အရေးမပါတာတွေအတွက် အချိန်မဖြုန်းပါနဲ့

တခါတုန်းက ဒသနိကဗေဒ ပါမောက္ခ တယောက်က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ်။ အတန်းလည်း စရော ဘာမပြော ညာမပြော နဲ့ ခရား အလွတ်တခုကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။

ပြီးတော့မှ "ဒီခရားက ပြည့်နေပြီလား" လို့ ကျောင်းသား ကျောင်းသူ တွေကို မေးလိုက်ပါတယ်။ ကျောင်းသားကျောင်းသူတွေ ကလည်း "ပြည့်နေပါပြီ" လို့ ဖြေကြပါတယ်။ အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲ လေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ်။

ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ်။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေ ကြားက နေရာလွတ် လေးတွေကို ရသလောက် နေရာ ဝင်ယူ ကြပါတယ်။ ပါမောက္ခကြီးက ကျောင်းသားကျောင်းသူ တွေကို "ဒီ ခရားက ပြည့်နေပြီလား" လို့ ဆက်မေးပြန် ပါတယ်။

ကျောင်းသားကျောင်းသူတွေ ကလည်း "ပြည့်နေပါပြီ" လို့ ထပ်ဖြေကြ ပြန်ပါတယ်။ ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့် ပြန်ပါတယ်။ သဲတွေကလည်း ခရားထဲမှာ ရှိတဲ့ နေရာလွတ် မှန်သမျှ နေရာ ဝင်ယူလိုက်ပါတယ်။

နောက် ထပ်တကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက "ခရားက ပြည့်ပြီလား" မေးပြန်ပါတယ်။ ကျောင်းသူ ကျောင်းသားများကလည်း "ဟုတ်ကဲ့ပါ" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။

ထိုအခါ ပါမောက္ခကြီးက "ကဲ ဒီခရားကို မင်းတို့ ဘဝလို့ ဆိုကြပါစို့။ ကျောက်ခဲတွေက မင်းတို့ ဘဝရဲ့ အရေးကြီးတဲ့ အရာတွေပဲ။ ဆိုလိုတာက ကိုယ့်ရဲ့ မိသားစု၊ ကျန်းမာရေး တွေပေါ့။ ကျန်တဲ့ အရာတွေ ဆုံးရှုံးရင် တောင်မှ အရေးကြီးတာ တွေက ကိုယ့်ဘဝ ထဲမှာ ကျန်နေသေး ပါတယ်။

ကျောက်စရစ်ခဲတွေ ကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စ တွေပေါ့။ သဲတွေ ကတော့ ဘဝရဲ့ အသေးအဖွဲ့ ကိစ္စလေး တွေပေါ့။

တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင် ထည့်လိုက်မယ် ဆိုရင် ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး။ မင်းတို့ရဲ့ လုပ်နိုင်သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေ အတွက်ပဲ အသုံးပြု လိုက်မယ် ဆိုရင် အခြား အရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။

ဒါကြောင့် အရေးကြီးတာကို အရင် လုပ်ကြပါ။ မိသားစုကို အချိန်ပေးပါ၊ အလုပ်ကိစ္စ တွေကို ဂရုစိုက်ပါ။ ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ" လို့ ပါမောက္ခကြီးက ဆုံးမ ပါတယ်။

ကျွန်တော်တို့ ဘဝတွေတိုင်းဟာ အချိန်တွေနဲ့ တည်ဆောက် ထားတာပါ။ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး။ ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန် ခဏလေးကို ဘဝအတွက် အရေး မပါတာ တွေနဲ့ မကုန်ဆုံးစေဘဲ အရေးကြီးတာတွေကို အရင်လုပ်ပြီး တန်ဖိုးရှိအောင် လုပ်ကြပါစို့။ Crd Aung Ko Latt (ရာမညမြေ)

Zawgyi

အေရးမပါတာေတြအတြက္ အခ်ိန္မျဖုန္းပါနဲ့

တခါတုန္းက ဒသနိကေဗဒ ပါေမာကၡ တေယာက္က အတန္းမစခင္မွာ စားပြဲေပၚမွာ ပစၥည္း ပစၥယ တခ်ိဳ႕ တင္ၿပီးေတာ့ ရပ္ေနပါတယ္။ အတန္းလည္း စေရာ ဘာမေျပာ ညာမေျပာ နဲ႔ ခရား အလြတ္တခုကို ယူၿပီးေတာ့ ေက်ာက္ခဲေတြ ထည့္လိုက္ပါတယ္။

ၿပီးေတာ့မွ "ဒီခရားက ျပည့္ေနၿပီလား" လို႔ ေက်ာင္းသား ေက်ာင္းသူ ေတြကို ေမးလိုက္ပါတယ္။ ေက်ာင္းသားေက်ာင္းသူေတြ ကလည္း "ျပည့္ေနပါၿပီ" လို႔ ေျဖၾကပါတယ္။ အဲဒါနဲ႔ ပါေမာကၡႀကီးက ေက်ာက္စရစ္ခဲ ေလးေတြ ေကာက္ၿပီးတာ့ ခရားထဲကို ေလာင္းထည့္ လိုက္ပါတယ္။

ခရားကို ျဖည္းျဖည္းျခင္း လႈပ္ၿပီးေတာ့ ဆက္ထည့္ပါတယ္။ ေက်ာက္စရစ္ခဲေလး ေတြက ပထမ ထည့္ထားတဲ့ ေက်ာက္ခဲေတြ ၾကားက ေနရာလြတ္ ေလးေတြကို ရသေလာက္ ေနရာ ဝင္ယူ ၾကပါတယ္။ ပါေမာကၡႀကီးက ေက်ာင္းသားေက်ာင္းသူ ေတြကို "ဒီ ခရားက ျပည့္ေနၿပီလား" လို႔ ဆက္ေမးျပန္ ပါတယ္။

ေက်ာင္းသားေက်ာင္းသူေတြ ကလည္း "ျပည့္ေနပါၿပီ" လို႔ ထပ္ေျဖၾက ျပန္ပါတယ္။ ဆက္ၿပီးေတာ့ ပါေမာကၡႀကီးက သဲတဗူးကို ယူၿပီးေတာ့ ခရားထဲကို ေလာင္းထည့္ ျပန္ပါတယ္။ သဲေတြကလည္း ခရားထဲမွာ ရွိတဲ့ ေနရာလြတ္ မွန္သမွ် ေနရာ ဝင္ယူလိုက္ပါတယ္။

ေနာက္ ထပ္တႀကိမ္ ဆက္ၿပီးေတာ့ ပါေမာကၡႀကီးက "ခရားက ျပည့္ၿပီလား" ေမးျပန္ပါတယ္။ ေက်ာင္းသူ ေက်ာင္းသားမ်ားကလည္း "ဟုတ္ကဲ့ပါ" လို႔ တညီတၫြတ္တည္း ေျဖၾကပါတယ္။

ထိုအခါ ပါေမာကၡႀကီးက "ကဲ ဒီခရားကို မင္းတို႔ ဘဝလို႔ ဆိုၾကပါစို႔။ ေက်ာက္ခဲေတြက မင္းတို႔ ဘဝရဲ႕ အေရးႀကီးတဲ့ အရာေတြပဲ။ ဆိုလိုတာက ကိုယ့္ရဲ႕ မိသားစု၊ က်န္းမာေရး ေတြေပါ့။ က်န္တဲ့ အရာေတြ ဆုံးရႈံးရင္ ေတာင္မွ အေရးႀကီးတာ ေတြက ကိုယ့္ဘဝ ထဲမွာ က်န္ေနေသး ပါတယ္။

ေက်ာက္စရစ္ခဲေတြ ကေတာ့ မင္းတို႔ရဲ႕ အလုပ္အကိုင္၊ အိမ္၊ ကား စတဲ့ အျခားကိစၥ ေတြေပါ့။ သဲေတြ ကေတာ့ ဘဝရဲ႕ အေသးအဖြဲ႕ ကိစၥေလး ေတြေပါ့။

တကယ္လို႔သာ မင္းတို႔က သဲေတြကိုသာ ခရားထဲကို အရင္ ထည့္လိုက္မယ္ ဆိုရင္ ေက်ာက္ခဲေတြ၊ ေက်ာက္စရစ္ခဲေတြ ထည့္ဖို႔ ေနရာ ရွိမွာ မဟုတ္ေတာ့ဘူး။ မင္းတို႔ရဲ႕ လုပ္ႏိုင္သမွ် စြမ္းအားေတြ၊ အခ်ိန္ေတြကို အေသးအဖြဲ႕ ကိစၥေလးေတြ အတြက္ပဲ အသုံးျပဳ လိုက္မယ္ ဆိုရင္ အျခား အေရးႀကီးတဲ့ ကိစၥေတြကို လုပ္ႏိုင္ေတာ့မွာ မဟုတ္ေတာ့ဘူး။

ဒါေၾကာင့္ အေရးႀကီးတာကို အရင္ လုပ္ၾကပါ။ မိသားစုကို အခ်ိန္ေပးပါ၊ အလုပ္ကိစၥ ေတြကို ဂ႐ုစိုက္ပါ။ က်န္တာေတြ ကေတာ့ သဲေတြလိုပါပဲ" လို႔ ပါေမာကၡႀကီးက ဆုံးမ ပါတယ္။

ကြၽန္ေတာ္တို႔ ဘဝေတြတိုင္းဟာ အခ်ိန္ေတြနဲ႔ တည္ေဆာက္ ထားတာပါ။ ကုန္လြန္သြားတဲ့ အခ်ိန္ေတြကို ျပန္လိုခ်င္လို႔ မရပါဘူး။ ဒါေၾကာင့္မို႔ ရထားတဲ့ လူဘဝ အခ်ိန္ ခဏေလးကို ဘဝအတြက္ အေရး မပါတာ ေတြနဲ႔ မကုန္ဆုံးေစဘဲ အေရးႀကီးတာေတြကို အရင္လုပ္ၿပီး တန္ဖိုးရွိေအာင္ လုပ္ၾကပါစို႔။ Crd Aung Ko Latt (ရာမညေျမ)

Post a Comment

0 Comments