အမှားနှင့်အမှန်

ဦးမြမောင် တယောက် ရေဒီယို နားထောင်နေရင်း အထူးသတင်း ကြေငြာချက် တခုကို ကြားလိုက်ရ ပါတယ်။

အဲဒါကတော့ အမှတ် ၆ တလမ်းမောင်း ကားလမ်းမကြီး ပေါ်မှာ ကားတစီးက လမ်းပြောင်းပြန်တွေ မောင်းလာလို့ အဲဒီ လမ်းပေါ်မှာ မောင်းနှင် နေကြတဲ့ ကားတွေကို သတိထားကြဖို့ ရေဒီယိုက ကြေငြာတာပါ။

ဒီသတင်းကို ကြားကြားမိခြင်း ဦးမြမောင်ဟာ သူ့ရဲ့ သူငယ်ချင်း ဦးဘမင်းကို သတိရ သွားတယ်။ ဦးဘမင်းလည်း ဒီအချိန်ဆို အမှတ် ၆ ကားလမ်းမ ပေါ်မှာ မောင်းနေမှာလေ။

အဲဒါနဲ့ ဦးမြမောင်လည်း ဦးဘမင်း အတွက် စိတ်ပူလို့ သူ့ဖုန်းကို လှမ်းဆက် ပါတော့တယ်။

ဦးမြမောင် ။ ။ ဟေး၊ သူငယ်ချင်း ဘမင်း။ အခု မင်း အမှတ် ၆ လမ်းမ ပေါ်မှာ မောင်းနေတာ မှတ်လား။ အဲဒီမှာ ကားတစီး စိတ်ရူးပေါက်ပြီး လမ်းပြောင်းပြန်တွေ လျှောက်မောင်း နေတယ် ကြားတယ်ကွ။ သတိထားဦး။

ဦးဘမင်း ။ ။ ဟေ့ကောင်ရေ တစီးတည်း မကဘူးကွ၊ ငါ မြင်သမျှ ကားတိုင်းက လမ်းပြောင်းပြန်တွေ ချည်းပဲ မောင်းလာတာ ငါ့မှာ မနည်းရှောင်ပြီး မောင်းနေရတာ။

တကယ်က ဦးဘမင်းက လမ်းပြောင်းပြန် မောင်းနေတာပါ။ ဒါကြောင့်မို့ သူ့ရဲ့ အမြင်မှာ လာနေသမျှ ကားတိုင်းဟာ လမ်းပြောင်းပြန် မောင်းနေသလို ဖြစ်နေတာပါ။

သင်ခန်းစာ ။ ။ ဘယ်သူ မှားမှား၊ ကိုယ် အမြဲ မှန်တယ် လို့ ထင်နေကြ သူတွေ ရှိကြပါတယ်။

တကယ်တမ်းမှာလည်း အဲဒီလို ခေါင်းမာသူ၊ အယူသည်းသူတွေ ကိုယ်တိုင်ကလည်း မှားနေသူ ဖြစ်နိုင်ပါတယ်။

အဲဒီလို လူတွေထဲမှာ ကိုယ် မပါချင် ရင်တော့ ပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာ သုံးသပ်ဖို့ လိုပါတယ်။ Kyaw Thant

Zawgyi

အမွားႏွင့္အမွန္

ဦးျမေမာင္ တေယာက္ ေရဒီယို နားေထာင္ေနရင္း အထူးသတင္း ေၾကျငာခ်က္ တခုကို ၾကားလိုက္ရ ပါတယ္။ အဲဒါကေတာ့ အမွတ္ ၆ တလမ္းေမာင္း ကားလမ္းမႀကီး ေပၚမွာ ကားတစီးက လမ္းေျပာင္းျပန္ေတြ ေမာင္းလာလို႔ အဲဒီ လမ္းေပၚမွာ ေမာင္းႏွင္ ေနၾကတဲ့ ကားေတြကို သတိထားၾကဖို႔ ေရဒီယိုက ေၾကျငာတာပါ။

ဒီသတင္းကို ၾကားၾကားမိျခင္း ဦးျမေမာင္ဟာ သူ႔ရဲ႕ သူငယ္ခ်င္း ဦးဘမင္းကို သတိရ သြားတယ္။ ဦးဘမင္းလည္း ဒီအခ်ိန္ဆို အမွတ္ ၆ ကားလမ္းမ ေပၚမွာ ေမာင္းေနမွာေလ။ အဲဒါနဲ႔ ဦးျမေမာင္လည္း ဦးဘမင္း အတြက္ စိတ္ပူလို႔ သူ႔ဖုန္းကို လွမ္းဆက္ ပါေတာ့တယ္။

ဦးျမေမာင္ ။ ။ ေဟး၊ သူငယ္ခ်င္း ဘမင္း။ အခု မင္း အမွတ္ ၆ လမ္းမ ေပၚမွာ ေမာင္းေနတာ မွတ္လား။ အဲဒီမွာ ကားတစီး စိတ္႐ူးေပါက္ၿပီး လမ္းေျပာင္းျပန္ေတြ ေလွ်ာက္ေမာင္း ေနတယ္ ၾကားတယ္ကြ။ သတိထားဦး။

ဦးဘမင္း ။ ။ ေဟ့ေကာင္ေရ တစီးတည္း မကဘူးကြ၊ ငါ ျမင္သမွ် ကားတိုင္းက လမ္းေျပာင္းျပန္ေတြ ခ်ည္းပဲ ေမာင္းလာတာ ငါ့မွာ မနည္းေရွာင္ၿပီး ေမာင္းေနရတာ။

တကယ္က ဦးဘမင္းက လမ္းေျပာင္းျပန္ ေမာင္းေနတာပါ။ ဒါေၾကာင့္မို႔ သူ႔ရဲ႕ အျမင္မွာ လာေနသမွ် ကားတိုင္းဟာ လမ္းေျပာင္းျပန္ ေမာင္းေနသလို ျဖစ္ေနတာပါ။

သင္ခန္းစာ ။ ။ ဘယ္သူ မွားမွား၊ ကိုယ္ အၿမဲ မွန္တယ္ လို႔ ထင္ေနၾက သူေတြ ရွိၾကပါတယ္။ တကယ္တမ္းမွာလည္း အဲဒီလို ေခါင္းမာသူ၊ အယူသည္းသူေတြ ကိုယ္တိုင္ကလည္း မွားေနသူ ျဖစ္ႏိုင္ပါတယ္။ အဲဒီလို လူေတြထဲမွာ ကိုယ္ မပါခ်င္ ရင္ေတာ့ ပတ္ဝန္းက်င္ကို အၿမဲမျပတ္ ေလ့လာ သုံးသပ္ဖို႔ လိုပါတယ္။ Kyaw Thant

Post a Comment

0 Comments