လိုလျှင် ကြံဆ နည်းလမ်းရ

အရမ်းပူတဲ့ နေ့တနေ့မှာ ရေဆာနေတဲ့ ကျီးကန်း တကောင်ဟာ ရေဘယ်နေရာမှာ ရှိနိုင်သလဲ ဆိုတာကို သိနိုင်ဖို့ အတွက် လယ်ကွင်းတွေရဲ့ အပေါ်ကနေ ပျံသန်းပြီး ရှာဖွေ နေပါတယ်။

အချိန်သာ ကုန်လာတယ် ရေရှိမယ့် နေရာကို မတွေ့ဘူး ဖြစ်နေတယ်။ ရေမသောက်ရ သေးတဲ့အပြင် မောဟိုက်နေ တာကြောင့် ပျံသန်းဖို့တောင် အားမရှိတော့ဘူး။

မျှော်လင့်ချက်မဲ့ နေတဲ့ အခြေအနေကို ရောက်နေပြီ။ မောဟိုက်လွန်းပြီး မပျံနိုင်တော့လို့ လယ်ကွင်း တခုထဲမှာ နားလိုက်ရပါတော့တယ်။

ရုတ်တရက် လယ်ကွင်းရဲ့ တနေရာ သစ်ပင်အောက်မှာ အရာတခုကို သူလှမ်းတွေ့ လိုက်တယ်။ သေချာသွားပြီ အဲဒါကတော့ ရေခရား တခုပဲ ဖြစ်ပါတယ်။

ဝမ်းသာအားရနဲ့ ရေခရား အဖုံးကို နှုတ်သီးနဲ့ ထိုးကြည့်ပြီး ရေရှိ မရှိ ကြည့်လိုက်တော့ ခရားထဲမှာ ရေတဝက်လောက် ရှိပါသေးတယ်။ သောက်မယ်လည်း ကြံရော ခရားရဲ့ အဝက သူ့ခေါင်းနဲ့ မဆံ့ဘူး ဖြစ်နေတယ်။

အဲဒါနဲ့ ကျီးကန်းလည်း ရေခရားကို စောင်းကြည့် လိုက်တယ်။ ဒါပေမယ့် ရေခရားက အရမ်း လေးနေတယ်။ ဘယ်လိုမှ မ လို့ မရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ လို့ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။

ကျောက်ခဲလေးတွေကို တွေ့လိုက်တော့ သူ အကြံတခု ရသွားတယ်။ အဲဒါနဲ့ ကျောက်ခဲတခုကို ခရားထဲကို ထည့်လိုက်တယ်။ အခြေအနေက မထူးသေးဘူး။

နောက်ထပ်ကျောက်ခဲတွေ တခုပြီး တခု ထပ်လည်း ထည့်လိုက်ရော ရေမျက်နှာပြင်က မြင့်တက်လာ လိုက်တာ နောက်ဆုံးတော့ သူ့နှုတ်သီးနဲ့ သောက်လို့ ရတဲ့ အခြေအနေကို ရောက်ရှိ သွားပါတော့တာပေါ့။ ကျီးကန်းလေးလည်း ပျော်ပျော်ကြီး သောက်လို့ ရသွားပါတော့တယ်။

ကျွန်တော်တို့လည်း ဘဝမှာ မိမိလိုချင်တာတွေကို ရှာဖွေတဲ့ အခါမှာ အဆင်ပြေတာ ရှိသလို အဆင်မပြေ ဒုက္ခရောက် ရတာလည်း ရှိမှာပါ။ အဆင်မပြေတဲ့ အခါမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ မြန်မာ စကားပုံတခု ရှိပါတယ်။ "လိုလျှင်ကြံဆ နည်းလမ်းရ" တဲ့။ ရေဆာနေတဲ့ ကျီးကန်းလို ကြိုးစားဖို့တော့ လိုပါမယ်။

သင့်ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ အတွက်တော့ သင့်ရဲ့ လုံ့လ ဝီရိယတွေကို တွေးခေါ် ဆင်ခြင်းစဉ်းစားမှု ဆိုတာတွေနဲ့ ချိန်ထိုးပြီး ဖြေရှင်းမယ် ဆိုရင်တော့ သင်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ဟာလည်း မလွဲမသွေ ရောက်ရှိမှာပါ။ Crd

Zawgyi

လိုလွ်င္ ၾကံဆ နည္းလမ္းရ

အရမ္းပူတဲ့ ေန႔တေန႔မွာ ေရဆာေနတဲ့ က်ီးကန္း တေကာင္ဟာ ေရဘယ္ေနရာမွာ ရွိႏိုင္သလဲ ဆိုတာကို သိႏိုင္ဖို႔ အတြက္ လယ္ကြင္းေတြရဲ႕ အေပၚကေန ပ်ံသန္းၿပီး ရွာေဖြ ေနပါတယ္။

အခ်ိန္သာ ကုန္လာတယ္ ေရရွိမယ့္ ေနရာကို မေတြ႕ဘူး ျဖစ္ေနတယ္။ ေရမေသာက္ရ ေသးတဲ့အျပင္ ေမာဟိုက္ေန တာေၾကာင့္ ပ်ံသန္းဖို႔ေတာင္ အားမရွိေတာ့ဘူး။

ေမွ်ာ္လင့္ခ်က္မဲ့ ေနတဲ့ အေျခအေနကို ေရာက္ေနၿပီ။ ေမာဟိုက္လြန္းၿပီး မပ်ံႏိုင္ေတာ့လို႔ လယ္ကြင္း တခုထဲမွာ နားလိုက္ရပါေတာ့တယ္။

႐ုတ္တရက္ လယ္ကြင္းရဲ႕ တေနရာ သစ္ပင္ေအာက္မွာ အရာတခုကို သူလွမ္းေတြ႕ လိုက္တယ္။ ေသခ်ာသြားၿပီ အဲဒါကေတာ့ ေရခရား တခုပဲ ျဖစ္ပါတယ္။

ဝမ္းသာအားရနဲ႔ ေရခရား အဖုံးကို ႏႈတ္သီးနဲ႔ ထိုးၾကည့္ၿပီး ေရရွိ မရွိ ၾကည့္လိုက္ေတာ့ ခရားထဲမွာ ေရတဝက္ေလာက္ ရွိပါေသးတယ္။ ေသာက္မယ္လည္း ႀကံေရာ ခရားရဲ႕ အဝက သူ႔ေခါင္းနဲ႔ မဆံ့ဘူး ျဖစ္ေနတယ္။

အဲဒါနဲ႔ က်ီးကန္းလည္း ေရခရားကို ေစာင္းၾကည့္ လိုက္တယ္။ ဒါေပမယ့္ ေရခရားက အရမ္း ေလးေနတယ္။ ဘယ္လိုမွ မ လို႔ မရဘူး။ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ လို႔ စဥ္းစားၿပီး ပတ္ဝန္းက်င္ကို ၾကည့္လိုက္တယ္။

ေက်ာက္ခဲေလးေတြကို ေတြ႕လိုက္ေတာ့ သူ အႀကံတခု ရသြားတယ္။ အဲဒါနဲ႔ ေက်ာက္ခဲတခုကို ခရားထဲကို ထည့္လိုက္တယ္။ အေျခအေနက မထူးေသးဘူး။

ေနာက္ထပ္ေက်ာက္ခဲေတြ တခုၿပီး တခု ထပ္လည္း ထည့္လိုက္ေရာ ေရမ်က္ႏွာျပင္က ျမင့္တက္လာ လိုက္တာ ေနာက္ဆုံးေတာ့ သူ႔ႏႈတ္သီးနဲ႔ ေသာက္လို႔ ရတဲ့ အေျခအေနကို ေရာက္ရွိ သြားပါေတာ့တာေပါ့။ က်ီးကန္းေလးလည္း ေပ်ာ္ေပ်ာ္ႀကီး ေသာက္လို႔ ရသြားပါေတာ့တယ္။

ကြၽန္ေတာ္တို႔လည္း ဘဝမွာ မိမိလိုခ်င္တာေတြကို ရွာေဖြတဲ့ အခါမွာ အဆင္ေျပတာ ရွိသလို အဆင္မေျပ ဒုကၡေရာက္ ရတာလည္း ရွိမွာပါ။ အဆင္မေျပတဲ့ အခါမွာ ဘယ္ေတာ့မွ အရႈံးမေပးပါနဲ႔။ ျမန္မာ စကားပုံတခု ရွိပါတယ္။ "လိုလွ်င္ႀကံဆ နည္းလမ္းရ" တဲ့။ ေရဆာေနတဲ့ က်ီးကန္းလို ႀကိဳးစားဖို႔ေတာ့ လိုပါမယ္။

သင့္ရည္မွန္းခ်က္ ပန္းတိုင္ေရာက္ဖို႔ အတြက္ေတာ့ သင့္ရဲ႕ လုံ႔လ ဝီရိယေတြကို ေတြးေခၚ ဆင္ျခင္းစဥ္းစားမႈ ဆိုတာေတြနဲ႔ ခ်ိန္ထိုးၿပီး ေျဖရွင္းမယ္ ဆိုရင္ေတာ့ သင္လိုခ်င္တဲ့ ရည္မွန္းခ်က္ ပန္းတိုင္ဟာလည္း မလြဲမေသြ ေရာက္ရွိမွာပါ။ Crd

Post a Comment

0 Comments