သင်ဟာ ထင်ထားတာထက် ဉာဏ်ပိုကောင်းကြောင်း ဖော်ပြနေတဲ့လက္ခဏာ (၉) ခု

ကမ္ဘာပေါ်မှာ ဉာဏ်ကောင်းတယ် ဆိုတာကို သတ်မှတ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ IQ မြင့်သူတွေမှာ ထင်မထားလောက်တဲ့ အမူအကျင့်တွေ ရှိနေတာကို တွေ့ရပါတယ်။

၁။ ပျင်းရိခြင်း

လူပေါင်းများစွာကို စမ်းသပ်ကြည့်တဲ့အခါ ဉာဏ်ရည်မြင့်တဲ့သူတွေဟာ သူတို့ရဲ့ အချိန်ဇယားတွေကို အပြည့်ဖြစ်အောင် လုပ်ထားတတ်ပြီး ပျင်းရိနေတတ်ကြပါတယ်။ အတွေးတွေ များနေတတ်ပြီး လုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း မလုပ်ဖြစ် တတ်ကြတာကို တွေ့ရပါတယ်။

၂။ အနည်းငယ်မေ့တတ်ခြင်း

ဉာဏ်ကောင်းတဲ့သူတွေက မမေ့တတ်ဘူးလို့ လူအများက ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် အနည်းငယ် သတိမေ့တတ်ခြင်းက ဉာဏ်ကောင်းတဲ့သူတွေရဲ့ လက္ခဏာ တစ်ခုပါပဲ။ ဦးနှောက်က အရေးမကြီးဘူးလို့ထင်တဲ့ အချက်အလက်တွေကို ဖယ်ထုတ်ပစ်တတ်တာကြောင့် မကြာခဏ မေ့တတ်တာပါ။

၃။ စကားကြွယ်ခြင်း

ဉာဏ်ရည်မြင့်တဲ့သူတွေမှာ စကားလုံးပေါင်းများစွာကို လိုသလို ထုတ်သုံးတတ်ကြပါတယ်။ အခြေအနေကို မူတည်ပြီး စကားပြော ကောင်းတတ်ကြပါတယ်။ ဒါ့အပြင် တချို့အခြေအနေတွေမှာ ကျိန်ပြောတတ်ကြပါသေးတယ်။

၄။ လူတွေကို ယုံကြည်ခြင်း

ဉာဏ်ကောင်းတဲ့သူတွေက လူတွေကို ပိုယုံကြည်တတ်ကြကြောင်း ပညာရှင်တွေက ထုတ်ဖော်ပြခဲ့ကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့က ဘဝကို အကောင်းမြင်တတ်ဘက်ကနေ တွေးခေါ်တတ်လို့ပါ။ လူတွေကို ယုံကြည်ပေမယ့် ရှေ့ကိုတော့ ကြိုမြင်တတ်ကြပါတယ်။

၅။ ကြောင်မွေးခြင်း

လေ့လာချက်တွေအရ ကြောင်ပိုင်ရှင်တွေက ဉာဏ်ကောင်းပြီး ဆတ်ဆတ်ထိမခံသူတွေဖြစ်ကြကြောင်းတွေ့ရှိရပါတယ်။ ခွေးပိုင်ရှင်တွေကတော့ တက်တက်ကြွကြွ နေတတ်ပြီး ပွင့်လင်းတဲ့အကျင့်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့ပြင် ကြောင်တွေနဲ့ စကားတွေပြောတတ်တာကလည်း ဉာဏ်ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

၆။ အသားမကြိုက်ခြင်း

စိတ်ဝင်စားစရာ ကောင်းတာကတော့ ဉာဏ်ရည်မြင့်တဲ့သူတွေက အသားမကြိုက်ကြဘဲ အသီးအရွက်တွေကို ပိုကြိုက်ကြပါတယ်။ သူတို့ဟာ အသားစားဖို့ကို အတွေးလွန်နေကြောင်း စစ်တမ်းရလဒ်တွေမှာ ဖြေဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ အသားလုံးဝ မစားသူတွေအဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရပါတယ်။

၇။ အကြံပေးကောင်းခြင်း

ဉာဏ်ကောင်းတဲ့သူတွေက အသစ်အဆန်းတွေကို တီထွင်နိုင်ကြပါတယ်။ သမားရိုးကျမဟုတ်တဲ့ အဖြေတွေကိုလည်း ဖော်ထုတ်တတ်ကြပါတယ်။ သူများတွေအတွက်လည်း အကြံကောင်းဉာဏ်ကောင်းတွေ ပေးတတ်ကြပါတယ်။

၈။ အိပ်ချိန်နည်းခြင်း

ဉာဏ်ရည်မြင့်သူ အများစုက အချိန်နောက်ကျမှ အိပ်ပြီး စောစောအိပ်တတ်တဲ့ အကျင့်ရှိကြပါတယ်။ သင်က ညဘက်ဇီးကွက် အမြဲဖြစ်နေရင် အရမ်းစိတ်မပူပါနဲ့။ သင်က သူများထက် ပိုပြီးစမတ် ဖြစ်နေလို့ပါ။

၉။ လက်သည်းကိုက်ခြင်း

လေ့လာချက်တွေအရ ဉာဏ်ကောင်းသူ အများစုက လက်သည်းကိုက်တာ၊ ဆံပင်ကို ဆွဲနေတာ၊ အသားအရေကို ခဏခဏ ဆွဲဆိတ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ လက်သည်းကိုက်တာက ပျင်းရိခြင်းကို တိုက်ခိုက်ပေးနိုင်ပြီး လက်သည်းကိုက်နေချိန်မှာ အကြံကောင်းတွေ ထွက်တယ်လို့ ဖြေဆိုကြပါတယ်။ သင့်မှာ ဒီလိုထူးထူးဆန်းဆန်း အကျင့်တွေ ရှိနေရင်တော့ သင်ထင်ထားထက်ကို ဉာဏ်ပိုကောင်းသူပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments