ဆုံးဖြတ် မစောပါနဲ့

တခါက အသက် ၅ နှစ်အရွယ် ကလေးမလေး တယောက်ဟာ မိခင်ဖြစ်သူ ပေးထားတဲ့ ပန်းသီးလေး နှစ်လုံးကို လက်ထဲ ကိုင်ပြီး ဆော့ကစား နေတယ်။

အဲဒီ အချိန်မှာပဲ မိခင်ဖြစ်သူက သူ့အနား ရောက်လာပြီး "သမီး မစားရင် မေမေ့ကို ပန်းသီး တလုံး ပေးပါလား" လို့ ပြောတော့ ကလေးဖြစ်သူက ပန်းသီး နှစ်လုံးကို ကြည့်ပြီး တွေသွားတယ်။

နောက်တော့ ဘာမပြော ညာမပြော ပန်းသီး တလုံးကို ချက်ချင်း ကိုက်လိုက်တယ်။

မိခင်လုပ်သူက ပိုနေတဲ့ ကျန်တလုံးကို ပေးမယ် အထင်နဲ့ စောင့်ကြည့် နေပေမယ့် ကလေးငယ်က နောက်ပန်းသီး ကိုလည်း မပေးပဲ ထပ်ကိုက် ပြန်တယ်။

ထိုအခြင်းအရာကို မြင်တဲ့ မိခင်ဖြစ်သူလည်း စိတ်မကောင်း ဖြစ်သွားတယ်။ ရင်ထဲ နာကျင်သွားပြီး ကလေးဖြစ်သူ အနားက ထွက်မယ် လုပ်တယ်။ အဲဒီအချိန်မှာပဲ ကလေးဖြစ်သူက သူကိုက်လက်စ ပန်းသီး တလုံးကို လှမ်းပေး လိုက်တယ်။

"မေမေ ဒီအလုံးလေးက ပိုချိုတယ်၊ ဒါလေး စားကြည့်လိုက်" လို့ ကလေးငယ်က ချစ်ဖွယ် ပြုံးရင်း ပြောတယ်။

ထိုအခါမှ အဖြစ်မှန်ကို ရိပ်မိလိုက်တဲ့ မိခင်ဖြစ်သူဟာ ကြည်နူးစွာ ပြုံးလိုက်တယ်။ နောက်တော့ သူပေးတဲ့ ပန်းသီးလေးကို ယူပြီး ခေါင်းလေကို တချက် ပုတ်လိုက်တယ်။

ကလေးမလေး ကတော့ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးရင်း သူ့လက်ထဲက မကောင်းတဲ့ ပန်းသီးကိုသာ ကိုက်စား လိုက်တယ်။

လူ့လောကမှာ ကိစ္စတခုကို စောလျင်စွာ မဆုံးဖြတ်ပါနဲ့။ မှားယွင်း တတ်ပါတယ်။ အချိန် ယူရပါမယ်။ အမှန်တရားက နောက်ကျမှ ရောက်လာ တတ်တာ သတိ ပြုသင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး (၂၇.၁ . ၁၈) (the child and apple ကို ဆီလျှော်အောင် ဘာသာပြန်သည်)

Zawgyi

ေမေမ့အတြက္ ပန္းသီးတလုံး

တခါက အသက္ ၅ ႏွစ္အ႐ြယ္ ကေလးမေလး တေယာက္ဟာ မိခင္ျဖစ္သူ ေပးထားတဲ့ ပန္းသီးေလး ႏွစ္လုံးကို လက္ထဲ ကိုင္ၿပီး ေဆာ့ကစား ေနတယ္။ အဲဒီ အခ်ိန္မွာပဲ မိခင္ျဖစ္သူက သူ႔အနား ေရာက္လာၿပီး "သမီး မစားရင္ ေမေမ့ကို ပန္းသီး တလုံး ေပးပါလား" လို႔ ေျပာေတာ့ ကေလးျဖစ္သူက ပန္းသီး ႏွစ္လုံးကို ၾကည့္ၿပီး ေတြသြားတယ္။

ေနာက္ေတာ့ ဘာမေျပာ ညာမေျပာ ပန္းသီး တလုံးကို ခ်က္ခ်င္း ကိုက္လိုက္တယ္။ မိခင္လုပ္သူက ပိုေနတဲ့ က်န္တလုံးကို ေပးမယ္ အထင္နဲ႔ ေစာင့္ၾကည့္ ေနေပမယ့္ ကေလးငယ္က ေနာက္ပန္းသီး ကိုလည္း မေပးပဲ ထပ္ကိုက္ ျပန္တယ္။

ထိုအျခင္းအရာကို ျမင္တဲ့ မိခင္ျဖစ္သူလည္း စိတ္မေကာင္း ျဖစ္သြားတယ္။ ရင္ထဲ နာက်င္သြားၿပီး ကေလးျဖစ္သူ အနားက ထြက္မယ္ လုပ္တယ္။ အဲဒီအခ်ိန္မွာပဲ ကေလးျဖစ္သူက သူကိုက္လက္စ ပန္းသီး တလုံးကို လွမ္းေပး လိုက္တယ္။ "ေမေမ ဒီအလုံးေလးက ပိုခ်ိဳတယ္၊ ဒါေလး စားၾကည့္လိုက္" လို႔ ကေလးငယ္က ခ်စ္ဖြယ္ ၿပဳံးရင္း ေျပာတယ္။

ထိုအခါမွ အျဖစ္မွန္ကို ရိပ္မိလိုက္တဲ့ မိခင္ျဖစ္သူဟာ ၾကည္ႏူးစြာ ၿပဳံးလိုက္တယ္။ ေနာက္ေတာ့ သူေပးတဲ့ ပန္းသီးေလးကို ယူၿပီး ေခါင္းေလကို တခ်က္ ပုတ္လိုက္တယ္။ ကေလးမေလး ကေတာ့ ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ ၿပဳံးရင္း သူ႔လက္ထဲက မေကာင္းတဲ့ ပန္းသီးကိုသာ ကိုက္စား လိုက္တယ္။

လူ႔ေလာကမွာ ကိစၥတခုကို ေစာလ်င္စြာ မဆုံးျဖတ္ ပါနဲ႔။ မွားယြင္း တတ္ပါတယ္။ အခ်ိန္ ယူရပါမယ္။ အမွန္တရားက ေနာက္က်မွ ေရာက္လာ တတ္တာ သတိ ျပဳသင့္ပါတယ္။ ေဒါက္တာ ေအးမင္းထူး (၂၇.၁ . ၁၈) (the child and apple ကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္သည္)

Post a Comment

0 Comments