အဓိကကို မမေ့ပါနဲ့

တခါက နွားကျောင်းသား တယောက်သည် တောင်ကမ်းပါး တခုတွင် ထူးဆန်းသော ပန်းတပွင့်ကို တွေ့ရှိပြီး ထိုပန်းကို ခူးဆွတ် လိုက်သည်။

ထိုပန်း သူ့လက်ထဲ ရောက်ရှိပြီး ချက်ခြင်း ဆိုသလိုပင် တောင်နံရံ မှ ဂူပေါက် တခု ပွင့်သွားသည်။ ဂူထဲသို့ သူ ဝင်ရောက် သွားသော အခါတွင် စိန်ပုံကြီး တပုံကို တွေ့ရသည်။

သူသည် သူ့လက်ထဲမှ ပန်းပွင့်ကို ကျောက်ဖျာ တခုထက်တွင် တင်လိုက်ပြီး စိန်များကို သိမ်းကျုံး ကောက်ယူ လိုက်သည်။

စိန်များ တပွေ့ တပိုက်ဖြင့် ပြန်ထွက်မည် ပြုသောအခါ အသံ တခုပါ ထွက်လာသည်။ "အဓိက ကို မမေ့နဲ့"

သို့ဖြင့် သူသည် နောက်သို့ တချက် ငုံ့ကြည့် လိုက်သည်။ အကြီးဆုံး စိန်တုံးများ ကောက်ယူ ထားပြီး ဖြစ်သော်လည်း ထိုစိန်တုံး ကြီးများမှ အကြီးဆုံး စိန်တုံးကို ကောက်ယူလိုက် ပြန်ပါသည်။ ထို့နောက် ဂူထဲမှ ထွက်လာ ခဲ့သည်။

သူ အပြင်သို့ ရောက်သည်နှင့် ဂူပေါက်မှာ လုံးဝ ပိတ်သွားပြီး သူ့လက်တွင်းမှ စိန်တုံးများဟာ အမှုန့် ဖြစ်ပြီး ပျောက်ပျယ် သွားပါသည်။ တကယ်တမ်း အဓိက ကျခဲ့သော အရာမှာ ထိုထူးဆန်းသော ပန်းပွင့် ဖြစ်သည်။

ထိုပန်းပွင့် ကြောင့် သာလျှင် ဂူပေါက် ပွင့်ပြီး စိန်တုံး များကို တွေ့ရခြင်း ဖြစ်ပါသည်။ သို့သော် ထိုပန်းကို မေ့ကျန် စွန့်ပစ် မိခဲ့သည်နှင့် ကျန်အရာ အားလုံး အလကား ဖြစ်သွားရ ပါသည်။

ဘဝတွင် လူများစွာ တို့သည် ဧရာမ တံခါးမကြီးကို ပွင့်စေ ပိတ်စေ နိုင်သော သော့တံကလေးကို မေ့နေတတ် ကြပါသည်။

သော့တံကလေး၏ အကျိုးပြုမှု၊ သော့တံ ကြောင့်သာ တံခါးပွင့်မှု (ဝါ) ဘဝလမ်းကြောင်း ပွင့်မှု ကို သတိမှောက်ပြီး လျှစ်လျူ ရှုထားတတ် ကြပါသည်။

ပြောချင်တာ ကတော့ အောင်မြင်မှု တခုခု ရရှိခဲ့ရင် ကိုယ်ဘာကြောင့်၊ ဘယ်သူ့ကြောင့် ဒီလို အောက်မြင်မှု ရခဲ့တယ် ဆိုတာကို ဘယ်တော့မှ မမေ့သင့်တဲ့ အကြောင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကျော်ရဲပိုင်

Zawgyi

အဓိကကို မေမ့ပါနဲ႔

တခါက ႏြားေက်ာင္းသား တေယာက္သည္ ေတာင္ကမ္းပါး တခုတြင္ ထူးဆန္းေသာ ပန္းတပြင့္ကို ေတြ႕ရွိၿပီး ထိုပန္းကို ခူးဆြတ္ လိုက္သည္။ ထိုပန္း သူ႔လက္ထဲ ေရာက္ရွိၿပီး ခ်က္ျခင္း ဆိုသလိုပင္ ေတာင္နံရံ မွ ဂူေပါက္ တခု ပြင့္သြားသည္။

ဂူထဲသို႔ သူ ဝင္ေရာက္ သြားေသာ အခါတြင္ စိန္ပုံႀကီး တပုံကို ေတြ႕ရသည္။ သူသည္ သူ႔လက္ထဲမွ ပန္းပြင့္ကို ေက်ာက္ဖ်ာ တခုထက္တြင္ တင္လိုက္ၿပီး စိန္မ်ားကို သိမ္းက်ဳံး ေကာက္ယူ လိုက္သည္။ စိန္မ်ား တေပြ႕ တပိုက္ျဖင့္ ျပန္ထြက္မည္ ျပဳေသာအခါ အသံ တခုပါ ထြက္လာသည္။ "အဓိက ကို မေမ့နဲ႔"

သို႔ျဖင့္ သူသည္ ေနာက္သို႔ တခ်က္ ငုံ႔ၾကည့္ လိုက္သည္။ အႀကီးဆုံး စိန္တုံးမ်ား ေကာက္ယူ ထားၿပီး ျဖစ္ေသာ္လည္း ထိုစိန္တုံး ႀကီးမ်ားမွ အႀကီးဆုံး စိန္တုံးကို ေကာက္ယူလိုက္ ျပန္ပါသည္။ ထို႔ေနာက္ ဂူထဲမွ ထြက္လာ ခဲ့သည္။ သူ အျပင္သို႔ ေရာက္သည္ႏွင့္ ဂူေပါက္မွာ လုံးဝ ပိတ္သြားၿပီး သူ႔လက္တြင္းမွ စိန္တုံးမ်ားဟာ အမႈန႔္ ျဖစ္ၿပီး ေပ်ာက္ပ်ယ္ သြားပါသည္။

တကယ္တမ္း အဓိက က်ခဲ့ေသာ အရာမွာ ထိုထူးဆန္းေသာ ပန္းပြင့္ ျဖစ္သည္။ ထိုပန္းပြင့္ ေၾကာင့္ သာလွ်င္ ဂူေပါက္ ပြင့္ၿပီး စိန္တုံး မ်ားကို ေတြ႕ရျခင္း ျဖစ္ပါသည္။ သို႔ေသာ္ ထိုပန္းကို ေမ့က်န္ စြန႔္ပစ္ မိခဲ့သည္ႏွင့္ က်န္အရာ အားလုံး အလကား ျဖစ္သြားရ ပါသည္။

ဘဝတြင္ လူမ်ားစြာ တို႔သည္ ဧရာမ တံခါးမႀကီးကို ပြင့္ေစ ပိတ္ေစ ႏိုင္ေသာ ေသာ့တံကေလးကို ေမ့ေနတတ္ ၾကပါသည္။ ေသာ့တံကေလး၏ အက်ိဳးျပဳမႈ၊ ေသာ့တံ ေၾကာင့္သာ တံခါးပြင့္မႈ (ဝါ) ဘဝလမ္းေၾကာင္း ပြင့္မႈ ကို သတိေမွာက္ၿပီး လွ်စ္လ်ဴ ရႈထားတတ္ ၾကပါသည္။

ေျပာခ်င္တာ ကေတာ့ ေအာင္ျမင္မႈ တခုခု ရရွိခဲ့ရင္ ကိုယ္ဘာေၾကာင့္၊ ဘယ္သူ႔ေၾကာင့္ ဒီလို ေအာက္ျမင္မႈ ရခဲ့တယ္ ဆိုတာကို ဘယ္ေတာ့မွ မေမ့သင့္တဲ့ အေၾကာင္းကို ဆိုလိုျခင္း ျဖစ္ပါသည္။ ေက်ာ္ရဲပိုင္

Post a Comment

0 Comments