ဘဝနဲ့ရင်းခဲ့ရတဲ့ သင်ခန်းစာ

တခါတုန်းက အဖိုးအို တယောက်ဟာ ကလေးငယ်ကို ပုံပြင်တခုကို ပြောပြနေတယ်။

တခါတုန်းက မြို့တမြို့မှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသား တယောက် ရှိခဲ့ ဖူးတယ်။ သူဋ္ဌေးသားက အသက် ကလည်းငယ် ဘွဲ့ရ ပညာတတ် ဆိုတော့ မာန်မာန လေးတွေ ရှိနေတာပေါ့။

သူဋ္ဌေးသား ဆိုတဲ့အတိုင်း အလုပ်ကလည်း မလုပ်၊ တနေ့တနေ့ အပေါင်းအသင်း တွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံး အချိန်ကို ရောက်လာ ပါလေရော။

အိပ်ယာထဲ လဲနေတဲ့ မိဘတွေက သူတို့ သားကို အလုပ် လုပ်ဖို့ ပြောပေမဲ့ သားက မလုပ်ဘူး။ နောက်တော့ မိဘတွေ သေတယ် ဆိုပါတော့။

မိဘတွေ ကလည်း သေ၊ သားကလည်း အပေါင်းအသင်း တွေနဲ့ ဟေးလား ဝါးလား လုပ်နေတာ မိဘတွေ ရှာထားတဲ့ စည်းစိမ်တွေ ပြုတ်တဲ့အထိ ဆိုပါတော့။

ပိုက်ဆံ မရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီး နေလာလိုက်တာ နောက်ဆုံး နေစရာမရှိ ဖြစ်သွားတော့တယ်။

နောက်တော့ ကိုယ်ပိုင် အရည်အချင်းနဲ့ အလုပ် လုပ်မယ် ဆိုတော့လည်း သူဋ္ဌေးသား ဘဝနဲ့ မောက်မောက် မာမာ နေလာတော့ သူတပါးစီမှာ အလုပ် လုပ်ဖို့လည်း မဖြစ်နိုင်ဘူးလေ။

ကလေးငယ်က "အဘိုး အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲ" လို့ မေးတော့ အဘိုးအိုက ရယ်ပြီးတော့ "အဲဒီသူဋ္ဌေးသားက သူတောင်းစား ဖြစ်သွားတာ ပေါ့ကွယ်" လို့ ပြောလိုက်တယ်။

ဆက်ပြီးတော့ အဘိုးအိုက "ကလေး၊ အဲဒီ သူဋ္ဌေးသားက ဘယ်သူလဲ ဆိုတာ မသိချင်ဘူးလား" လို့ မေးတော့ ကလေးငယ်ကလည်း သိချင်ပါတယ် လို့ ဖြေတယ်။

အဘိုးက "တကယ်တော့ အဲဒီသူဋ္ဌေးသားက တခြားသူ မဟုတ်ဘူးတဲ့ အဘိုးပဲ" လို့ ပြောလိုက်တော့ ကလေးငယ်က အရမ်းအံ့သြသွားတာပေါ့။ အဘိုအိုးက ထပ်ပြောပြန်တယ်။

"လောကမှာ ဆင်းရဲလို့လည်း စိတ်ဓာတ် မကျနဲ့၊ ချမ်းသာ လို့လည်း မာန်မတတ်နဲ့။ ဆင်းရဲလို့ စိတ်ဓာတ် ကျနေရင် ဘယ်တော့မှ ထိပ်ကို ရောက်မှာ ဟုတ်ဘူး။ အဲဒီလိုပဲ ချမ်းသာလို့လည်း မာန်မတတ်နဲ့။ မာန်တက်လို့ ပြုတ်ကျရင် ဘယ်တော့မှ နလန် ထူနိုင်မှာ မဟုတ်ဘူး ကလေး" မြတ်ဗုဒ္ဓ၏သမီးတော်

Post a Comment

0 Comments