မျက်နှာအသားအရေနဲ့ နေရောင်ခြည် ထိတွေ့ပါများလာရင် အရေးအကြောင်းတွေ ပေါ်လာတာ၊ အမည်းစက်တွေဖြစ်လာတာ၊ တင်းရင်းမှု နည်းလာတာတွေကို ကြုံတွေ့ရစေပါတယ်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ sunscreen က မျက်နှာအသားအရေကို ဒီလိုပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် မျက်နှာအသားအရေပေါ်မူတည်ပြီး sunscreen ရွေးချယ်နည်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
မျက်နှာအသားအရေပေါ်မူတည်ပြီး sunscreen ရွေးနည်းကို ၁၉၇၅ ခုနှစ်မှာ အရေပြားရောဂါ အထူးကုဆရာဝန် Dr Thomas B.Fitzpatrick က စတင်ခဲ့တာပါ။
Type 1
Type 1 အသားအရေကို ပိုင်ဆိုင်သူတွေက မယ်လနင်တွေ ခပ်များများ မထုတ်လုပ်နိုင်ပါဘူး။ သူတို့အသားအရေက ကောင်းပါတယ်။ မျက်လုံးက အစိမ်းရောင် သို့မဟုတ် အပြာရောင်ရှိပြီး ဆံပင်က ရွှေအိုရောင်၊ အနီရောင်ရှိပါတယ်။ ဒီလိုအသားအရေ ပိုင်ရှင်တွေက ထိလွယ်ရှလွယ်ကြပြီး နေရောင်ခြည်ဒဏ်ကို သိပ်မခံနိုင်ကြပါဘူး။ အဲဒါကြောင့် type 1 အသားအရေပိုင်ရှင်တွေက SPF 50+ ပါတဲ့ sunscreen တွေကို ရွေးချယ်သင့်ပါတယ်။
Type 2
Type 2အသားအရေပိုင်ရှင်တွေက အသားအရောင် ဖြုဖျော့ပြီး အရမ်းကို ထိလွယ်ရှလွယ်ပါတယ်။ ရွှေဝါရောင်ဆံပင်တွေ ရှိတတ်ကြပြီး မျက်လုံးက အပြာရောင် သို့မဟုတ် အစိမ်းရောင်ကို ပိုင်ဆိုင်ကြပါတယ်။ တင်းတိပ်တွေကိုလည်း တွေ့ရတတ်ပါတယ်။ Type 2 အသားအရေပိုင်ရှင်တွေကလည်း နေရောင်ခြည်ကို အရမ်းမခံနိုင်တာကြောင့် SPF 30+ပါတာကို သုံးသင့်ပါတယ်။
Type 3
အသားအရေက type 2 လောက် မဖြူပေမယ့် လှပတဲ့ အသားအရေပိုင်ရှင်တွေပါပဲ။ အများစုက ဆံပင်အမည်းရောင်ရှိကြပြီး အပြာရောင် သို့မဟုတ် အစိမ်းရောင်မျက်လုံးတွေ ရှိပါတယ်။ Type 3 အသားအရေပိုင်ရှင်တွေက နေရောင်ထိရင် အသားညိုလွယ်ပါတယ်။ အဲဒါကြောင့် SPF 25+ သို့မဟုတ် SPF 20+ ပါတဲ့ sunscreen က အသင့်တော်ဆုံးပါပဲ။
Type 4
Type 4 အသားအရေပိုင်ရှင်တွေက အသားနည်းနည်းညိုပြီး ဆံပင်ကလည်း အနက်ရောင်ရှိကြပါတယ်။ ဒီလိုအသားအရေ ရှိသူတွေက နေလောင်လွယ်ပါတယ်။ နေရောင်ခြည်ထဲ သွားမယ်ဆိုရင် SPF 15+ ပါတဲ့ sunscreen ကို ရွေးချယ်နိုင်ပါတယ်။
Type 5
Type 5 မှာပါဝင်သူတွေက မယ်လနင်များပြီး အသားညိုကြပါတယ်။ ဒီလိုအသားအရေရှိသူတွေက တချို့ cream တွေလိမ်းလိုက်ရင် ဖြူကွက်သွားတတ်ပါတယ်။ အဲဒါကြောင့် sunscreen ရွေးမယ်ဆိုရင် ဒီအချက်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ Sunscreen အတွက်ဆိုရင် SPF 15 ပါတာကို ရွေးသင့်ပါတယ်။
Type 6
အသားအလွန်ညိုသူတွေက နေလောင်ဒဏ်ကိုသာမက နေရောင်ခြည်ကြောင့် ဖြစ်လာမယ့် အမည်းစက်တွေကိုပါ ဂရုတစိုက် ကာကွယ်သင့်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တော့မယ်ဆိုရင် SPF 15 ပါတဲ့ sunscreen ကို သုံးဖို့ အရေပြားရောဂါ အထူးကုဆရာဝန်တွေက အကြံပေးကြပါတယ်။
Zombie (lovemedia)
0 Comments