ရေသန့်ဘူးတွေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ

နေ့စဉ်သောက်နေတဲ့ ရေသန့်ဘူးခွံတွေမှာ လူသိနည်းသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတတ်ပါတယ်။ ဒီနေ့မှာတော့ ရေသန့်ဘူးခွံတွေမှာ ရှိနေတတ်တဲ့ စိတ်ဝင်စားစရာ လျှို့ဝှက်ချက်တွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ရေသန့်ဘူးခွံတွေကို ပြန်မသုံးသင့်ပါဘူး။

ပလက်စတစ် ရေသန့်ဘူးခွံတွေမှာ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဆေးတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ရေသန့်ဘူးခွံရဲ့အောက်ကို သေသေချာချာ ကြည့်သင့်ပါတယ်။

- ဘူးခွံရဲ့အောက်မှာ 1(PET or PETE) လို့ ရေးထားရင် တစ်ကြိမ်ပဲ အသုံးပြုနိုင်တာပါ။ ပြင်းထန်တဲ့နေရောင်ခြည်နဲ့ ရေသန့်ဘူးခွံ ထိတွေ့တဲ့အခါ အဆိပ်အတောက်တွေ ထွက်လာပြီး ရေထဲကို ဝင်သွားပါတယ်။

- 3 or 7 (PVC and PC) လို့ရေးထားတဲ့ ရေသန့်ဘူးခွံတွေကို ရှောင်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီဘူးခွံတွေမှာ အစားအသောက်တွေထဲကို အဆိပ်အတောက်တွေ စိမ့်ဝင်နိုင်တဲ့ ဓာတုဆေးတွေ ပါဝင်နေလို့ပါ။

- (2 and 4) နဲ့ (5 and PP) လို့ရေးထားတဲ့ ရေသန့်ဘူးတွေဆိုရင် အကြိမ်ပေါင်းများစွာ ပြန်အသုံးပြုနိင်ပါတယ်။ အဲဒီဘူးတွေထဲကို ရေထည့်ပြီး အအေးခံလည်း စိတ်ချရပါတယ်။

၂။ ဘက်တီးရီးယားများ

ရေသန့်ဘူးအဝမှာ ရှိတဲ့ ဘက်တီးရီးယားအရေအတွက်က အိမ်သာမှာရှိတဲ့ ဘက်တီးရီးယားအရေအတွက်နဲ့ အတူတူပါပဲ။ ရေသန့်ဘူးကို ထပ်ခါထပ်ခါ ပြန်သုံးရင် ဘက်တီးရီးယားတွေက ပိုလို့တောင် ပွားလာနိုင်ပါတယ်။ ရေသန့်ဘူးအဝကို ဆေးကြောပေမယ့်လည်း ဘက်တီးရီးယားတွေက ရှိနေဆဲပါပဲ။

ရေသောက်လိုက်တဲ့အခါ ဘက်တီးရီးယားတွေက ရေနဲ့အတူ ဗိုက်ထဲကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရေသန့်ဘူးကို သောက်သုံးတဲ့အခါ ပါးစပ်နဲ့ တိုက်ရိုက်မသောက်ဘဲ ပိုက်နဲ့ စုပ်သောက်သင့်ပါတယ်။

၃။ ရေ

ရေသန့်ကုမ္ပဏီတွေက ရေဘယ်လောက်သန့်ကြောင်း ကြော်ငြာကြပါတယ်။ ဒါပေမယ့် ဝယ်သောက်တဲ့ရေသန့်နဲ့ အိမ်ကထွက်တဲ့ရေဟာ သန့်ရှင်းမှုချင်း သိပ်ပြီးမကွာခြားပါဘူး။ တစ်ခါတရံ ရေသန့်ဆိုတိုင်း သန့်ရှင်းတဲ့ရေ ဖြစ်မနေပါဘူး။ အသန့်ဆုံးရေကတော့ အိမ်မှာ ကျိုချက်သောက်တဲ့ရေပါပဲ။

၄။ ကျန်းမာရေးနဲ့ ညီညွတ်မှု

ကျန်းမာရေးကို ထိခိုက်စေတာက ရေသန့်ဘူးမှာပါတဲ့ ဘက်တီးရီးယားတွေအပြင် သကြားလည်း ရှိပါသေးတယ်။ ဘူးကို အရောင်လေးတွေနဲ့ ကြော်ငြာပြီး အရသာအမျိုးမျိုးနဲ့ အချိုရည်တွေကို ရောင်းချကြပါတယ်။

တကယ်တော့ အချိုရည်တွေမှာ သကြားတွေအများကြီး ပါဝင်တာကြောင့် ဆီးချိုရောဂါကိုတောင် ရစေမှာပါ။ အဲဒါကြောင့် ကြော်ငြာတွေ လှည့်စားမှုကို မခံဘဲ ဘူးမှာပါတဲ့အညွှန်းကို သေချာစစ်ဆေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments