ကြောင်လေးတွေက လူသားတွေနဲ့ အရမ်းကို ရင်းနှီးတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါ။ သူတို့ဟာ သခင်တွေအပေါ် ကလေးလေးတွေလို ချွဲတတ်၊ ဆိုးတတ်ကြပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေက သခင်တွေအတွက် ပျော်ရွှင်စရာတွေ ဖြစ်ပေါ်စေပါတယ်။
အဲဒါကြောင့် သူတို့ရဲ့စိတ်ထဲမှာ သခင်တွေကို ဘယ်လိုရှုမြင်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
ကြောင်လေးတွေက ဆက်ဆံရေးကောင်းတဲ့ ကလေးလေးတွေပါ။ လူသားတွေကိုသာမက တခြားအိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးလေးတွေ၊ ကြက်လေးတွေ၊ ငှက်လေးတွေနဲ့ သူငယ်ချင်းအဖြစ် ပေါင်းသင်းနိုင်ကြပါတယ်။ လူသားတွေနဲ့လည်း သူငယ်ချင်း ဖြစ်နိုင်ကြပါတယ်။
ကြောင်လေးတွေက လူသားတွေကို ကြောင်အဖြစ် ရှုမြင်ကြကြောင်း အချို့ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒါ့အပြင် တချို့ကြောင်တွေကျတော့ သခင်တွေကို သူတို့ရဲ့မိဘသဖွယ် ရှုမြင်ကြပါတယ်။
ကြောင်လေးတွေက လူသားတွေအပေါ် သံယောဇဉ် ရှိကြပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝမှာ ကြောင်လေးတွေ ပါဝင်သလို ကြောင်လေးတွေရဲ့နေ့စဉ်ဘဝမှာလည်း သူတို့ရဲ့သခင်တွေ ပါဝင်ကြပါတယ်။ ကြောင်လေးတွေက သူတို့ချစ်တဲ့သခင်နဲ့ နေရတာ အရမ်းကို ပျော်ရွှင်ကြပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေအတွက် ကြောင်ပိုင်ရှင်တွေက အုပ်ထိန်းသူလိုပါပဲ။
စမ်းသပ်ချက်တစ်ခုအရ သင်က ကြောင်လေးကို အခန်းတစ်ခုထဲမှာ ၂ မိနစ်ခန့် ထားခဲ့လိုက်ပါ။ အဲဒီအခါ သူတို့အတွက် စိတ်ဖိစီးလာပြီး စိတ်မလုံခြုံမှု ခံစားလာရပါတယ်။ သူတို့ရဲ့ စိတ်ဖိစီးတဲ့အဆင့်ဟာ သူတို့သခင် ပြန်လာပြီး နွေးနွေးထွေးထွေး ဆက်ဆံပေးမှသာ လျော့နည်းသွားတာပါ။
ကြောင်လေးတွေက လုံခြုံတဲ့နေရာနဲ့ မလုံခြုံတဲ့နေရာကို ခွဲခြားတတ်ကြပါတယ်။ လေ့လာချက်တစ်ခုအရ ကြောင်လေးတွေက သခင်တွေနဲ့ အတူတူရှိနေရရင် လုံခြုံတယ်လို့ ခံစားရပါတယ်။ သခင်တွေကို မိဘလို သူတို့စိတ်ထဲမှာ သတ်မှတ်ထားတာကြောင့် သင်ရှိနေရင် ကြောင်လေးက ပျော်ရွှင်လုံခြုံနေပါတယ်။
ကြောင်လေးတွေက သခင်တွေကို ဂရုစိုက် တတ်ကြပါတယ်။ သခင်တွေအပေါ်ထားတဲ့ သူတို့ရဲ့အချစ်ကို နည်းအမျိုးမျိုးနဲ့ ပြသတတ်ကြပါတယ်။ ကြောင်လေးတွေရဲ့အနံ့ခံအာရုံအရ လူသားတွေ ဝမ်းနည်းနေတာကို ကြောင်လေးတွေက ခံစားသိရှိကြပါတယ်။
အဲဒါကြောင့် ကြောင်လေးတွေက သင်ဝမ်းနည်းနေရင်လည်း အနားကနေ နှစ်သိမ့်ပေးတတ်ပါတယ်။ ကြောင်လေးတွေက သူတို့ခန္ဓာကိုယ်နဲ့ သင့်ကို ပွတ်တိုက်သွားရင် သူတို့အတွက် စိတ်ပျော်ရွှင်တယ်လို့ ခံစားရကြောင်း၊ သင့်ကို ယုံကြည်ကြောင်း ပြသတာပါ။
ဘာ့ကြောင့်လဲဆိုတော့ ကြောင်လေးတွေက သူတို့ရဲ့သခင်တွေကို မိဘလို့ သတ်မှတ်ထားလို့ပါပဲ။
Zombie (lovemedia)
0 Comments