နှလုံးသားလှသူ

တခါတုန်းက ကောင်မလေး တယောက်ဟာ ပန်းဝယ်ရန် ပန်းဈေးတန်း ထဲကို ဝင်သွားတယ်။ ပန်းဈေးတန်းထဲ ရောက်တော့ မဝယ်ခင် ဈေးတန်းတလျှောက် ပန်းတွေကို အရင် လိုက်ကြည့်တယ်။

ပန်းသည်တွေ ကလည်း သူ့ကို ပန်းဝယ်မည်လော မေးကြသည်။ ကောင်မလေးက ဘယ်သူ့ အမေးမှ မဖြေပဲ ဈေးတန်း ဆုံးသည်အထိ ပန်းတွေ အားလုံးကို လိုက်ကြည့် လိုက်တယ်။

ပြီးတော့မှ အဖွားအို တယောက်ရဲ့ နှင်းဆီပန်းဆိုင်ကို ပြန်လျှောက်လာပြီး အဘွားကို ပန်းတပွင့်ကို ဘယ်လောက်လဲ လို့မေးတယ်။ အဘွားအိုကလည်း နှင်းဆီပန်းတွေက အားလုံး လှပနေတာကြောင့် တပွင့်ကို ၅၀ လို့ ပြန်ဖြေတယ်။

ထိုအခါ ကောင်မလေးက အဘွားအိုကို တချက်ပြုံးပြပြီး အစီအရီ ခင်းထားတဲ့ ပန်းခြင်းတွေထဲမှ ညှိုးနွမ်းတယ် လို့ ထင်ရတဲ့ ပန်းပွင့်တွေကို ရွေးပြီး ဆွဲထုတ် လိုက်တယ်။ အဘွားအိုက ကောင်မလေးရဲ့ လုပ်ရပ်တွေကို စိတ်ကွက်နေ မိတယ်။

နှင်းဆီပန်းတွေ အားလုံး လှပါတယ် လို့ ပြောထားတာ အခု မလှတဲ့ ပန်းတွေကို ဆွဲထုတ်နေတယ် ဆိုတော့ ဒါသူ့ကို သက်သက်ချိုးတာပဲ လို့ တွေးပြီး စိတ်မကြည်မသာ ဖြစ်နေတယ်။

ပန်းတွေက အထက်အောက် ဆွဲထုတ်ရတာမို့ အနည်းငယ် ပုံပျက်သွား လေတယ်။ အဘွားအို ကလည်း စိတ်မရှည်စွာနဲ့ "ယူမှာလား မယူဘူးလား ဟိုလှန် ဒီလော မလုပ်ပါနဲ့ ပန်းတွေ ကြေကုန်မယ်" လို့ လေသံခပ်မာမာနဲ့ ပြောလိုက်တယ်။

ကောင်မလေးကတော့ ဘာမှ ပြန်မပြောပဲ သူရွေးထားတဲ့ ညှိုးနွမ်းလုလု နှင်းဆီပန်းတွေကို စုပြီး "အဘွား ဘယ်နှပွင့် ရှိလဲ ရေပေးပါ။ သမီး ဒီပန်းတွေ ဝယ်ပါမယ်" လို့ ပြောလိုက်တော့ ပန်းသည်အဘွားဟာ အနည်းငယ် မျက်နှာ ပျက်သွားတယ်။

ပြီးတော့မှ ပန်းအလှတွေ လန်းဆန်းတာတွေ ဒီလောက်များတာ ဘာလို့ ဒီမလှတဲ့ ပန်းတွေကိုမှ ရွေးပြီး ဝယ်သလဲ လို့ နားမလည်စွာ မေးလိုက်တယ်။

ကောင်မလေးက "ပန်းတွေ အားလုံး လှပပါတယ်။ ဒါပေမယ့် ဒီပန်းတွေက ရက်နည်းနည်း ကြာလိမ့်မယ် ထင်တယ်။ သူ သိပ်အကြာကြီး မနေရလောက်တော့ဘူး။ သမီးက သမီးချစ်သူရဲ့ အုတ်ဂူမှာ ပန်းစည်း တင်ဖို့ပါ ဘယ်လောက်ပဲ လှပ လန်းဆန်းတဲ့ ပန်းကိုပဲ ဝယ်ဝယ် နေပူမှာ ထားခဲ့မှာမို့ ခဏလေးနဲ့ ညှိုးသွား နိုင်ပါတယ်။

ဒါကြောင့် အဘွားလည်း ကျန်တဲ့ပန်းတွေ လှလှပပ ရောင်းရအောင် သမီး တမင်ရွေးပြီး နွမ်းမယ်ထင်တဲ့ ပန်းတွေကို ဝယ်ခဲ့တာပါ" လို့ အပြုံးလေးနဲ့ ဖြေလိုက်တော့ အဘွားအိုဟာ ခုနက သူစိတ်ကွက် မိတာကိုပင် သူ့ကိုယ်သူ ရှက်သလိုလို ဖြစ်သွားတယ်။

တကယ် နှလုံးသား လှသူ ဆိုတာ စာနာစိတ် အပြည့်အဝ ရှိသလို ကိုယ့်ဖို့ထက် သူများ အဆင်ပြေဖို့ ကိုပဲ အရင်ဆုံး တွေးပေးတတ် ကြပါတယ်။ Crd

Zawgyi

ႏွလုံးသားလွသူ

တခါတုန္းက ေကာင္မေလး တေယာက္ဟာ ပန္းဝယ္ရန္ ပန္းေဈးတန္း ထဲကို ဝင္သြားတယ္။ ပန္းေဈးတန္းထဲ ေရာက္ေတာ့ မဝယ္ခင္ ေဈးတန္းတေလွ်ာက္ ပန္းေတြကို အရင္ လိုက္ၾကည့္တယ္။

ပန္းသည္ေတြ ကလည္း သူ႔ကို ပန္းဝယ္မည္ေလာ ေမးၾကသည္။ ေကာင္မေလးက ဘယ္သူ႔ အေမးမွ မေျဖပဲ ေဈးတန္း ဆုံးသည္အထိ ပန္းေတြ အားလုံးကို လိုက္ၾကည့္ လိုက္တယ္။

ၿပီးေတာ့မွ အဖြားအို တေယာက္ရဲ႕ ႏွင္းဆီပန္းဆိုင္ကို ျပန္ေလွ်ာက္လာၿပီး အဘြားကို ပန္းတပြင့္ကို ဘယ္ေလာက္လဲ လို႔ေမးတယ္။ အဘြားအိုကလည္း ႏွင္းဆီပန္းေတြက အားလုံး လွပေနတာေၾကာင့္ တပြင့္ကို ၅၀ လို႔ ျပန္ေျဖတယ္။

ထိုအခါ ေကာင္မေလးက အဘြားအိုကို တခ်က္ၿပဳံးျပၿပီး အစီအရီ ခင္းထားတဲ့ ပန္းျခင္းေတြထဲမွ ညႇိဳးႏြမ္းတယ္ လို႔ ထင္ရတဲ့ ပန္းပြင့္ေတြကို ေ႐ြးၿပီး ဆြဲထုတ္ လိုက္တယ္။ အဘြားအိုက ေကာင္မေလးရဲ႕ လုပ္ရပ္ေတြကို စိတ္ကြက္ေန မိတယ္။

ႏွင္းဆီပန္းေတြ အားလုံး လွပါတယ္ လို႔ ေျပာထားတာ အခု မလွတဲ့ ပန္းေတြကို ဆြဲထုတ္ေနတယ္ ဆိုေတာ့ ဒါသူ႔ကို သက္သက္ခ်ိဳးတာပဲ လို႔ ေတြးၿပီး စိတ္မၾကည္မသာ ျဖစ္ေနတယ္။

ပန္းေတြက အထက္ေအာက္ ဆြဲထုတ္ရတာမို႔ အနည္းငယ္ ပုံပ်က္သြား ေလတယ္။ အဘြားအို ကလည္း စိတ္မရွည္စြာနဲ႔ "ယူမွာလား မယူဘူးလား ဟိုလွန္ ဒီေလာ မလုပ္ပါနဲ႔ ပန္းေတြ ေၾကကုန္မယ္" လို႔ ေလသံခပ္မာမာနဲ႔ ေျပာလိုက္တယ္။

ေကာင္မေလးကေတာ့ ဘာမွ ျပန္မေျပာပဲ သူေ႐ြးထားတဲ့ ညႇိဳးႏြမ္းလုလု ႏွင္းဆီပန္းေတြကို စုၿပီး "အဘြား ဘယ္ႏွပြင့္ ရွိလဲ ေရေပးပါ။ သမီး ဒီပန္းေတြ ဝယ္ပါမယ္" လို႔ ေျပာလိုက္ေတာ့ ပန္းသည္အဘြားဟာ အနည္းငယ္ မ်က္ႏွာ ပ်က္သြားတယ္။

ၿပီးေတာ့မွ ပန္းအလွေတြ လန္းဆန္းတာေတြ ဒီေလာက္မ်ားတာ ဘာလို႔ ဒီမလွတဲ့ ပန္းေတြကိုမွ ေ႐ြးၿပီး ဝယ္သလဲ လို႔ နားမလည္စြာ ေမးလိုက္တယ္။

ေကာင္မေလးက "ပန္းေတြ အားလုံး လွပပါတယ္။ ဒါေပမယ့္ ဒီပန္းေတြက ရက္နည္းနည္း ၾကာလိမ့္မယ္ ထင္တယ္။ သူ သိပ္အၾကာႀကီး မေနရေလာက္ေတာ့ဘူး။ သမီးက သမီးခ်စ္သူရဲ႕ အုတ္ဂူမွာ ပန္းစည္း တင္ဖို႔ပါ ဘယ္ေလာက္ပဲ လွပ လန္းဆန္းတဲ့ ပန္းကိုပဲ ဝယ္ဝယ္ ေနပူမွာ ထားခဲ့မွာမို႔ ခဏေလးနဲ႔ ညႇိဳးသြား ႏိုင္ပါတယ္။

ဒါေၾကာင့္ အဘြားလည္း က်န္တဲ့ပန္းေတြ လွလွပပ ေရာင္းရေအာင္ သမီး တမင္ေ႐ြးၿပီး ႏြမ္းမယ္ထင္တဲ့ ပန္းေတြကို ဝယ္ခဲ့တာပါ" လို႔ အၿပဳံးေလးနဲ႔ ေျဖလိုက္ေတာ့ အဘြားအိုဟာ ခုနက သူစိတ္ကြက္ မိတာကိုပင္ သူ႔ကိုယ္သူ ရွက္သလိုလို ျဖစ္သြားတယ္။

တကယ္ ႏွလုံးသား လွသူ ဆိုတာ စာနာစိတ္ အျပည့္အဝ ရွိသလို ကိုယ့္ဖို႔ထက္ သူမ်ား အဆင္ေျပဖို႔ ကိုပဲ အရင္ဆုံး ေတြးေပးတတ္ ၾကပါတယ္။ Crd

Post a Comment

0 Comments