ကလေးတွေအတွက် ကစားနည်းတွေက အများကြီးပါပဲ။ တချို့သော ကစားနည်းတွေက ကလေးတွေအတွက်အပျင်းပြေစေတဲ့အပြင် ဉာဏ်ရည်ကိုလည်း တိုးတက်စေပါတယ်။ အဲဒါကြောင့် ဘယ်လိုကစားနည်းတွေက ကလေးတွေရဲ့ဉာဏ်ရည်ကို တိုးတက်စေလဲ ဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ စိတ်ကူးယဉ်ကစားခြင်း
ကလေးတွေအတွက် စိတ်ကူးယဉ်ကစားနည်းတွေက ဦးနှောက်ဖွံ့ဖြိုးစေရုံသာမက ပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။ ဥပမာ ဆရာဝန်လုပ်တမ်း ကစားတာက ကလေးတွေအတွက် ပျော်စရာဖြစ်စေတဲ့အပြင် စာနာကြင်နာမှုတွေလည်း တိုးစေပါတယ်။ ဈေးရောင်းတဲ့နည်းကစားတာက ဝေါဟာရတွေ ပိုမိုကြွယ်ဝစေသလို ပေါင်းသင်းဆက်ဆံရေးနည်းတွေလည်း တိုးတက်လာစေပါတယ်။
၂။ ခန့်မှန်းတဲ့နည်း
ကလေးတွေကို အရောင်တွေ ခန့်မှန်းစေတာ၊ ဆန့်ကျက်ဘက် စကားလုံးတွေကို ပြောစေတာ၊ ပုံသဏ်ဠာန်တွေကို ခွဲခြားပြီး အဖြေကို ပြောစေတာ၊ ကိန်းဂဏန်းတွေကို ခပ်မြန်မြန်တွက်စေတာ၊ စကားထာတွေလို ဆက်စပ်စဉ်းစားစေတာ စသဖြင့်ခန့်မှန်းတဲ့ ကစားနည်းတွေ အများကြီးပါပဲ။ ဒီနည်းတွေက ကလေးရဲ့ဉာဏ်ရည်တိုးတက်စေဖို့ အရမ်းကို အထောက်အကူ ပြုပါတယ်။
၃။ မိတ်ကပ်လိမ်းခြယ်နည်း
မိတ်ကပ်လိမ်းခြယ်တမ်း ကစားနည်းက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့ ကစားနည်းပါပဲ။ ဒါ့အပြင် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ဖို့လည်း သင်ကြားပြီးသား ဖြစ်စေပါတယ်။
၄။ Jenga ကစားနည်း
အံစာတုံးခေါက်ပြီး ရလာတဲ့နံပါတ်တွေကို ပေါင်း၊ ပြီးတော့ ကျတဲ့နေရာစဉ်ရဲ့သစ်သားတုံးကို စီထားတဲ့သစ်သားပုံ ပြိုလဲမသွားအောင် စိတ်ရှည်လက်ငြိမ်စွာ ဆွဲထုတ်ရတဲ့ Jenga ကစားနည်းပါ။ ဒီကစားနည်းက ကလေးတွေရဲ့ ဉာဏ်ရည်ကို တိုးတက်စေရုံမက လက်တွေ့စွမ်းဆောင်နိုင်ရည်၊ သရုပ်ဖော်ပြနိုင်မှု၊ အသစ်တီထွင်နိုင်မှုတွေကိုပါ လှုံ့ဆော်ပေးပါတယ်။
၆။ Jigsaw ကစားနည်း
Jigsaw အပိုင်းအစလေးတွေကို တူရာကောက်ယူပြီး ပုံမှာထည့်သွင်းခြင်းဖြင့် မျက်စိနဲ့လက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေပါတယ်။ ကလေးတွေရဲ့ စိတ်ထဲက နာကျင်မှုတွေကိုလည်း ဒီကစားနည်းက ဖြေလျော့ပေးနိုင်ပါတယ်။
၆။ စစ်တုရင်ကစားနည်း
စစ်တုရင်ကစားနည်းကတော့ ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့ ကစားနည်းပါပဲ။ ဆက်စပ်စဉ်းစားနိုင်စွမ်းတွေ တိုးတက်စေတဲ့အပြင် ပြဿနာ ဖြေရှင်းနည်းတွေကိုပါ အားကောင်းစေတဲ့ ကစားနည်းပါပဲ။
၇။ Battleship ကစားနည်း
Battleship ကစားနည်းအတွက် အကြောင်းပြချင်တွေ၊ ဆက်စပ်တွေးခေါ်မှုတွေ၊ ယုတ္တိရှိမှုတွေ လိုအပ်ပါတယ်။ ရွေးချယ်စရာတွေ၊ ဆုံးဖြတ်စရာတွေကို အများကြီး ချမှတ်ရတာကြောင့် ကလေးတိုင်းဆော့သင့်တဲ့ ကစားနည်းပါပဲ။
၈။ Scrabble
စာလုံးလေးတွေကို ဆက်ရတဲ့ scrabble ကစားနည်းက ကလေးတွေရဲ့ ဝေါဟာရတွေကို ကြွယ်ဝစေပါတယ်။ မှတ်ဉာဏ်လည်း တိုးတက်စေတာကြောင့် ကလေးတွေအတွက် အရမ်းအကျိုးရှိတဲ့ ကစားနည်းပါပဲ။
Zombie (lovemedia)
0 Comments