Microwave မီးဖိုထဲမှာ ပြန်မနွှေးသင့်တဲ့ အစားအစာ (၈) မျိုး

အစားအစာတွေ အရသာရှိဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကလည်း အရေးပါပါသေးတယ်။ အချို့သော အစားအစာတွေက microwave မီးဖိုထဲမှာ ချက်ပြုတ်တဲ့အခါ အာဟာရမဖြစ်ဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

၁။ တရုတ်နံနံ

တရုတ်နံနံက စွပ်ပြုတ်ထဲမှာ ထည့်တဲ့အခါ အရမ်းကို မွှေးတဲ့ဟင်းခတ်အမွှေးအကြိုင်ပါပဲ။ ဒါပေမယ့် microwave မီးဖိုထဲမှာ တရုတ်နံနံကြီးကို ထည့်လိုက်ရင် တရုတ်နံနံကြီးမှာပါတဲ့ နိုက်ထရိတ်က အဆိပ်အတောက်ဖြစ်စေတဲ့ nitrites နဲ့ carcinogenic nitrosamines အဖြစ်ကို ပြောင်းလဲသွားပါတယ်။ တရုတ်နံနံကြီးနဲ့ ချက်ထားတဲ့စွပ်ပြုတ်ဆိုရင် microwave မီးဖိုထဲမှာ ထည့်ပြီးမနွှေးရင်တောင် အရသာရှိနေမှာပါ။

၂။ ဥများ

ကြက်ဥကို microwave မီးဖိုထဲမှာ ထည့်ပြီး နွှေးလို့ရလားဆိုတာ စဉ်းစားရခက်တဲ့ မေးခွန်းပါပဲ။ ကြက်ဥတွေကို microwave ထဲမှာ ထည့်နွှေးရင် အဆိပ်အတောက် ဖြစ်သွားတတ်တာကြောင့် အခြားနည်းလမ်းနဲ့သာ စားသုံးသင့်ပါတယ်။

၃။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာပါ။ ဒါပေမယ့် ဟင်းနုနွယ်ရွက်မှာလည်း နိုက်ထရိတ်တွေ အများကြီးပါပါတယ်။ အဲဒါကြောင့် ဟင်းနုနွယ်ရွက်ကို ဖျော်ရည်ဖျော်သောက်တာ၊ ဆန်းဝှစ်ချ်ထဲထည်စားတာ၊ သုပ်စားတာတွေ အန္တရာယ် မဖြစ်စေဘဲ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

၄။ မှို

မှိုမှာ ပရိုတိန်း၊ ဗီတာမင်၊ အမိုင်နိုအက်စစ်တို့ ပါဝင်ပါတယ်။ မှိုကို ချက်ထားပြီး microwave မီးဖိုထဲမှာ နွှေးလိုက်ရင် သူ့မှာပါတဲ့ ပရိုတိန်းတွေက ပြောင်းလဲသွားပြီး အစာအိမ်နာတာ၊ ဗိုက်ပွတာတွေ ဖြစ်လာစေပါတယ်။

၅။ အာလူး

ပြန်နွှေးထားတဲ့ အာလူးမှာ အရသာတွေ၊ ဗီတာမင်တွေ ဆုံးရှုံးသွားပြီး အဆိပ်သင့်စေမှာပါ။ အာလူးတွေကို microwave မီးဖိုထဲမှာ ပြန်မနွှေးဘဲ အာလူးကို ချေပြီး ကြော်စားတာ၊ သုပ်စားတွေ ပြုလုပ်နိုင်ပါတယ်။

၆။ ကြက်သား

ကြက်သားဟင်းတွေကို microwave မီးဖိုထဲမှာ ပြန်နွှေးတဲ့အခါ ပရိုတိန်းပါဝင်မှုတွေက ပြောင်းလဲသွားပြီး အစာချေဖျက်တဲ့နေရာမှာ ပြဿနာ ဖြစ်သွားစေပါတယ်။ အဲဒါကြောင့် ကြက်သားဟင်းတွေကို ပြန်မနွှေးဘဲ သုပ်စားတာပဲဖြစ်ဖြစ်၊ ကြော်စားတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

၇။ မုန်လာဥနီ

မုန်လာဥနီက စွပ်ပြုတ်အဖြစ် ချက်ရင်တောင် အာဟာရန်တန်ဖိုးတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် မုန်လာဥနီမှာလည်း နိုက်ထရိတ်တွေ အပြည့်ပါနေတာကြောင့် microwave မီးဖိုထဲမှာ ပြန်မနွှေးသင့်ပါဘူး။ လတ်ဆတ်တဲ့မုန်လာဥနီကတော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါပဲ။

၈။ ထမင်း

ထမင်းမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဆန်ထဲမှာ ဘက်တီးရီးယား မျိုးမှုန်လေးတွေ ပါဝင်ပြီး အဲဒီ ဘက်တီးရီးယားတွေက ချက်လိုက်ရင်တောင် အသက်ရှင်နိုင်ကြပါသေးတယ်။ ထမင်းကို ချက်ပြီး microwave မီးဖိုထဲမှာ ပြန်နွှေးတဲ့အခါ ဘက်တီးရီးယားတွေက နှစ်ဆပွားသွားပြီး အစာအဆိပ်သင့်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments