သင့်ကလေးဟာ စကားပြောနောက်ကျနိုင်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၇) ချက်

သင့်ကလေးက စကားပြောတာ နောက်ကျရင် ဘာ့ကြောင့်လဲလို့ တွေးမိပါလိမ့်မယ်။ စကားပြောတာ နောက်ကျရခြင်းထဲက အကြောင်းရင်းတွေထဲမှာ ပေါင်ချိန်မပြည့်ဘဲ မွေးလာတာကြောင့်လည်း ပါဝင်ပါတယ်။ အဲဒါကြောင့် သင့်ကလေးက စကားပြော နောက်ကျမယ့်အကြောင်း ဘယ်လို လက္ခဏာတွေနဲ့ သိနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ စကားပြောနည်းခြင်း

သင့်ကလေးပြောတဲ့ ဝေါဟာတွေမှာ စကားလုံးအနည်းငယ်သာ ပါဝင်နေပါလိမ့်မယ်။ စကားလုံးနှစ်လုံးတွဲကို ထွက်ရတာ အခက်အခဲ ရှိနေပုံပေါ်ရင် စကားပြောနောက်ကျနိုင်ပါတယ်။

၂။ အာစေးမိခြင်း

သင့်ကလေးက အာစေးမိတဲ့အခါ လျှာက လှုပ်ရှားဖို့ မလွယ်ကူပါဘူး။ အဲဒါကြောင့် စကားပြောဖို့ ခက်ခဲပါတယ်။ လျှာက အာခေါင်ကိုလည်း မထိနိုင်၊ အပေါ်နှုတ်ခမ်းကိုလည်း မထိနိုင်တာကြောင့် စကားပြော နောက်ကျသွာပါတယ်။

၃။ ဗလုံးဗထွေး မပြောနိုင်ခြင်း

ကလေးရဲ့စကားသံတွေကို နားထောင်ကြည့်ပါ။ အထူးသဖြင့် "ဘာ...ဘာ...ဘာ" နဲ့ "မာ..မာ..မာ" ဆိုတဲ့ အသံက ဆင်တူနေပါတယ်။ အဲဒီအသံတွေကို အသက် ၆ လလောက်မှာ ပြောနိုင်နေပါပြီ။ သင့်ကလေးက အသက် ၇ လ သို့မဟုတ် ၈ လအထိ ဗလုံးဗထွေး မပြောနိုင်ရင် စကားပြောနောက်ကျနိုင်ပါတယ်။

၄။ ပေါင်မပြည့်ခြင်း

သင့်ကလေးကို ပေါင်မပြည့်ဘဲ မွေးတဲ့အခါ စကားပြောနောက်ကျနိုင်ချေ များပါတယ်။ ၃၇ ပတ်မတိုင်ခင် စောမွေးတဲ့ ကလေးတွေမှာလည်း စကား‌ပြော နောက်ကျတတ်ပါတယ်။

၅။ အာရုံများခြင်း

စကားပြောနောက်ကျတဲ့ ကလေးတွေက လှုပ်ရှားသွားလာမှုနဲ့ကို အာရုံစိုက်ခြင်းနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ တစ်ခုခုကို လုပ်တဲ့အခါ အာရုံများနေတာ၊ ဘာလုပ်လို့လုပ်ရမှန်း မသိတာမျိုးပါ။

၆။ ပါးစပ်ကြွက်သားမှာ ပြဿနာရှိခြင်း

ဦးနှောက်ကနေ ပါးစပ်ရဲ့ကြွက်သားတွေကို သတင်းပို့တဲ့အခါ နားလည်မှုလွဲမှားပြီး ပါးစပ်ကြွက်သားတွေမှာ ပြဿနာ ဖြစ်လာပါတယ်။ အဲဒီအခါ စကားပြောတာအပြင် ဝါးစားတာ၊ လေမှုတ်တာ၊ အသံထွက်တာတွေမှာ ပါးစပ်ကို ထိထိရောက်ရောက် အသုံးမချနိုင်တော့ပါဘူး။

၇။ အကြားအာရုံပြဿနာ

သင့်ကလေးက အကြားအာရုံမကောင်းရင် တစ်ဖက်က ပြောတဲ့စကားလုံးတွေကို နားမလည်နိုင်တော့ပါဘူး။ ပြီးတော့ အဲဒီစကားလုံးတွေကိုလည်း လိုက်မပြောနိုင်ပါဘူး။ အကြားအာရုံ မကောင်းတဲ့ကလေးတွေက ဘာသာစကားကို အသုံးချဖို့ ခက်ခဲပါတယ်။

Bonus

သင့်ကလေးက စကားပြောနောက်ကျပေမယ့်လည်း ရွယ်တူတွေနဲ့ စကားပြောပါများရင်၊ ကျောင်းစတက်ရင် စကားတွေ ပြောလာနိုင်ပါတယ်။ ဒါပေမယ့်လည်း စကားပြောတာ အရမ်းနောက်ကျနေရင် ကလေးတွေရဲ့ဘာသာစကားစွမ်းရည် တိုးတက်ဖို့ ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments