လွယ်လွယ်နဲ့ မယုံပါနဲ့

တခါတုန်းက ဝံပုလွေ တကောင်က အစာရှာရင်း တောထဲက ရေတွင်းဟောင်း တခုထဲ ပြုတ်ကျသွား ပါတော့တယ်။

ရေတွင်းက သိပ်အနက်ကြီး မဟုတ်ပေမယ့် ရေတွင်းထဲ ကနေ ပြန်တက်ချင် ပေမယ့် ရေတွင်း နံရံတွေက ချောနေတဲ့ အတွက် ဘယ်လိုမှ အပေါ်ကို ပြန်တက်လို့ မရဘူး ဖြစ်နေပါတယ်။

ရေတွင်းထဲမှာ စိတ်ညစ်ညစ်နဲ့ ထိုင်နေတုန်း ဆိတ်တကောင်က ရေရှာရင်း ရေတွင်း နှုတ်ခမ်းဝကို ရောက်လာ ပါတယ်။

ရေတွင်းထဲကို ငုတ်ကြည့် လိုက်တဲ့ အခါ မြေခွေးကို တွေ့သွား ပါတယ်။ တုံးအတဲ့ ဆိတ်က မြေခွေးကို မေးလိုက်ပါတယ်။

"ဟယ် အဆွေ မြေခွေး၊ ရေသောက် နေတာ ပါလား။ ဒီရေတွင်း ထဲက ရေက သန့်ရှင်းပြီး သောက်ရတာ အေးရဲ့လား" လို့ မေးလိုက် ပါတယ်။

အဲဒီ အခါ ကောက်ကျစ်တဲ့ မြေခွေးက ချက်ချင်း ပြန်ဖြေ ပါတယ်။

"ဟယ် အဆွေဆိတ်၊ ဒီရေတွင်းက ငါသောက်နေကျ ရေတွင်းပဲ၊ အရမ်း ကြည်လင်ပြီး အေးနေတဲ့ အပြင် ချိုတောင် ချိုသေးတယ်" ဆိုပြီး ရေတွင်းထဲ ဆင်းလာအောင် ဆွဲဆောင် ပါတော့တယ်။

ဦးနှောက် မရှိတဲ့ ဆိတ်က မြေခွေး အပြောကို တကယ် ထင်ပြီး ရေတွင်းထဲ ခုန်ချ လိုက်တဲ့ အချိန်မှာပဲ မြေခွေးက ဆိတ်ရဲ့ ကျောပေါ် ကနေ တဆင့် ရေတွင်း နှုတ်ခမ်းဝ ရောက်အောင် ခုန်တက်လိုက် ပါတော့တယ်။

ရေတွင်းက သိပ်မနက်တဲ့ အတွက် ဆိတ်ရဲ့ ကျောပေါ် ကနေ ခုန်ကျော်ပြီး ရေတွင်း နှုတ်ခမ်းကို ရောက်အောင် တက်သွားနိုင် ပါတယ်။ အသုံးမကျတဲ့ ဆိတ်ကတော့ ရေတွင်းထဲမှာ ကျန်ခဲ့ ပါလေရော။

ဘယ်အရာကို မဆို လွယ်လွယ်နဲ့ မယုံကြည် သင့်ပါဘူး။ အလိမ်အညာတွေ များလှတဲ့ ဒီနေ့ ခေတ်ကြီးမှာ ဘယ်အရာကို မဆို မစဉ်းစား မဆင်ခြင်ပဲ မယုံမိဖို့ ဒီအကြောင်း အရာလေးက သာဓက ပေးထားတာ ဖြစ်ပါတယ်။ BAWA

Zawgyi

လြယ္လြယ္နဲ႔ မယုံပါနဲ႔

တခါတုန္းက ဝံပုေလြ တေကာင္က အစာရွာရင္း ေတာထဲက ေရတြင္းေဟာင္း တခုထဲ ျပဳတ္က်သြား ပါေတာ့တယ္။

ေရတြင္းက သိပ္အနက္ႀကီး မဟုတ္ေပမယ့္ ေရတြင္းထဲ ကေန ျပန္တက္ခ်င္ ေပမယ့္ ေရတြင္း နံရံေတြက ေခ်ာေနတဲ့ အတြက္ ဘယ္လိုမွ အေပၚကို ျပန္တက္လို႔ မရဘူး ျဖစ္ေနပါတယ္။

ေရတြင္းထဲမွာ စိတ္ညစ္ညစ္နဲ႔ ထိုင္ေနတုန္း ဆိတ္တေကာင္က ေရရွာရင္း ေရတြင္း ႏႈတ္ခမ္းဝကို ေရာက္လာ ပါတယ္။

ေရတြင္းထဲကို ငုတ္ၾကည့္ လိုက္တဲ့ အခါ ေျမေခြးကို ေတြ႕သြား ပါတယ္။ တုံးအတဲ့ ဆိတ္က ေျမေခြးကို ေမးလိုက္ပါတယ္။

"ဟယ္ အေဆြ ေျမေခြး၊ ေရေသာက္ ေနတာ ပါလား။ ဒီေရတြင္း ထဲက ေရက သန႔္ရွင္းၿပီး ေသာက္ရတာ ေအးရဲ႕လား" လို႔ ေမးလိုက္ ပါတယ္။

အဲဒီ အခါ ေကာက္က်စ္တဲ့ ေျမေခြးက ခ်က္ခ်င္း ျပန္ေျဖ ပါတယ္။

"ဟယ္ အေဆြဆိတ္၊ ဒီေရတြင္းက ငါေသာက္ေနက် ေရတြင္းပဲ၊ အရမ္း ၾကည္လင္ၿပီး ေအးေနတဲ့ အျပင္ ခ်ိဳေတာင္ ခ်ိဳေသးတယ္" ဆိုၿပီး ေရတြင္းထဲ ဆင္းလာေအာင္ ဆြဲေဆာင္ ပါေတာ့တယ္။

ဦးေႏွာက္ မရွိတဲ့ ဆိတ္က ေျမေခြး အေျပာကို တကယ္ ထင္ၿပီး ေရတြင္းထဲ ခုန္ခ် လိုက္တဲ့ အခ်ိန္မွာပဲ ေျမေခြးက ဆိတ္ရဲ႕ ေက်ာေပၚ ကေန တဆင့္ ေရတြင္း ႏႈတ္ခမ္းဝ ေရာက္ေအာင္ ခုန္တက္လိုက္ ပါေတာ့တယ္။

ေရတြင္းက သိပ္မနက္တဲ့ အတြက္ ဆိတ္ရဲ႕ ေက်ာေပၚ ကေန ခုန္ေက်ာ္ၿပီး ေရတြင္း ႏႈတ္ခမ္းကို ေရာက္ေအာင္ တက္သြားႏိုင္ ပါတယ္။ အသုံးမက်တဲ့ ဆိတ္ကေတာ့ ေရတြင္းထဲမွာ က်န္ခဲ့ ပါေလေရာ။

ဘယ္အရာကို မဆို လြယ္လြယ္နဲ႔ မယုံၾကည္ သင့္ပါဘူး။ အလိမ္အညာေတြ မ်ားလွတဲ့ ဒီေန႔ ေခတ္ႀကီးမွာ ဘယ္အရာကို မဆို မစဥ္းစား မဆင္ျခင္ပဲ မယုံမိဖို႔ ဒီအေၾကာင္း အရာေလးက သာဓက ေပးထားတာ ျဖစ္ပါတယ္။ BAWA

Post a Comment

0 Comments