အဖြူရောင်တက်တူး ထိုးတော့မယ်ဆိုရင် သိထားတဲ့သင့်တဲ့ အချက် (၇) ချက်

အဖြူရောင်မင်နဲ့ ထိုးထားတဲ့ တက်တူးတွေက အခုနောက်ပိုင်းမှာ အရမ်းကို ခေတ်စားလာပါတယ်။ အရောင်ပါတဲ့ တက်တူးတွေနဲ့ တစ်မျိုးကွဲပြားနေတာကြောင့် လူကြိုက်များကြပါတယ်။ အဲဒါကြောင့် အဖြူရောင်တက်တူး မထိုးခင်မှာ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အတွေ့အကြုံရှိတဲ့ တက်တူးထိုးသူဆီကိုသာ သွားပါ။

အဖြူရောင်တက်တူးက အခြားတက်တူးတွေနဲ့မတူဘဲ ပိုပြီး စိန်ခေါ်မှုများပါတယ်။ အဖြူရောင်မင်နဲ့ ထိုးရမှာဖြစ်တာကြောင့် အချိန်လည်း ပိုယူရသလို ကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ အဖြူရောင်တက်တူးက အခြားအရောင်တက်ထူးတွေ ထိုးရတာထက် ပိုခက်ပါတယ်။ ကျွမ်းကျင်တဲ့တက်တူးဆရာက သင့်အတွက် အသင့်တော်ဆုံးကို အကြံပေးနိုင်ပါတယ်။

၂။ အဖြူရောင်တက်တူးက အသားအရောင်တိုင်းနဲ့ မလိုက်ဖက်ပါဘူး။

အသားရေလတ်သူတွေအတွက် အဖြူရောင်တက်တူးက အလိုက်ဖက်ဆုံးပါပဲ။ မိတ်ကပ်နဲ့လည်း လွယ်လွယ်ကူကူ ဖုံးအုပ်လိုက်လို့ရပါတယ်။ သင့်အသားအရောင်က အရမ်းကို ဖျော့တော့နေရင် အဖြူရောင်တက်တူးထိုးတဲ့အခါ ပေါ်လွင်မှာ မဟုတ်ပါဘူး။

၃။ အဖြူရောင်တက်တူးအတွက် အထူးဒီဇိုင်း လိုအပ်ပါတယ်။

အဖြူရောင်မင်နဲ့ ထိုးရတာဖြစ်တာကြောင့် တက်တူးဒီဇိုင်းတိုင်းကို ထိုးလို့မရနိုင်ပါဘူး။ အဖြူရောင်တက်တူးတွေက ရိုးရှင်းလေ ပိုလှလေပါပဲ။ ရှုပ်ထွေးတဲ့ပုံတွေဆိုရင် အဖြူရောင်တက်တူးက လှပမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အဖြူရောင်တက်တူး ထိုးမယ်ဆိုရင် ဒီဇိုင်းအတွက် တက်တူးဆရာနဲ့ သေသေချာချာ တိုင်ပင်သင့်ပါတယ်။

၄။ အဖြူရောင်တက်တူးတွေက အချိန်အကြာကြီး မခံပါဘူး

တက်တူးတိုင်းက နှစ်ကာလတစ်ခုကို ရောက်တဲ့အခါ မှေးမှိန်သွားတတ်ကြပါတယ်။ ထိုးစတုန်းကလောက် အရောင်မတောက်တော့ပါဘူး။ အဖြူရောင်တက်တူးကို ထိုးတဲ့အခါ သူ့အရောင်က အခြားအရောင်တွေထက် အရောင်ပြောင်းတာ ပိုမြန်ပါတယ်။ အဲဒါကြောင့် အဖြူရောင်တက်တူးကို ထိုးပြီးရင် နှစ်အနည်းငယ်ကြာတဲ့အခါ အရောင်ပြန်တင်ဖို့ လိုအပ်နိုင်ပါတယ်။

၅။ အဖြူရောင်တက်တူးက အသားအရေကို ရောင်တယ်လို့ ထင်ရစေပါတယ်။

အခြားအရောင်တွေနဲ့ ယှဉ်လိုက်ရင် အဖြူရောင်တက်တူးကို ထိုးပြီးတဲ့အခါ အသားအရေက ပိုပြီး ရောင်နေတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားပေါ်မှာ အရောင်ကို ပိုပြီး မြင်လွယ်အောင်လို့ မင်ကို အရေပြားနဲ့ ကပ်ပြီး ထိုးထားရတာကြောင့်ပါ။ အဲဒါကြောင့် အဖြူရောင်တက်တူးထိုးမယ်ဆိုရင် ဒီဇိုင်းက အဓိကပါပဲ။

၆။ အဖြူရောင်တက်ထူးထိုးတဲ့အခါ ဘောင်ခတ်ထိုးတာထက် အသားပေးထိုးတာက ပိုကောင်းပါတယ်။

အဖြူရောင်တက်တူးကို ပုံအပြည့်ထိုးရင် ပုံကရုပ်လုံးကြွပြီး ပိုလှပါတယ်။ အနက်ရောင်မင်ထက်ကို ပိုပြီး ပေါ်လွင်နေတတ်ပါတယ်။ ဘောင်ခတ်ထိုးတာက ဒီဇိုင်းအလှကို အရမ်းမသိသာစေပါဘူး။

၇။ အဖြူရောင်တက်တူးထိုးပြီးတဲ့အခါ အရောင်မလွင့်သွားစေမယ့် နည်းလမ်းတွေ ရှိပါတယ်။

အဖြူရောင်တက်တူး ထိုးပြီးတဲ့အခါ အရောင်မလွင့်သွားစေဖို့ ပိုပြီးဂရုစိုက်ရပါတယ်။

- တက်တူးကို ရေဆေးပြီးတဲ့အခါ လိုးရှင်းနဲ့ ခရင်မ်တွေကို အနည်းငယ်လိမ်းပေးပါ။

- အဖြူရောင်တက်တူးက ပုံမှန်တက်ထူးတွေထက် အနာဖေးတွေ ပိုများတတ်ပါတယ်။ အနာဖေးတွေ ထွက်လာတဲ့အခါ မခွာသင့်ပါဘူး။ သူ့အလိုလို ကွာကြာသွားတဲ့အထိ စောင့်ပေးပါ။

- အဖြူရောင်တက်တူးကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ SPF ပါတဲ့ ခရင်မ်တွေကို လိမ်းပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments