သူ့တပါးသိက္ခာ မထိခိုက်ပါစေနဲ့

တနေ့မှာ လူတဦးဟာ ဂရိတွေးခေါ် ပညာရှင် ဆိုကရေးတီးဆီ လာတွေ့ပြီး "ခင်ဗျားမိတ်ဆွေ အကြောင်း ကြားပြီး ပြီလား" လို့ မေးလိုက်တယ်။

ဒါနဲ့ ဆိုကရေးတီးက "နေဦး၊ ခင်ဗျား မပြောခင် ခင်ဗျား ကို မေးခွန်း ၃ ခု မေးစရာ ရှိတယ်" ပြီးတော့ ဆိုကရေးတီး ကဆက်ပြောတယ်။

"လူတယောက် အကြောင်းကို မပြောခင် အခု ကျုပ်ပြောတဲ့ ဆန်းစစ်မှု ၃ ခု အရင် လုပ်ပါ။ ပထမ တခုက "အမှန်တရား" ဒါက ဘာလဲ ဆိုရင် ခင်ဗျား အခုပြောမယ့် စကားက အမှန်စင်စစ် ဖြစ်ရဲ့လား" လို့ မေးလိုက်တယ်။

ထိုသူက "သေချာ မသိပါဘူး ကျွန်တော်လည်း ကြားမိတာပဲ" လို့ ပြန်ဖြေ လိုက်တယ်။ ဆိုကရေတီးက စကား ဆက်ပြောတယ်။

"ကောင်းပြီ၊ ခင်ဗျား သေချာ မသိဘူးနော်။ ကဲ ဒုတိယ မေးခွန်း ဆက်ရအောင် အခု ကျုပ်မိတ်ဆွေ အကြောင်း ပြောမယ့် သတင်းဟာ ကောင်းသတင်းလား"

တဖက်သူက "အိုး၊ မဟုတ်ဘူး။ သတင်းဆိုးလေ" လို့ ဖြေတယ်။ ဆိုကရေးတီးက ဆက်ပြောတယ်။ "အခု ခင်ဗျား ကျုပ်ကို ပြောမယ့် စကားဟာ မှန် မမှန် မသေချာတဲ့ အပြင် မကောင်းတဲ့ သတင်းလည်း ဖြစ်တယ်။

ကောင်းပြီ၊ နောက်ဆုံး မေးခွန်းက အခု လာပြောတဲ့ သတင်းက ကျုပ်အတွက် နားထောင်မိလို့ အကျိုးရှိလား" လို့ မေးလိုက်တယ်။ ထိုသူက "အကျိူးမရှိပါဘူး" လို့ ဖြေလိုက်တယ်။

ဆိုကရေးတီးက "ခင်ဗျားတို့ လူတယောက် အကြောင်းကို ပြောမယ်ဆို သတင်းဟာ မှန်ကန် ရဲ့လား၊ ကောင်းတဲ့ သတင်း ဖြစ်ရဲ့လား၊ နားထောင်သူ အတွက်ရော အကျိုးရှိရဲ့လား လို့ ဆန်းစစ်ပြီးမှ ပြောကြပါလို့" ဆုံးမပြီး ပြန်လွှတ်လိုက် ပါတယ်။

တပါးသူ၏ အကြောင်း အတင်းစကား ပြောမယ် ဆိုရင် အတွေးခေါ်ပညာရှင် ဆိုကရေးတီးလို အချက် ၃ ချက်နဲ့ ဆန်းစစ် ပြီးမှ ဆက်ပြောသင့် မပြောသင့် ဆုံးဖြတ်ကြပါ။

မိမိရဲ့ နှုတ်ထွက် စကားကြောင့် တပါးသူရဲ့ သိက္ခာ မထိခိုက်သွားဖို့ အထူး ဆင်ခြင်သင့် လှပါတယ်။ Crd,PannNuHtwe

Zawgyi

သူ႔တပါးသိကၡာ မထိခိုက္ပါေစနဲ႔

တေန႔မွာ လူတဦးဟာ ဂရိေတြးေခၚ ပညာရွင္ ဆိုကေရးတီးဆီ လာေတြ႕ၿပီး "ခင္ဗ်ားမိတ္ေဆြ အေၾကာင္း ၾကားၿပီး ၿပီလား" လို႔ ေမးလိုက္တယ္။

ဒါနဲ႔ ဆိုကေရးတီးက "ေနဦး၊ ခင္ဗ်ား မေျပာခင္ ခင္ဗ်ား ကို ေမးခြန္း ၃ ခု ေမးစရာ ရွိတယ္" ၿပီးေတာ့ ဆိုကေရးတီး ကဆက္ေျပာတယ္။

"လူတေယာက္ အေၾကာင္းကို မေျပာခင္ အခု က်ဳပ္ေျပာတဲ့ ဆန္းစစ္မႈ ၃ ခု အရင္ လုပ္ပါ။ ပထမ တခုက "အမွန္တရား" ဒါက ဘာလဲ ဆိုရင္ ခင္ဗ်ား အခုေျပာမယ့္ စကားက အမွန္စင္စစ္ ျဖစ္ရဲ႕လား" လို႔ ေမးလိုက္တယ္။

ထိုသူက "ေသခ်ာ မသိပါဘူး ကြၽန္ေတာ္လည္း ၾကားမိတာပဲ" လို႔ ျပန္ေျဖ လိုက္တယ္။ ဆိုကေရတီးက စကား ဆက္ေျပာတယ္။

"ေကာင္းၿပီ၊ ခင္ဗ်ား ေသခ်ာ မသိဘူးေနာ္။ ကဲ ဒုတိယ ေမးခြန္း ဆက္ရေအာင္ အခု က်ဳပ္မိတ္ေဆြ အေၾကာင္း ေျပာမယ့္ သတင္းဟာ ေကာင္းသတင္းလား"

တဖက္သူက "အိုး၊ မဟုတ္ဘူး။ သတင္းဆိုးေလ" လို႔ ေျဖတယ္။ ဆိုကေရးတီးက ဆက္ေျပာတယ္။ "အခု ခင္ဗ်ား က်ဳပ္ကို ေျပာမယ့္ စကားဟာ မွန္ မမွန္ မေသခ်ာတဲ့ အျပင္ မေကာင္းတဲ့ သတင္းလည္း ျဖစ္တယ္။

ေကာင္းၿပီ၊ ေနာက္ဆုံး ေမးခြန္းက အခု လာေျပာတဲ့ သတင္းက က်ဳပ္အတြက္ နားေထာင္မိလို႔ အက်ိဳးရွိလား" လို႔ ေမးလိုက္တယ္။ ထိုသူက "အက်ိဴးမရွိပါဘူး" လို႔ ေျဖလိုက္တယ္။

ဆိုကေရးတီးက "ခင္ဗ်ားတို႔ လူတေယာက္ အေၾကာင္းကို ေျပာမယ္ဆို သတင္းဟာ မွန္ကန္ ရဲ႕လား၊ ေကာင္းတဲ့ သတင္း ျဖစ္ရဲ႕လား၊ နားေထာင္သူ အတြက္ေရာ အက်ိဳးရွိရဲ႕လား လို႔ ဆန္းစစ္ၿပီးမွ ေျပာၾကပါလို႔" ဆုံးမၿပီး ျပန္လႊတ္လိုက္ ပါတယ္။

တပါးသူ၏ အေၾကာင္း အတင္းစကား ေျပာမယ္ ဆိုရင္ အေတြးေခၚပညာရွင္ ဆိုကေရးတီးလို အခ်က္ ၃ ခ်က္နဲ႔ ဆန္းစစ္ ၿပီးမွ ဆက္ေျပာသင့္ မေျပာသင့္ ဆုံးျဖတ္ၾကပါ။

မိမိရဲ႕ ႏႈတ္ထြက္ စကားေၾကာင့္ တပါးသူရဲ႕ သိကၡာ မထိခိုက္သြားဖို႔ အထူး ဆင္ျခင္သင့္ လွပါတယ္။ Crd,PannNuHtwe

Post a Comment

0 Comments