အကြီးကြီးဖြစ်မယ့် အရာတွေက ကြာတယ်

တခါတုန်းက ဆင်မ တကောင်နဲ့ ခွေးမတကောင် တို့ဟာ တချိန်တည်း ကိုယ်ဝန်ဆောင် ကြပါတယ်။ ၃ လ ကြာတဲ့ အခါ ခွေးမဟာ ခွေးလေး ၆ ကောင် မွေးပါတယ်။

နောက် ၆ လမြောက်မှာ ခွေးမက ကိုယ်ဝန် ထပ်ဆောင် ပြန်ပါတယ်။ ၉ လ ရောက်တော့ ခွေး တဒါဇင် ထပ်မွေးပြန် ပါတယ်။

အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈ လ ကြာတဲ့ အခါ ခွေးမဟာ ၃ ကြိမ် ကိုယ်ဝန် ဆောင်ပြီး ၃ ခါ မွေးပြီး သွားပါပြီ။ ဆင်မ ကတော့ ကိုယ်ဝန် ဆောင်နေတုန်း ပါပဲ။

ဒီတော့ ခွေးမက ဆင်မကို မေးပါတယ်။ "ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လား ဟယ်၊ ငါဆိုရင် ကလေး ၃ ခါ မွေးပြီး တချို့တွေဆို ခွေးကြီး တွေတောင် ဖြစ်နေကြပြီ။ နင်က ခုထိ ကိုယ်ဝန်ဆောင် နေတုန်းပဲလား"

ဒီတော့ ဆင်မက ပြန်ဖြေ ပါတယ်။ "ဒီမှာ မခွေးမ၊ ရှင်ပြောတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မ လွယ်ထားတာ ဆင်ပါ၊ ခွေး မဟုတ်ပါဘူး။

ကျွန်မဟာ တခါမွေးဖို့ ၂ နှစ် ကိုယ်ဝန် ဆောင်ရ ပါတယ်။ ကျွန်မ ကလေး မွေးလာတဲ့ အခါ မြေကြီးက သိတယ်၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့ အခါ လူတွေ တအံတသြနဲ့ ရပ်ကြည့်ကြ လိမ့်မယ်။

ဒီလို ခွန်အား ကြီးမားပြီး လူတွေ စိတ်ဝင်စား ရတဲ့ သန္ဓေသား ကိုယ်ဝန်ကို လွယ်ထားရ တာကြောင့် အချိန် ဒီလောက် ကြာနေတာပါ"

တခြားသူတွေ အောင်မြင်သွား ချိန်မှာ သင် မအောင်မြင် သေးလို့ သင့်ယုံကြည်မှုတွေ မပျောက်ဆုံး ပါစေနဲ့။ ကြီးမားတဲ့ အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ယုံကြည်မှုနဲ့ အချိန်တွေ အများကြီး ရင်းရ ပါတယ်။

သင်လွယ်ထား ရတဲ့ အောင်မြင်မှုဟာ အခြားသူတွေထက် အများကြီး ပိုနိုင်ပါတယ်။

အဲဒီတော့ အခြားသူတွေကို မြင်ပြီး စိတ်ဓာတ်ကျ နေမယ့် အစား ကိုယ့်ရဲ့ မနက်ဖြန်ကို ယုံကြည်မှု ခွန်အား အပြည့်နဲ့ လျှောက်လှမ်း လိုက်ပါ မိတ်ဆွေ။ Crd, PannNuHtwe

Zawgyi

အႀကီးႀကီးျဖစ္မယ့္ အရာေတြက ၾကာတယ္

တခါတုန္းက ဆင္မ တေကာင္နဲ႔ ေခြးမတေကာင္ တို႔ဟာ တခ်ိန္တည္း ကိုယ္ဝန္ေဆာင္ ၾကပါတယ္။ ၃ လ ၾကာတဲ့ အခါ ေခြးမဟာ ေခြးေလး ၆ ေကာင္ ေမြးပါတယ္။

ေနာက္ ၆ လေျမာက္မွာ ေခြးမက ကိုယ္ဝန္ ထပ္ေဆာင္ ျပန္ပါတယ္။ ၉ လ ေရာက္ေတာ့ ေခြး တဒါဇင္ ထပ္ေမြးျပန္ ပါတယ္။

အဲဒီအတိုင္းပဲ လည္ပတ္ရင္း ၁၈ လ ၾကာတဲ့ အခါ ေခြးမဟာ ၃ ႀကိမ္ ကိုယ္ဝန္ ေဆာင္ၿပီး ၃ ခါ ေမြးၿပီး သြားပါၿပီ။ ဆင္မ ကေတာ့ ကိုယ္ဝန္ ေဆာင္ေနတုန္း ပါပဲ။

ဒီေတာ့ ေခြးမက ဆင္မကို ေမးပါတယ္။ "ဟဲ့ ဆင္မ နင့္ဟာက ကိုယ္ဝန္ေရာ ဟုတ္ရဲ႕လား ဟယ္၊ ငါဆိုရင္ ကေလး ၃ ခါ ေမြးၿပီး တခ်ိဳ႕ေတြဆို ေခြးႀကီး ေတြေတာင္ ျဖစ္ေနၾကၿပီ။ နင္က ခုထိ ကိုယ္ဝန္ေဆာင္ ေနတုန္းပဲလား"

ဒီေတာ့ ဆင္မက ျပန္ေျဖ ပါတယ္။ "ဒီမွာ မေခြးမ၊ ရွင္ေျပာတာကို ကြၽန္မ နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္မ လြယ္ထားတာ ဆင္ပါ၊ ေခြး မဟုတ္ပါဘူး။

ကြၽန္မဟာ တခါေမြးဖို႔ ၂ ႏွစ္ ကိုယ္ဝန္ ေဆာင္ရ ပါတယ္။ ကြၽန္မ ကေလး ေမြးလာတဲ့ အခါ ေျမႀကီးက သိတယ္၊ ဒီဆင္ကေလး လမ္းေလွ်ာက္တဲ့ အခါ လူေတြ တအံတၾသနဲ႔ ရပ္ၾကည့္ၾက လိမ့္မယ္။

ဒီလို ခြန္အား ႀကီးမားၿပီး လူေတြ စိတ္ဝင္စား ရတဲ့ သေႏၶသား ကိုယ္ဝန္ကို လြယ္ထားရ တာေၾကာင့္ အခ်ိန္ ဒီေလာက္ ၾကာေနတာပါ"

တျခားသူေတြ ေအာင္ျမင္သြား ခ်ိန္မွာ သင္ မေအာင္ျမင္ ေသးလို႔ သင့္ယုံၾကည္မႈေတြ မေပ်ာက္ဆုံး ပါေစနဲ႔။ ႀကီးမားတဲ့ေအာင္ျမင္မႈကို ရဖို႔ မဆုတ္မနစ္ဘဲ ဇြဲ၊ လုံ႔လ၊ ဝီရိယ၊ ယုံၾကည္မႈနဲ႔ အခ်ိန္ေတြ အမ်ားႀကီး ရင္းရ ပါတယ္။

သင္လြယ္ထား ရတဲ့ ေအာင္ျမင္မႈဟာ အျခားသူေတြထက္ အမ်ားႀကီး ပိုႏိုင္ပါတယ္။

အဲဒီေတာ့ အျခားသူေတြကို ျမင္ၿပီး စိတ္ဓာတ္က် ေနမယ့္ အစား ကိုယ့္ရဲ႕ မနက္ျဖန္ကို ယုံၾကည္မႈ ခြန္အား အျပည့္နဲ႔ ေလွ်ာက္လွမ္း လိုက္ပါ မိတ္ေဆြ။ Crd, PannNuHtwe

Post a Comment

0 Comments