သူတွေထက် အမြဲ ဈေးကောင်း ပိုရ ခဲ့တယ်။

နှစ်တွေကြာ လာတော့ အဲဒီ တံငါသည်ဟာ စုမိဆောင်းမိ လာသလို အရွယ်ထောက် လာတာကြောင့် ငါးဖမ်း မထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သူ့ရဲ့ သားကို ငါးရှဉ့်ဖမ်းတဲ့ လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီ လျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူ တချို့ ထည့်ထားပြီး ဖမ်းရတဲ့ ငါးရှဉ့်ကို ငါးခူနဲ့ အတူ ရောထည့်ထားလိုက်တယ်။ ရောထည့် ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ် ကြတော့တယ်။

ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဉ့်က မဖြစ်မနေ ပြန်ခုခံ ရတယ်။ ငါးရှဉ့်ရဲ့ "အသက်ရှင်ရေး" ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန်တိုက်ခိုက်မှု အောက်မှာ အလိုအလျှောက် ထကြွလာ ခဲ့တယ်။

ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့ အထိ မသေဘဲ ရှိနေခဲ့တာ ဖြစ်တယ်။ တံငါသည်က ဆက်ပြီး သားကို ပြောပြ ခဲ့တယ်။

ကမ်းမကပ်ခင် သေရတဲ့ ငါးရှဉ့်တွေက "သူတို့ကို ဖမ်းမိသွားပြီ ဘယ်လိုပဲ ရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူး" ဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီး သွားခဲ့တယ်။

ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာ မနေရဘဲ အချိန်တို အတွင်း သေသွားကြတာ ဖြစ်တယ်။ တံငါသည်က စိန်ခေါ်မှု တွေကို သတ္တိရှိရှိ ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင် နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီး ပြည့်စုံလာမယ့် အကြောင်း သားကို သင်ပြ ပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှု အတင့်သင့် ရှိလာတဲ့ အခါ ဒီပုံပြင်ကို ပြောပြလေ့ ရှိကြပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှု တွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည် တွေကြောင့် ဂျပန်နိုင်ငံက ယနေ့ အာရှမှာ အတိုးတက်ဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့ပါတယ်။ 99Snay

Zawgyi

တံငါသည္ႏဲ့ ငါးရွဥ့္

ေရွးေရွးတုန္းက ဂ်ပန္တံငါေတြဟာ ငါးရွဥ့္ဖမ္း ထြက္ၾကေတာ့ သူတို႔ရဲ႕ ေလွက ေသးတာေၾကာင့္ ေလွဝမ္းထဲ ဖမ္းရထားတဲ့ ငါးရွဥ့္ေတြဟာ ကမ္းမကပ္ခင္ ေသကုန္ ၾကတယ္။

ဒါေပမယ့္ တံငါသည္တဦးရဲ႕ ေလွအျပင္ အဆင္ေတြက တျခား တံငါသည္ေတြရဲ႕ ေလွနဲ႔ တူတယ္ ဆိုေပမယ့္ သူဖမ္းရတဲ့ ငါးရွဥ့္ေတြက ကမ္းကပ္တဲ့ အထိ မေသဘဲ ရွိေနေသးတာကို ေတြ႕ရတယ္။

ဒါေၾကာင့္ သူ႔ငါးရွဥ့္ အရွင္ေတြက တျခား သူေတြထက္ အၿမဲ ေဈးေကာင္း ပိုရ ခဲ့တယ္။

ႏွစ္ေတြၾကာ လာေတာ့ အဲဒီ တံငါသည္ဟာ စုမိေဆာင္းမိ လာသလို အ႐ြယ္ေထာက္ လာတာေၾကာင့္ ငါးဖမ္း မထြက္ခဲ့ေတာ့ဘူး။ ဒါေပမယ့္ သူ႔ရဲ႕ သားကို ငါးရွဥ့္ဖမ္းတဲ့ လွ်ိဳ႕ဝွက္ခ်က္ သင္ေပးလိုက္တယ္။

အဲဒီ လွ်ိဳ႕ဝွက္ခ်က္က တံငါသည္ဟာ ေလွဝမ္းထဲမွာ ငါးခူ တခ်ိဳ႕ ထည့္ထားၿပီး ဖမ္းရတဲ့ ငါးရွဥ့္ကို ငါးခူနဲ႔ အတူ ေရာထည့္ထားလိုက္တယ္။ ေရာထည့္ ခံရတဲ့ ငါးႏွစ္မ်ိဳးဟာ အခ်င္းခ်င္း ကိုက္ျဖတ္ ၾကေတာ့တယ္။

ငါးခူရဲ႕ တိုက္ခိုက္မႈကို ငါးရွဥ့္က မျဖစ္မေန ျပန္ခုခံ ရတယ္။ ငါးရွဥ့္ရဲ႕ "အသက္ရွင္ေရး" ဆိုတဲ့ သဘာဝစိတ္က အျပန္အလွန္တိုက္ခိုက္မႈ ေအာက္မွာ အလိုအေလွ်ာက္ ထႂကြလာ ခဲ့တယ္။

ဒါေၾကာင့္ သူတို႔ဟာ ကမ္းကပ္တဲ့ အထိ မေသဘဲ ရွိေနခဲ့တာ ျဖစ္တယ္။ တံငါသည္က ဆက္ၿပီး သားကို ေျပာျပ ခဲ့တယ္။

ကမ္းမကပ္ခင္ ေသရတဲ့ ငါးရွဥ့္ေတြက "သူတို႔ကို ဖမ္းမိသြားၿပီ ဘယ္လိုပဲ ႐ုန္း႐ုန္း လြတ္ေတာ့မွာ မဟုတ္ဘူး" ဆိုၿပီး ေသဖို႔ကိုပဲ ေစာင့္ေနခဲ့ ၾကလို႔ သူတို႔ရဲ႕ အသက္ရွင္ဖို႔ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္က အလြယ္တကူ ပ်က္စီး သြားခဲ့တယ္။

ဒါေၾကာင့္ ေလွဝမ္းထဲမွာ ၾကာၾကာ မေနရဘဲ အခ်ိန္တို အတြင္း ေသသြားၾကတာ ျဖစ္တယ္။ တံငါသည္က စိန္ေခၚမႈ ေတြကို သတၱိရွိရွိ ရင္ဆိုင္ဖို႔၊ စိန္ေခၚမႈေၾကာင့္ ဘဝရဲ႕ အသက္ရွင္ ႏိုင္စြမ္းနဲ႔ ေမွ်ာ္လင့္ခ်က္က ပိုၿပီး ျပည့္စုံလာမယ့္ အေၾကာင္း သားကို သင္ျပ ေပးခဲ့တယ္။

ဂ်ပန္မိဘေတြက ကိုယ့္သားသမီး ႀကီးျပင္းလို႔ နားလည္မႈ အတင့္သင့္ ရွိလာတဲ့ အခါ ဒီပုံျပင္ကို ေျပာျပေလ့ ရွိၾကပါတယ္။ ဒါေၾကာင့္ ဂ်ပန္လူမ်ိဳးေတြရဲ႕ ဘဝစိန္ေခၚမႈ ေတြကို ရင္ဆိုင္ရဲတဲ့ သတၱိ၊ စြမ္းရည္ ေတြေၾကာင့္ ဂ်ပန္ႏိုင္ငံက ယေန႔ အာရွမွာ အတိုးတက္ဆုံး ႏိုင္ငံေတြထဲက တႏိုင္ငံ ျဖစ္ခဲ့ပါတယ္။ 99Snay

Post a Comment

0 Comments