ရုန်းကန်ရှာဖွေရင်း ဘဝကို မကုန်ဆုံးလိုက်ပါနဲ့

ဂန္ဒီဟာ အခြား နိုင်ငံ တခုကို ရောက်သွားတဲ့ အခါ လက်ဝတ် ရတနာဆိုင် ဘေးက ဖြတ်လျှောက်မိ ပါသတဲ့။

ပြထားတဲ့ လက်ဝတ် ရတနာ တွေကို ကြည့်မိတော့ ဆိုင်ရှင်က နာမည်ကျော် ဂန္ဒီကြီး ဆိုတာ သိတဲ့ အတွက် ဆိုင်ထဲ ဖိတ်ခေါ်လိုက်တယ်။

ဆိုင်ရှင်က ရတနာ တွေကို လိုက်လံ ပြသပြီး ဈေးနှုန်း တွေလည်း ရှင်းပြတယ်။

ပြီးတော့ ဆိုင်ရှင်က မဟတ္တမ ဂန္ဒီကြီးသာ ဆန္ဒ ရှိပါက ဆိုင်ထဲက နှစ်သက်ရာကို တောင်းဆို နိုင်ကြောင်း၊ လက်ဆောင် အဖြစ် ပေးမည့် အကြောင်း ပြောသတဲ့။

ဂန္ဒီက ဆိုင်ရှင်ကို "ကျေးဇူး တင်ပါတယ်။ ကျွန်ုပ် ဒီဟာတွေ မလိုချင် ပါဘူး။

ဒါပေမယ့် အလွန် ဝမ်းသာ ပျော်ရွှင်မိ ပါတယ်။ ကျွန်ုပ် ပျော်ရတာ တခြားကြောင့်တော့ မဟုတ်ပါဘူး။

ဒီလောက် တန်ဖိုးကြီးတဲ့ ရတနာတွေ မရှိဘဲလည်း ကျူပ် အသက်ရှင် နေနိုင်တာ သိရတဲ့ အတွက်ပါ" လို့ ပြန်ပြောလိုက် ပါသတဲ့။

အသက်ရှင် နေထိုင်ဖို့ အတွက် မရှိလည်း ဖြစ်တဲ့ အရာတွေကို ရှာဖွေရင်း တန်ဖိုး ရှိတဲ့ ဘဝကို မဖြုန်းတီး လိုက်ပါနဲ့။

ဘဝ ဆိုတာ ရှာဖွေ ရုန်းကန်ရုံနဲ့ ကုန်ဆုံး မသွားသင့် ပါဘူး။

ဘဝကို ပျော်ပျော်ရွှင် နေထိုင် ဖြတ်သန်း ဖို့လည်း သတိရ ကြပါစေ။

Crd Phyo Min Aung

Zawgyi












Crd Phyo Min Aung

Post a Comment

0 Comments