ကျန်းမာတဲ့ကလေးလေးတစ်ယောက်ဖြစ်လာစေဖို့ အဓိကကျတဲ့အချက် (၅) ချက်

ကလေးတွေ မကျန်းမာတဲ့အခါ မိဘတွေအတွက် အရမ်းကို စိတ်ပူပန်ရတတ်ပါတယ်။ ကလေးမှာ တစ်ခုခုဖြစ်နေပြီလား ဆိုတဲ့အတွေးက အမေအဖေတိုင်းရဲ့ စိတ်ထဲကို ရောက်လာပါတယ်။ ကလေးတစ်ယောက်ကို ကျန်းကျန်းမာမာဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့က မိဘတွေရဲ့ဆန္ဒပါပဲ။

အဲဒါကြောင့် သင့်ကလေးကို ကျန်းမာတဲ့ ကလေးလေးတစ်ယောက် ဖြစ်လာစေဖို့ အဓိကကျတဲ့အချက် (၅) ချက်ကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကလေးသောက်ရမယ့်ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ပါ။

ကလေးတွေ နေမကောင်းလို့ ဆေးတိုက်တဲအခါ ဆရာဝန်ရဲ့ညွှန်ကြားချက် အတိုင်းသာ တိုက်သင့်ပါတယ်။ တခြားကလေးတွေနဲ့ သင့်ကလေး ရောဂါလက္ခဏာချင်း တူနေရင်တောင် သူများညွှန်းတဲ့ဆေးကို မတိုက်သင့်ပါဘူး။

ဘေးလူတွေရဲ့ အပြောနဲ့လည်း ဆေးတွေကို မတိုက်သင့်ပါဘူး။ အဲဒါကြောင့် သင့်ကလေးရဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရစေဖို့ ကလေး နေမကောင်းတဲ့အခါ ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ ဆေးတိုက်ပါ။

၂။ ကိုယ်ခံအား

သင့်ကလေးတွေကို ကျန်းမာစေဖို့၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်နိုင်ဖို့ ကလေးတွေမှာ ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။ ကလေးတွေ ကိုယ်ခံအားကောင်းစေဖို့

- အသက် ၆ လအထိ မိခင်နို့တိုက်ပါ။

- အိမ်မှာ လေဝင်လေထွက်ကောင်းအောင်၊ အပူချိန် မျှတအောင် ထားပါ။

- နေ့စဉ် လမ်းလျှောက်ထွက်ဖို့ ပြောပါ။

- ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဖို့တိုက်တွန်းပါ။

- ကလေးကို အိပ်ရေးဝဝ အိပ်ခိုင်းပါ။

၃။ စိတ်ရှည်ပါ။

တချို့ကလေးတွေရဲ့ရောဂါတွေက အသက်နည်းနည်းကြီးလာရင် သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ဥပမာ အစားရွေးတာ၊ လေထိုးလေအောင့်တာတွေက အသက်အရွယ် တစ်ခုကို ရောက်တဲ့အခါ အလိုလို ပျောက်ကင်းသွားတတ်တာကြောင့် စိတ်ရှည်ရှည်ထားဖို့ လိုပါတယ်။

၄။ ကာကွယ်ဆေးထိုးပါ။

ပိုလီရောဂါ၊ မေးခိုင်ရောဂါ၊ ဆုံဆို့နာစတဲ့ရောဂါတွေက ကလေးတွေအတွက် အရမ်းကို အန္တရာယ်ရှိပါတယ်။ တီဘီရောဂါကလည်း အချို့နိုင်ငံတွေမှာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲပါပဲ။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကာကွယ်ဆေးကို မပျက်မကွက် ထိုးပေးဖို့က အရေးကြီးတဲ့အရာပါ။

၅။ ရောဂါလက္ခဏာတွေကို သတိပြုပါ။

တစ်ခါတရံမှာ ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်နေပေမယ့် ရောဂါတွေက ဝင်လာတတ်ပါတယ်။ ကလေးတွေကြားမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့ လိုပါတယ်။ ကလေးတွေမှာ နမိုးနီးယားဖြစ်တဲ့အခါ အသက်ရှူရခက်တာ၊ အသားအရေအရောင် ပြောင်းလဲသွားတာ၊ အစားစားချင်စိတ် နည်းပါးသွားတာ၊ စိတ်ဖိစီးလာတာ၊ ဖျားတာတွေ ကြုံရပါတယ်။

Rotavirus ဖြစ်တဲ့အခါ အစားစားချင်စိတ် မရှိတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဖျားတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ စတဲ့လက္ခဏာတွေ ပြပါတယ်။ ချောင်းဆိုးရင်ကျပ်နာဖြစ်ပြီဆိုရင် ဖျားတာ၊ အသက်ရှူရခက်တာ၊ ချောင်းဆိုးတာ၊ အားနည်းတာ၊ အစားမစားချင်တာ၊ ခေါင်းကိုက်တာ၊ ချွေးထွက်တာ၊ အသားအရေအရောင် ပြောင်းတာ စတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။

Bonus

ကျွမ်းကျင်သူတွေရဲ့အဆိုအရ ကလေးတွေရဲ့ ကိုယ်အမူအရာကို သတိထားကြည့်ဖို့ တကယ်အရေးကြီးပါတယ်။ ကလေးတွေက စကားမပြောနိုင်သေးခင်မှာ ခြေဟန်လက်ဟန်နဲ့ ဆက်သွယ်ကြပါတယ်။ ကလေးက ဗိုက်ပြည့်နေလား ဆိုတာကို သိဖို့ သူတို့လက်လေးတွေကို ကြည့်နိုင်ပါတယ်။ ကလေးက ဗိုက်ပြည့်နေတယ်ဆိုရင် လက်ဖဝါးကို ဖြန့်ထားတတ်ပြီး ဗိုက်ဆာနေတယ်ဆိုရင်တော့ လက်သီးဆုပ်ထား တတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments