တနေမှာ ဘုန်းကြီးကျောင်းကို လူတယောက်က ရောက်လာပြီး
"အရှင်ဘုရား အရက်သောက်တာ အပြစ် ရှိသလား ဘုရား"
"ရှိပါတယ် ဒကာ"
"ဒါဆို တစ်ခု မေးပါရစေ"
"မေးပါ ဒကာ"
"စပျစ်သီး စားတာ အပြစ် ရှိလား"
"မရှိပါ ဒကာ"
"စပျစ်သီးနဲ့ ရေနဲ့ ရောသောက်ရင်ရော ဘုရား"
"အပြစ် မဖြစ်ပါ"
"စပျစ်သီးထဲကို ရေထည့်၊ အဲဒီအထဲကို တဆေးလေး နည်းနည်း ထည့်ပြီး ဖောက်ထားတာကို သောက်ရင် အပြစ် ဖြစ်သလား ဘုရား"
"ဘာကို ပြောတာလဲ ဒကာ"
"စပျစ်သီးရယ်၊ ရေရယ်၊ တဆေးရယ် ရောလိုက်ရင် အရက် ဖြစ်သွားတယ် ဘုရား။ ဒါကြောင့် အဲဒီလို လုပ်သောက်တာဟာ အပြစ် ဖြစ်နိုင်ပါ့ မလား"
ဆရာတော်က ဘာပြန်ပြောရမှန်း မသိ ခတ္တ စဉ်းစားလိုက် ပြီးနောက်
"ဒကာကြီး"
"ဘုရား"
"ဟောဒီ မြေမှုန့် နည်းနည်းကို ဒကာကြီး ခေါင်းပေါ် ဖြူးလိုက်မယ်။ နာလား"
"ဘယ် နာမှာလဲ ဘုရား"
"ဟုတ်ပြီ အဲဒီ မြေမှုန်ကို ရေနဲ့ နယ်ပြီးတော့ ဒကာကြီး မျက်နှာကို ပက်မယ် ဆိုရင် နာမလား"
"မနာပါဘူး ဘုရား"
"ကောင်းပြီလေ အဲဒီ မြေမှုန်ရယ်၊ ရေရယ် ရောနယ်ထားပြီး ဖုတ်ထားတဲ့ အုတ်နဲ့ ဒကာကြီး ခေါင်းကို ထုမယ် ဆိုရင်ရော"
ဒကာက ဆရာတော်ကို ဦးကုန်းချတယ်။ "တပည့်တော် သဘောပေါက် သွားပါပြီ ဘုရား"
"အေး သာဓု သာဓု သာဓု"
တင်ညွန့် (ဂျူးပုံပြင်လေး တပုဒ်ဖြစ်တဲ့ Sin ကို မြန်မာမှု ပြုပါတယ်)
Zawgyi
အျပစ္ရွိသလား
တေနမွာ ဘုန္းႀကီးေက်ာင္းကို လူတေယာက္က ေရာက္လာၿပီး
"အရွင္ဘုရား အရက္ေသာက္တာ အျပစ္ ရွိသလား ဘုရား"
"ရွိပါတယ္ ဒကာ"
"ဒါဆို တစ္ခု ေမးပါရေစ"
"ေမးပါ ဒကာ"
"စပ်စ္သီး စားတာ အျပစ္ ရွိလား"
"မရွိပါ ဒကာ"
"စပ်စ္သီးနဲ႔ ေရနဲ႔ ေရာေသာက္ရင္ေရာ ဘုရား"
"အျပစ္ မျဖစ္ပါ"
"စပ်စ္သီးထဲကို ေရထည့္၊ အဲဒီအထဲကို တေဆးေလး နည္းနည္း ထည့္ၿပီး ေဖာက္ထားတာကို ေသာက္ရင္ အျပစ္ ျဖစ္သလား ဘုရား"
"ဘာကို ေျပာတာလဲ ဒကာ"
"စပ်စ္သီးရယ္၊ ေရရယ္၊ တေဆးရယ္ ေရာလိုက္ရင္ အရက္ ျဖစ္သြားတယ္ ဘုရား။ ဒါေၾကာင့္ အဲဒီလို လုပ္ေသာက္တာဟာ အျပစ္ ျဖစ္ႏိုင္ပါ့ မလား"
ဆရာေတာ္က ဘာျပန္ေျပာရမွန္း မသိ ခတၱ စဥ္းစားလိုက္ ၿပီးေနာက္
"ဒကာႀကီး"
"ဘုရား"
"ေဟာဒီ ေျမမႈန႔္ နည္းနည္းကို ဒကာႀကီး ေခါင္းေပၚ ျဖဴးလိုက္မယ္။ နာလား"
"ဘယ္ နာမွာလဲ ဘုရား"
"ဟုတ္ၿပီ အဲဒီ ေျမမႈန္ကို ေရနဲ႔ နယ္ၿပီးေတာ့ ဒကာႀကီး မ်က္ႏွာကို ပက္မယ္ ဆိုရင္ နာမလား"
"မနာပါဘူး ဘုရား"
"ေကာင္းၿပီေလ အဲဒီ ေျမမႈန္ရယ္၊ ေရရယ္ ေရာနယ္ထားၿပီး ဖုတ္ထားတဲ့ အုတ္နဲ႔ ဒကာႀကီး ေခါင္းကို ထုမယ္ ဆိုရင္ေရာ"
ဒကာက ဆရာေတာ္ကို ဦးကုန္းခ်တယ္။ "တပည့္ေတာ္ သေဘာေပါက္ သြားပါၿပီ ဘုရား"
"ေအး သာဓု သာဓု သာဓု"
တင္ၫြန႔္ (ဂ်ဴးပုံျပင္ေလး တပုဒ္ျဖစ္တဲ့ Sin ကို ျမန္မာမႈ ျပဳပါတယ္)
0 Comments