ရန်သူလားမိတ်ဆွေလား

တခါတုန်းကပေါ့။ ရွာလေး တရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေကြတယ်။ တဦးက လယ်သမား ဖြစ်ပြီး နောက်တဦးကတော့ မုဆိုးတယောက် ဖြစ်ပါတယ်။

လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေ မွေးထားတယ်။ မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက် ခွေးတွေ မွေးမြူထား ခဲ့တယ်။ မကြာခဏ ဆိုသလိုပဲ အမဲလိုက် ခွေးတွေဟာ လယ်သမားရဲ့ ခြံထဲကို ဝင်ရောက်ပြီး လယ်သမား မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ် စားသောက်လေ့ ရှိကြတယ်။

လယ်သမားက အဲဒါနဲ့ မုဆိုးဆီ သွားပြီး အမဲလိုက် ခွေးတွေကို ထိမ်းသိမ်း ထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်း နေပြီး ခွေးတွေကို ဒီအတိုင်း လွှတ်ထားခဲ့တယ်။

နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကို သည်းမခံ နိုင်တော့ပဲ ရွာမှာရှိတဲ့ အကြီးအကဲဆီ သွားပြီး မုဆိုးရဲ့ ခွေးတွေကို အရေးယူ ပေးဖို့ တောင်းဆို ခဲ့တယ်။ လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ ပြည့်စုံတဲ့ အကြီးအကဲက အောက်ပါအတိုင်း ပြောတယ်။

"အဲဒီ မုဆိုးကို ကျုပ်က အရေးယူ ပေးလို့ ရပါတယ်။ ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါတယ်။ အဲဒီလို လုပ်လိုက်မယ် ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်း တယောက် ဆုံးရှုံးသွား နိုင်ပါတယ်။ ခင်ဗျားနဲ့ အတူ နေရတဲ့ အိမ်နီးနားချင်းကို ရန်သူ ဖြစ်စေချင်သလား မိတ်ဆွေ ဖြစ်စေချင် ပါသလား"

လယ်သမားက တချက် စဉ်းစား လိုက်ပြီး "မိတ်ဆွေပဲ ဖြစ်စေချင်ပါတယ်" ဖြေလိုက်တယ်။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ်။ "ကောင်းပါပြီ ဒါဆို ကျုပ်အကြံ တခု ပေးပါ့မယ်။ ဘဲတွေ မဆုံးရှုံး စေရသလို မိတ်ဆွေတယောက် တိုးလာ ပါလိမ့်မယ်"

လယ်သမားက အကြီးအကဲ ပြောတဲ့အတိုင်း အိမ်ကို ပြန်သွားတယ်။ ပြီးတော့ အိမ်မှာ မွေးထားတဲ့ ဘဲတွေထဲက အလှဆုံး ဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့ သားလေးယောက်ကို လက်ဆောင်အဖြစ် ပေးလိုက်တယ်။

လက်ဆောင် ဘဲလေးတွေနဲ့ နေ့တိုင်း ပျော်ရွှင်စွာ ကစားနေတဲ့ သားလေးယောက်ကို တွေ့တဲ့ အခါ မုဆိုးဟာ နေ့တိုင်း ဝမ်းသာကြည်နူး နေရတယ်။ ပြီးတော့ သားလေးတွေ လက်ဆောင် ရထားတဲ့ ဘဲတွေကို ကိုက်စားမှာ စိုးလို့ အမဲလိုက် ခွေးတွေကို သေချာ လှောင်ထားလိုက် ပါတော့တယ်။

လယ်သမားကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲလိုက်လို့ ပြန်လာတဲ့ အခါ အသားတွေကို ဝေငှ ပေးတတ် လာပါတယ် ။ လယ်သမား ကလည်း ခြံထွက် သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ် မုဆိုးကို ပေးခဲ့တယ်။ ဒီလိုနဲ့သူတို့ နှစ်ဦးဟာ အိမ်နီးချင်း ကောင်းတွေ ဖြစ်လာကြ ပါတယ်။

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာ တခုထဲ ကြည့်နေလို့ မဖြစ်နိုင်ပါဘူး။ သူတပါးကို ဘယ်လို ဖြည့်ဆည်း ပေးလိုက်ရင် မိတ်ဆွေ ဖြစ်သွားမလဲ ဆိုတဲ့ အချက်ကလည်း အရေးကြီး လှပါတယ်။ ကိုယ်ချင်းစာစိတ်လေးက အရေးအကြီးဆုံး ပါပဲ။

မိတ်ဆွေစစ် မိတ်ဆွေမှန်ကို လိုချင်ရင် ကိုယ့်လိုအင်ဆန္ဒ တခုထဲ၊ ကိုယ်ဖြစ်ချင်တာ တခုထဲကိုပဲ ဦးစားမပေး ပါနဲ့။ တကိုယ်ကောင်း မဆန်ပါနဲ့။ သူ့ဖက်ကိုလည်း စာနာပြီး ဦးစားပေး တတ်မှသာ ရန်သူဘဝ ကနေ မိတ်ဆွေ ဖြစ်သွားနိုင်တာပါ။ မိတ်ဆွေကရော ရန်သူ လိုချင်တာလား၊ မိတ်ဆွေ လိုချင်တာလား။

Crd

Zawgyi

ရန္သူလားမိတ္ေဆြလား

တခါတုန္းကေပါ့။ ႐ြာေလး တ႐ြာမွာ လူႏွစ္ေယာက္ဟာ အိမ္နီးနားခ်င္းေတြ အျဖစ္ ေနၾကတယ္။ တဦးက လယ္သမား ျဖစ္ၿပီး ေနာက္တဦးကေတာ့ မုဆိုးတေယာက္ ျဖစ္ပါတယ္။

လယ္သမားဟာ သူေနတဲ့ အိမ္ကေလးမွာ ဘဲေတြ ေမြးထားတယ္။ မုဆိုးကေတာ့ သူ႔ၿခံဝန္းထဲမွာ အမဲလိုက္ ေခြးေတြ ေမြးျမဴထား ခဲ့တယ္။ မၾကာခဏ ဆိုသလိုပဲ အမဲလိုက္ ေခြးေတြဟာ လယ္သမားရဲ႕ ၿခံထဲကို ဝင္ေရာက္ၿပီး လယ္သမား ေမြးထားတဲ့ ဘဲေတြကို သတ္ျဖတ္ စားေသာက္ေလ့ ရွိၾကတယ္။

လယ္သမားက အဲဒါနဲ႔ မုဆိုးဆီ သြားၿပီး အမဲလိုက္ ေခြးေတြကို ထိမ္းသိမ္း ထားဖို႔နဲ႔ လႊတ္မထားဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့တယ္။ ဒါေပမယ့္ မုဆိုးဟာ ေနၿမဲအတိုင္း ေနၿပီး ေခြးေတြကို ဒီအတိုင္း လႊတ္ထားခဲ့တယ္။

ေနာက္ဆုံးေတာ့ လယ္သမားဟာ လုံးဝကို သည္းမခံ ႏိုင္ေတာ့ပဲ ႐ြာမွာရွိတဲ့ အႀကီးအကဲဆီ သြားၿပီး မုဆိုးရဲ႕ ေခြးေတြကို အေရးယူ ေပးဖို႔ ေတာင္းဆို ခဲ့တယ္။ လယ္သမားရဲ႕ ေျပာၾကားခ်က္ကို ၾကားၿပီးေတာ့ အသိပညာနဲ႔ ျပည့္စုံတဲ့ အႀကီးအကဲက ေအာက္ပါအတိုင္း ေျပာတယ္။

"အဲဒီ မုဆိုးကို က်ဳပ္က အေရးယူ ေပးလို႔ ရပါတယ္။ ေခြးေတြကိုလည္း ခ်ဳပ္ေႏွာင္ထားဖို႔ အမိန႔္ေပးလို႔ ရပါတယ္။ အဲဒီလို လုပ္လိုက္မယ္ ဆိုရင္ ခင္မ်ားမွာ မိတ္ေဆြေကာင္း အိမ္နီးနားခ်င္း တေယာက္ ဆုံးရႈံးသြား ႏိုင္ပါတယ္။ ခင္ဗ်ားနဲ႔ အတူ ေနရတဲ့ အိမ္နီးနားခ်င္းကို ရန္သူ ျဖစ္ေစခ်င္သလား မိတ္ေဆြ ျဖစ္ေစခ်င္ ပါသလား"

လယ္သမားက တခ်က္ စဥ္းစား လိုက္ၿပီး "မိတ္ေဆြပဲ ျဖစ္ေစခ်င္ပါတယ္" ေျဖလိုက္တယ္။ အဲဒီအခါ အႀကီးအကဲက ဆက္ေျပာတယ္။ "ေကာင္းပါၿပီ ဒါဆို က်ဳပ္အႀကံ တခု ေပးပါ့မယ္။ ဘဲေတြ မဆုံးရႈံး ေစရသလို မိတ္ေဆြတေယာက္ တိုးလာ ပါလိမ့္မယ္"

လယ္သမားက အႀကီးအကဲ ေျပာတဲ့အတိုင္း အိမ္ကို ျပန္သြားတယ္။ ၿပီးေတာ့ အိမ္မွာ ေမြးထားတဲ့ ဘဲေတြထဲက အလွဆုံး ဘဲ ေလးေကာင္ကို ေ႐ြးၿပီး မုဆိုးရဲ႕ သားေလးေယာက္ကို လက္ေဆာင္အျဖစ္ ေပးလိုက္တယ္။

လက္ေဆာင္ ဘဲေလးေတြနဲ႔ ေန႔တိုင္း ေပ်ာ္႐ႊင္စြာ ကစားေနတဲ့ သားေလးေယာက္ကို ေတြ႕တဲ့ အခါ မုဆိုးဟာ ေန႔တိုင္း ဝမ္းသာၾကည္ႏူး ေနရတယ္။ ၿပီးေတာ့ သားေလးေတြ လက္ေဆာင္ ရထားတဲ့ ဘဲေတြကို ကိုက္စားမွာ စိုးလို႔ အမဲလိုက္ ေခြးေတြကို ေသခ်ာ ေလွာင္ထားလိုက္ ပါေတာ့တယ္။

လယ္သမားကိုလည္း ေက်းဇူးေတြ တင္ၿပီး အမဲလိုက္လို႔ ျပန္လာတဲ့ အခါ အသားေတြကို ေဝငွ ေပးတတ္ လာပါတယ္ ။ လယ္သမား ကလည္း ၿခံထြက္ သီးႏွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ ဘဲဥေတြကို လက္ေဆာင္အျဖစ္ မုဆိုးကို ေပးခဲ့တယ္။ ဒီလိုနဲ႔သူတို႔ ႏွစ္ဦးဟာ အိမ္နီးခ်င္း ေကာင္းေတြ ျဖစ္လာၾက ပါတယ္။

တခါတေလ ေလာကႀကီးမွာ ကိုယ္လိုခ်င္တာ တခုထဲ ၾကည့္ေနလို႔ မျဖစ္ႏိုင္ပါဘူး။ သူတပါးကို ဘယ္လို ျဖည့္ဆည္း ေပးလိုက္ရင္ မိတ္ေဆြ ျဖစ္သြားမလဲ ဆိုတဲ့ အခ်က္ကလည္း အေရးႀကီး လွပါတယ္။ ကိုယ္ခ်င္းစာစိတ္ေလးက အေရးအႀကီးဆုံး ပါပဲ။

မိတ္ေဆြစစ္ မိတ္ေဆြမွန္ကို လိုခ်င္ရင္ ကိုယ့္လိုအင္ဆႏၵ တခုထဲ၊ ကိုယ္ျဖစ္ခ်င္တာ တခုထဲကိုပဲ ဦးစားမေပး ပါနဲ႔။ တကိုယ္ေကာင္း မဆန္ပါနဲ႔။ သူ႔ဖက္ကိုလည္း စာနာၿပီး ဦးစားေပး တတ္မွသာ ရန္သူဘဝ ကေန မိတ္ေဆြ ျဖစ္သြားႏိုင္တာပါ။ မိတ္ေဆြကေရာ ရန္သူ လိုခ်င္တာလား၊ မိတ္ေဆြ လိုခ်င္တာလား။

Crd

Post a Comment

0 Comments