ဖုန်းအားသက်တမ်းကို ရက်အနည်းငယ် ကြာရှည်ခံစေမယ့် နည်းလမ်း (၁၀) ခု

ဖုန်းတစ်လုံးတည်းနဲ့ စာအုပ်ဖတ်တာ၊ ဂိမ်းဆော့တာ၊ သီချင်းနားထောင်တာ၊ သတင်းဖတ်တာစတဲ့ အလုပ်တွေအများကြီးကို လုပ်လို့ရတာကြောင့် ဖုန်းက မရှိမဖြစ် အရေးပါလာပါတယ်။ ဖုန်းကို အသုံးများတဲ့အခါ ဖုန်းအားက ကြာကြာမခံဘဲ ခဏလေးနဲ့ ကုန်ကုန်သွားတတ်ပါတယ်။

တစ်ခါတရံမှာလည်း ဘာမှမသုံးဘဲ ဖုန်းအားက အလိုလို ကုန်နေတတ်ပါတယ်။ အဲဒါကြောင့် ဖုန်းအားကို ကြာကြာခံစေမယ့် အဓိကနည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဖုန်းအားသွင်းတဲ့အပေါက်ထဲကို သန့်ရှင်းရေးလုပ်ပါ။

ဖုန်း screen ကို သန့်ရှင်းရေးလုပ်ဖို့လိုသလို ဖုန်းအားသွင်းတဲ့ အပေါက်ထဲကိုလည်း သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ ဖုန်းအားသွင်းထဲ အပေါက်ထဲမှာ ဖုန်မှုန့်တွေ ဝင်နေရင် အားဝင်မမြန်တာကို ကြုံတွေ့ရတတ်ပါတယ်။ အဲဒါကြောင့် သွားကြားထိုးတံနဲ့ဖြစ်ဖြစ်၊ နားကြပ်တံနဲ့ဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။

၂။ အရောင်တောက်တဲ့ wallpaper ကို အသုံးမပြုသင့်ပါဘူး။

ဖုန်းထဲမှာ အရောင်တောက်တောက် wallpaper၊ video wallpaper တွေကို ထည့်ထားရင် အားကုန်တာ မြန်နေမှာပါ။ အကောင်းဆုံးကတော့ အဖြူနဲ့အနက်ရောင်ပါတဲ့ wallpaper ပါပဲ။ အဲဒီအခါ ဖုန်းအားက အရင်ကလောက် ကုန်တာ မမြန်တော့ပါဘူး။

၃။ ဖုန်းကို မသုံးတဲ့အချိန်တွေမှာ အိတ်ထဲကို ထည့်ထားပါ။

ရာသီဥတုပူတဲ့ အချိန်တွေမှာ ဖုန်းကို လက်ထဲမှာ မကိုင်ထားသင့်ပါဘူး။ ရာသီဥတုပူရင် ဖုန်းရဲ့အပူချိန်ကလည်း မြင့်တက်လာပါတယ်။ အဲဒီအချိန်မှာ ဖုန်းကို လက်ထဲမှာ ကိုင်ထားရင် လက်ရဲ့အပူချိန်ကြောင့် ဖုန်းဓာတ်ခဲက ပိုပူလာပြီး အားလည်း မြန်မြန်ကုန်သွားပါတယ်။

၄။ Auto-rotate screen ကို ပိတ်ထားပါ။

အသုံးပြုဖို့ မလိုအပ်တဲ့အခါ Auto-rotate screen ကို ပိတ်ထားပါ။ screen ကို အလိုအလျောက်လှည့်သွားအောင်လို့ အထူး sensor ကို ထည့်ထားတာကြောင့် ဖုန်းအားပိုကုန်စေပါတယ်။

၅။ Background programs များကို ပိတ်ပါ။

Instagram, facebook, messengers နဲ့ တခြား app တွေက မပိတ်ဘဲ ထားရင် ဖုန်းအားကုန်တာမြန်စေပါတယ်။ အဲဒါကြောင့် ဖုန်းအားကို ခဏလေးနဲ့ ကုန်မသွားအောင် background programs တွေကို ပိတ်ထားသင့်ပါတယ်။

၆။ Screen brightness ကို လျှော့ထားပါ။

Screen brightness ကို ၃၀-၄၀ ရာခိုင်နှုန်းလောက်ပဲ ထားတာက အသင့်တော်ဆုံးပါ။ ဖုန်း Screen brightness ကို အမြင့်ဆုံးမှာထားရင် ဖုန်းဓာတ်ခဲရဲ့သက်တမ်းကိုလည်း တဖြည်းဖြည်းတိုလာစေပါတယ်။

၇။ Vibrate ကလည်း ဖုန်းအားကုန်စေပါတယ်။

ဖုန်းလာတဲ့အခါ တုန်ခါစေဖို့ Vibrate လုပ်ထားတာက ဖုန်းအားအရမ်းကုန်စေတာပါ။ လိုအပ်တဲ့အခါမှသာ Vibrate ကို သုံးသင့်ပါတယ်။ Vibrate အစား silent mode လုပ်ထားတာက ဖုန်းအားကုန်တာ မမြန်စေပါဘူး။

၈။ Screen time-out ပြုလုပ်ပါ။

ဖုန်းအားကုန်တာ သက်သာဖို့ Screen time-out ကိုလည်း ပြုလုပ်ထားသင့်ပါတယ်။ Screen time-out မလုပ်ထားရင် ဖုန်းက အမြဲတမ်းပွင့်နေပြီး မသုံးဘဲနဲ့ ဖုန်းအားတွေက ဆက်တိုက်ကုန်နေမှာပါ။

၉။ GPS, bluetooth , wi-fi တို့ကို မသုံးတဲ့အခါ ပိတ်ထားပါ။

GPS, bluetooth , wi-fi တို့က ဖုန်းအားကုန်တာ အရမ်းမြန်စေပါတယ်။ အသုံးမလိုတဲ့အခါ ပိတ်ထားခြင်းက ဖုန်းအားကို ချွေတာပြီးသား ဖြစ်စေမှာပါ။

၁၀။ ဖုန်းကို ညဘက်မှာ ပိတ်ထားပါ။

ဖုန်းကို တစ်နေကုန်အသုံးပြုပြီးတဲ့အခါ အနားပေးတဲ့အနေနဲ့ ညဘက်ရောက်ရင် ပိတ်ထားသင့်ပါတယ်။ ဖုန်းကို ညဘက်မှာ အနားပေးပြီး ပိတ်ထားတာက ဓာတ်ခဲသက်တမ်းကို ကြာရှည်စေတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments