ခွေးလေးတွေ အိပ်မက်မက်ရင် ဘယ်လိုအကြောင်းအရာတွေကို မက်တတ်သလဲ

ခွေးလေးတွေအိပ်နေတဲ့အခါ တစ်ခါတရံမှာ ချစ်စရာကောင်းသလို ရယ်စရာလည်း ကောင်းပါတယ်။ ခွေးလေးတွေကလည်း လူသားတွေလို အိပ်မက် မက်တတ်ကြပါတယ်။

သူတို့အိပ်မက်ထဲက အကြောင်းအရာတွေက အစားအစာတွေ ဖြစ်မလား၊ သူတို့အကြိုက်ဆုံး အရုပ်တွေ ဖြစ်နေမလား။

ဟားဗတ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းရဲ့အဖြေကို မကြာသေးခင်က တွေ့ရှိသွားခဲ့ကြပါတယ်။ လေ့လာချက်တွေများစွာ ပြုလုပ်ပြီးနောက်မှာ အဖြေကတော့ အံ့အားသင့်စရာ ကောင်းပါတယ်။

လေ့လာချက်တွေအရ ခွေးလေးတွေက သူတို့ရဲ့အိပ်မက်ထဲမှာ သူတို့သံယောဇဉ် အတွယ်ရဆုံးဖြစ်တဲ့ သူတို့ပိုင်ရှင်တွေအကြောင်းကို အိပ်မက်မက်ကြပါတယ်။

"လူသားတွေက သူတို့ စိတ်ပူစိုးရိမ်ရတဲ့ အကြောင်းတွေ၊ မသိစိတ်ထဲမှာ လွှမ်းမိုးနေတဲ့အကြောင်းတွေကို အိပ်မက် မက်ကြပါတယ်။

ဒါပေမယ့် ခွေးလေးတွေကတော့ သူတို့ချစ်တဲ့ သခင်ရဲ့ အသံ၊ မျက်နှာ၊ ကိုယ်ရနံ့၊ သခင်ကို ပျော်အောင်လုပ်ပေးခဲ့တဲ့ အဖြစ်အပျက်တွေကို အိပ်မက် မက်ကြပါတယ်။

ဒါ့အပြင် သင့်ကို စိတ်အနှောင့်အယှက် ပေးဖူးတဲ့အရာတွေကိုလည်း သူတို့အိပ်မက် မက်ကြပါတယ်" လို့ Dr Derirdre Barrett က ပြောပါတယ်။


ဒီတွေ့ရှိချက်က အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူအများစု ထင်ထားတာကတော့ ခွေးလေးတွေက အိပ်မက်မမက်တတ်ကြဘူး၊ အိပ်မက်မက်ရင်လည်း အစားအစာအကြောင်း၊ အရုပ်အကြောင်း၊ တခြားခွေးတွေအကြောင်းပဲ မက်မယ်လို့ ထင်ခဲ့ကြတာပါ။

ခွေးလေးတွေက သူတို့သခင်ကို ဘယ်လောက်တောင် သံယောဇဉ် ရှိသလဲဆိုရင် အိပ်မက်ထဲမှာတောင် သင့်ကို မမေ့သွားကြပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments