သင့်ဆံပင်နဲ့ လိုက်ဖက်မယ့် highlight အရောင်ကို ဘယ်လိုရွေးချယ်မလဲ

ဆံပင်ကို highlight လေးတွေ ဆိုးတာက အမြင်ဆန်းသစ်ပြီး သင့်ကို လူအများကြား ထင်ပေါ်စေပါတယ်။ ဒါပေမယ့် ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် highlight ကို ရွေးချယ်ဖို့က အဓိကပါ။ အဲဒါကြောင့် သင့်ဆံပင်နဲ့အလိုက်ဖက်ဆုံးဖက်မယ့် highlight အရောင်ကို ဘယ်လိုရွေးချယ်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

Skintone ကို ခွဲခြားနိုင်မယ့် နည်းလမ်းများ

လက်ကောက်ဝတ်

Skintone ကို ခွဲခြားနိုင်မယ့် အလွယ်ဆုံးနည်းကတော့ ကိုယ့်ရဲ့လက်ကောက်ဝတ်နေရာကို ကြည့်ပါ။ သွေးကြောလေးတွေက အပြာရောင် သို့မဟုတ် ခရမ်းရောင်ဆိုရင် အသားဖြူသူပါ။ အပြာရောင် သို့မဟုတ် အစိမ်းရောင်နုသွေးကြောလေးတွေ ရှိမယ်ဆိုရင် ရွှေအိုရောင်အသားအရေပါ။ အစိမ်းရင့်ရောင် သို့မဟုတ် သံလွင်ဆီရောင်သွေးကြောလေးတွေ ရှိတယ်ဆိုရင်တော့ အသားညိုသူပါ။

မျက်လုံးအရောင်

ရွေရောင်မျက်ဆံလေးတွေ ရှိရင် သင်က အသာားညိုသူပါ။ အစိမ်းရောင်မျက်ဆံ သို့မဟုတ် အပြာရောင်မျက်ဆံရှိသူဆိုရင်တော့ အသားဖြူသူပါ။

လက်ဝတ်ရတနာ

မိမိရဲ့အသားအရောင်ကို လက်ဝတ်ရတနာနဲ့လည်း ခွဲခြားလို့ရပါတယ်။ ရွေထည်တစ်ခုခုကို သင့်ရဲ့မျက်နှာနားမှာ ကပ်ထားလိုက်ပါ။ သင့်မျက်နှာအသားအရေက ပိုပြီးပေါ်လွင်လာတယ်ဆိုရင် သင်က ညိုတဲ့အသားအရေ ရှိသူပါ။ ငွေထည်တစ်ခုခုကို သင့်မျက်နှာနားကပ်တဲ့အခါ မျက်နှာက အရောင် ပိုပေါ်လွင်တယ်ဆိုရင် အသားဖြူသူပါ။

Highlight ရွေးချယ်နည်း

သင်က အသားညိုပြီး မျက်လုံးနဲ့ ဆံပင်က အနက်ရောင် ရှိမယ်ဆိုရင် highlight ကို အရောင်ဆန်းဆန်းလေးတွေကို ရွေးချယ်သင့်ပါတယ်။ အသားညိုသူတွေက ဥပမာအားဖြင် နို့ချောကလက်အရောင်၊ မေပယ်သစ်ရွက်အရောင်၊ ကော့ညက်အရက်အရောင်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။

အသားလတ်သူတွေအတွက်ကတော့ အရောင်ရွေးချယ်စရာ ပိုများပါတယ်။ သင့်မျက်လုံးက အစိမ်းရောင် သို့မဟုတ် စိမ်းညိုရောင်ရှိမယ်ဆိုရင်၊ ဆံပင်က အညိုရောင်ရှိမယ်ဆိုရင်၊ အသားလတ်သူဆိုရင် ညိုဖျော့ဖျော့အရောင်၊ ပျားရည်အရောင်၊ မေပယ်သစ်ရွက်အရောင်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီအရောင်တွေနဲ့ ဆံပင်ကို highlight ဆိုးလိုက်တဲ့အခါ သင့်မျက်လုံးရဲ့အရောင်တွေက ပိုတောက်ပသွားပါတယ်။

သင်က အသားညိုပြီး ဆံပင်အနက်ရောင်နဲ့ မျက်လုံးအနက်ရောင် ရှိမယ်ဆိုရင် ဆံပင် highlight အရောင်အတွက် ကော်ဖီရောင်ကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် သင်က ပိုပြီး ဆန်းဆန်းလေးနဲ့ လှချင်တယ်ဆိုရင်တော့ ကြေးနီရောင်နဲ့ အနီရောင်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

နောက်တစ်မျိုးကတော့ အသားလတ်ပြီး ဘယ်ဆံပင်အရောင်အတွက်မဆို၊ ဘယ်မျက်လုံးအရောင်အတွက်မဆို အဆင်ပြေတဲ့ highlight အရောင်ပါ။ ရွှေရောင်ဖျော့ဖျော့၊ taupe အရောင်တို့က ဘယ်ဆံပင်အရောင်နဲ့မဆို လိုက်ဖက်ပါတယ်။

သင်က အသားညိုပြီး မျက်လုံးက အနက်ရောင်ရှိရင်၊ ဆံပင်က အရောင်ဖျော့တယ်ဆိုရင် highlight အရောင်အတွက် အဝါဖျော့ရောင်၊ ပန်းနုဝါရောင်၊ ရွေအိုရောင်တို့ကို ရွေးချယ်ပါ။

အသားလတ်ပြီး ဆံပင်က အနက်ရောင်ရှိမယ်ဆိုရင် highlight အရောင်အတွက် ဆင်စွယ်ရောင်၊ အဝါဖျော့ရောင် တို့က အသင့်တော်ဆုံးပါပဲ။ ဒီအရောင်တွေက ဘယ်မျက်လုံးအရောင်နဲ့မဆိုလည်း လိုက်ဖက်တဲ့အရောင်ပါ။

သင့်မျက်လုံးက အပြာနုရောင်ရှိပြီး ဆံပင်က ရွှေဝါဖျော့ရောင်ရှိရင်၊ အသားအရေလတ်သူဖြစ်ရင် ပလက်တီနမ်ရောင်၊ ငွေရောင် တို့က ဆံပင် highlight အတွက် အဆင်ပြေဆုံးပါ။

ကော့ညက်ရောင်နဲ့ အညိုရောင်က အသားဖြူသူတွေအတွက် အဆင်ပြေတဲ့ highlight အရောင်ဖြစ်ပေမယ့် ဘယ်ရီသီးအရောင်၊ ကြက်သွေးရောင်တို့ကိုလည်း ရွေးချယ်လို့ ရပါသေးတယ်။

Zombie (lovemedia)

Post a Comment

0 Comments