လက်သည်းခြေသည်းတွေ ခဏခဏမကျိုးစေဖို့ အလွယ်ဆုံးလမ်းနည်း (၁၀) ခု

လူသားတွေရဲ့လက်သည်းက မြင်းခွာလို သန်မာတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ ခြေသည်းလက်သည်းတွေက ကျိုးလွယ်နေဆဲပါပဲ။ လက်သည်းဖျက်ဆေးတွေ အရမ်းသုံးတဲ့အခါ၊ ခြောက်သွေ့တဲ့အခါ၊ အရမ်းစိုစွတ်တဲ့အခါမှာလည်း လက်သည်းခြေသည်းတွေ ကျိုးပဲ့ပါတယ်။

အဲဒါကြောင့် လက်သည်းခြေသည်းတွေ မကျိုးဘဲ သဘာဝအတိုင်း လှပစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သခွားသီး

လက်သည်းက ခဏခဏ ကျိုးနေတယ်ဆိုရင် သခွားသီးဖျော်ရည်ထဲမှာ လက်သည်းကို ၅ မိနစ်ကြာ စိမ်ထားပါ။ သခွားသီးမှာ ဗီတာမင် A, E, B1, B2, B3 နဲ့ C ၊ ကယ်လ်ဆီယမ်နဲ့ သံဓါတ်ပါတာကြောင့် လက်သည်းကျိုးတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

၂။ Vicks VapoRub

ဒီဆေးကို ချောင်းဆိုးတဲ့အခါ၊ အအေးမိတဲ့အခါ အသုံးပြုကြပါတယ်။ သူ့ရဲ့နောက်ထပ် အသုံးဝင်ပုံကတော့ လက်သည်းကျိုးတာ၊ မှိုဝင်တာကို ကုသပေးနိုင်တာပါ။ လက်သည်းမှိုဝင်တဲ့နေရာမှာ Vick VapoRub ကို တစ်ရက်တစ်ခါ လိမ်းပေးရုံပါပဲ။

၃။ Tea-tree oil

Tea-tree oil က မှိုတွေကို တိုက်ဖျက်နိုင်နာကြောင့် လက်သည်းကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေမှာပါ။ Tea-tree oil ကို ချည်ပိတ်စနဲ့တို့ပြီး လက်သည်းမှိုဝင်တဲ့ နေရာမှာ အုပ်ထားပေးနိုင်ပါတယ်။

၄။ သံပရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

ဝါနေတဲ့လက်သည်းကို သဘာဝအတိုင်း ဖြူဖွေးသွားဖို့ဆိုရင် သံပရိုသီးအရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး လက်သည်းပေါ်မှာ တင်လိုက်ပါ။ ပြီးရင် သွားတိုက်တံနဲ့ ပွတ်တိုက်ပေးပါ။

၅။ Horsetail လက်ဖက်ရည် သောက်ပါ။

လက်သည်းကျန်းမာရေးအတွက် အရမ်းအကျိုးရှိတဲ့ လက်ဖက်ရည်တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ horsetail ပါ။ Horsetail ကို ပုံမှန်သောက်ပေးရင် လက်သည်းအတွက်သာမက ဆံပင်ကျန်းမာရေးအတွက်ပါ ကောင်းပါတယ်။

၆။ Oregano ဆီ

Oregano oil မှာ thymol ပါတာကြောင့် လက်သည်းပိုးဝင်တာ၊ မှိုဝင်တာတွေအတွက် ထိရောက်တဲ့ဆီပါပဲ။ လက်သည်းကို ရေဓါတ်ပြည့်ဖို့အတွက် oregano ဆီကို လက်သည်း၊ ခြေသည်းအဖျားတွေမှာ လိမ်းပေးပါ။

၇။ Biotin များသော အစားအစာများ

လက်သည်းရှည်တာမြန်ဖို့ဆိုရင် biotin များတဲ့အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ Biotin က အားနည်းနေတဲ့ လက်သည်းတွေကို တစ်ပတ်အတွင်း သန်မာလာစေတယ်။ အစေ့အဆံတွေ၊ ပန်းမုံလာ၊ ကြက်ဥ၊ ငှက်ပျောသီး၊ မှိုတွေက biotin များတဲ့ အစားအစာတွေပါပဲ။

၈။ အုန်းဆီ

အုန်းဆီက လက်သည်းကို ရေဓါတ်ဖြည့်ပေးပါတယ်။ အုန်းဆီ ၃ စက်လောက်ကို လက်သည်းမှာ လိမ်းပေးပြီး စိမ့်ဝင်သွားအောင် ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

၉။ ပန်းသီးရှာလကာရည်

လက်သည်းထဲမှာ ပိုးဝင်နေတယ်ဆိုရင် ရှာလကာရည်နဲ့ရေကို ဆတူရောပြီး လက်သည်းလေးတွေ ထည့်စိမ်ပါ။ ဒါမှမဟုတ် ပိတ်စပါးလေးကို ရှာလကာရည်ထဲ ထည့်စိမ်ပြီး အုပ်ထားပေးလို့လည်း ရပါတယ်။

၁၀။ ကြက်သွန်ဖြူ

ခြေသည်းမှာ ပိုးဝင်တဲ့အခါ ကြက်သွန်ဖြူက ထိထိရောက်ရောက် ကုသပေးပါတယ်။ ကြက်သွန်ဖြူကို အနှစ်ရအောင် ထောင်းပြီး လက်သည်း၊ ခြေသည်းပိုးဝင်တဲ့နေရာမှာ အုပ်ထားပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments