ခွေးလေးတွေကို ဆော့ဖို့မဝယ်ပေးသင့်တဲ့ အရုပ် (၅) မျိုး

ခုခေတ်မှာ ခွေးလေးတွေ ကစားဖို့အတွက် အရုပ်လေးတွေက အများကြီးရွေးချယ်လို့ ရနေပါပြီနော်။ ဒါပေမယ့် တချို့အရုပ်တွေက ခွေးလေးတွေအတွက် မဝယ်ပေးသင့်တဲ့ အရုပ်တွေပါပဲ။

၁။ သားရေစိမ်းနဲ့ ပြုလုပ်ထားတဲ့အရိုး

ခွေးလေးတွေ ကိုက်ပြီးဆော့ကစားလို့ရအောင် ပိုင်ရှင်တွေက သားရေစိမ်းနဲ့ ပြုလုပ်ထားတဲ့ အရိုးတွေ ဝယ်ပေး တတ်ကြပါတယ်။ ဒါပေမယ့် အရိုးတုက ခွေးလေးတွေအတွက် ဘေးဖြစ်စေနိုင်ပါတယ်။ အရိုးတုက အရမ်းမာတာကြောင့် ခွေးရဲ့သွားတွေကို ထိခိုက်စေပါတယ်။ အရိုးတုအပိုင်းအစလေးကို မျိုချမိသွားရင်လည်း အစာအိမ်လမ်းကြောင်းမှာ ပြဿနာ ဖြစ်စေနိုင်ပါတယ်။

၂။ ကြိုး

ခွေးလေးတွေက ကြိုးတွေနဲ့ ကစားရတာကို သဘောကျကြပါတယ်။ ကြုံနိုင်ဆန့်နိုင်တဲ့ ကြိုးတွေနဲ့ ကစားတဲ့အခါ ခွေးတွေက ဒေါသထွက်လာပြီး ကိုက်တတ်ပါတယ်။ နောက်ပြီး ကြိုးတွေကို ကိုက်ပြီးကစားတာက ခွေးတွေရဲ့ရှေ့သွားနဲ့ ဘေးသွားတွေကို ထိခိုက်စေပါသေးတယ်။

၃။ မွေးပွရုပ်

အထဲမှာ ဂွမ်းတွေ၊ ဆီလီကွန်တွေ ထည့်ထားတဲ့ မွေးပွရုပ်လေးတွေကိုလည်း မဝယ်ပေးသင့်ပါဘူး။ ခွေးပေါက်စလေးတွေက အရုပ်တွေကို ကိုက်ပြီး အထဲက ဂွမ်းတွေကို မျိုချတတ်ကြပါတယ်။ အဲဒီအခါ အစာချေလမ်းကြောင်းတွေမှာ ပိတ်မိပြီး ထုတ်ရခက်စေမှာပါ။

၄။ တကျွိကျွိ မြည်တဲ့အရုပ်

ဖိလိုက်ရင် တကျွိကျွိအသံ ထွက်လာတာကြောင့် ဒီလိုအရုပ်လေးတွေကို ခွေးတွေ အရမ်းသဘောကျပါတယ်။ အရုပ်က အပိုင်းအစလေး တစ်ခုခုကို မျိုချမိသွားရင် ခွေးပေါက်စလေးတွေရော အရွယ်ရောက်ပြီး ခွေးတွေအတွက်ပါ ဆို့နင်စေနိုင်ပါတယ်။

၅။ ရာဘာစေးအရုပ်

ရာဘာစေးတဲ့ ပြုလုပ်ထားတဲ့ ပုံစံစုံအရုပ်လေးတွေက အရမ်းချစ်ဖို့ ကောင်းပါတယ်။ ရာဘာစေးက လူသားတွေနဲ့ ဓါတ်မတည့်သလို ခွေးလေးတွေနဲ့လည်း ဓါတ်မတည့်ပါဘူး။ ခွေးတွေမှာ ရာဘာစေးနဲ့ ဓါတ်မတည့်တဲ့အခါ အမွေးကျွတ်တာကို ခံစားရစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments