မိဘတွေက ကလေးတွေအတွက် စွန့်လွှတ်အနာခံခဲ့တဲ့ အရာ (၁၀) ခု

မိဘတွေက သားသမီးတွေအတွက် အကောင်းဆုံးအရာတွေကို ပေးနိုင်သမျှ ပေးခဲ့ကြပါတယ်။ အဲဒီအတွက် မိဘတွေက သူတို့ရဲ့ဝါသနာတွေ၊ အလုပ်တွေ၊ အချိန်တွေကို ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ နီးလွန်းတဲ့အခါမှာလည်း မမြင်နိုင်သလိုပါပဲ။ အဲဒါကြောင့် ကလေးတွေအတွက် မိဘတွေက ဘယ်လိုအရာတွေ စွန့်လွှတ်ပြီးအနစ်နာခံခဲ့လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သူတို့အတွက် အဆိုးဆုံးတွေကိုယူပြီး ကလေးတွေအတွက် အကောင်းဆုံးတွေကို ပေးခဲ့ကြပါတယ်။

မိဘတွေအတွက် ကလေးတွေက အရာရာပါပဲ။ ကလေးတွေ ပြုံးပျော်ရွှင်သွားဖို့ပဲ စိတ်ထဲမှာ ရှိကြပါတယ်။ မိဘတွေက သူတို့လိုချင်တဲ့အရာတွေ ရှိရင်တောင် နောက်ဆုတ်ပြီး ကလေးတွေကို ဦးစားပေးခဲ့ကြပါတယ်။

၂။ ကလေးတွေရဲ့အိပ်မက်အတွက် အိပ်ချိန်တွေကို ဖဲ့ပေးကြပါတယ်။

ကလေးတစ်ယောက် မွေးလာပြီးနောက် မိဘတွေက အရင်လို အိပ်ချိန်တွေ မများကြတော့ပါဘူး။ အနာဂတ်အတွက် စဉ်းစားပြီး အိပ်ချိန်တွေကနေ ဖဲ့ပြီး အလုပ်လုပ်ကြပါတယ်။ ကလေးတွေနေမကောင်းတဲ့အချိန်တွေမှာလည်း အိပ်ရေးတွေ ပျက်ကြရတယ်။ ဒါ့အပြင် ကလေးတွေကို နောက်တစ်ချိန်မှာ အိပ်မက်တွေ ကြီးကြီးမားမားရစေဖို့ သူတို့ရဲ့အိပ်ချိန်တွေကို အနစ်နာခံလိုက်ကြပါတယ်။

၃။ ဝါသနာတွေကို နောက်မှာပို့ထားလိုက်ကြပါတယ်။

မိဘတစ်ယောက်ဖြစ်ရတာ အချိန်ပြည့် အလုပ်လုပ်ရသလိုပါပဲ။ ကလေးကို စောင့်ရှောက်ရတာကြောင့် သူတို့တန်ဖိုးထားတဲ့ အချိန်တွေ၊ ဝါသနာတွေက နောက်ကို ရောက်သွားကြပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးတွေအတွက် သူတို့ဝါသနာကို စွန့်လွှတ်ရတာကိုပဲ ပျော်ရွှင်နေတတ်ကြပါတယ်။

၄။ သင်နေမကောင်းချိန်မှာ အရာရာကို ထားခဲ့ပြီး သင့်ကိုပဲ ဂရုစိုက်ပါတယ်။

နေမကောင်းချိန်တွေမှာ မိဘကို ချက်ချင်းသတိရတတ်တာ ဒီအချက်ကြောင့်ပါပဲ။ ကလေးတွေ နေမကောင်းဖြစ်တဲ့အခါ မိဘတွေက သူတို့ရဲ့ကျန်းမာရေးကိုတောင် ဂရုမစိုက်နိုင်ဘဲ ကလေးတွေကိုပဲ ဂရုစိုက်ကြပါတယ်။ နေ့ရောညရော အိပ်ရေးပျက်ခံပြီး သူတို့အတွက် အရေးပါတဲ့အရာတွေကိုတောင် မေ့သွားတတ်ကြပါတယ်။

၅။ ကလေးတွေနဲ့ လူမှုရေးယှဉ်လာရင်တောင် ကလေးတွေကိုပဲ အချိန်ပေးကြပါတော့တယ်။

ကလေးနဲ့ မိဘအကြားမှာ လှပတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အချိန်ပေးဖို့က မရှိမဖြစ်အရေးပါပါတယ်။ အဲဒါကြောင့် မိဘတွေက ကလေးတွေအတွက် သူတို့ရဲ့လူမှုဆက်ဆံရေးတွေ၊ သူငယ်ချင်းတွေနဲ့ သွားလည်စရာတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို အချိန်နည်းနည်းပဲ ပေးပါတော့တယ်။

၆။ အစားအစာတွေစားတဲ့အခါ ကလေးတွေကို အမြဲဦးစားပေးပါတယ်။

ဒီအရာကိုတော့ မိဘတွေက သင့်ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ပါဘူး။ မိဘတွေက သူတို့ကြိုက်တဲ့ အစားအစာဖြစ်နေရင်တောင် သင့်ကို စားစေချင်တာကြောင့် သူတို့မကြိုက်ဘူး၊ ဗိုက်မဆာဘူးလို့ ပြောတတ်ကြပါတယ်။ သူတို့စားမယ့် အစားအစာတွေက နည်းနည်းပဲရှိရင် ကလေးတွေကိုပဲကျွေးပြီး ဗိုက်အဆာခံ လိုက်ကြပါတယ်။

၇။ မိဘတွေက သူတို့အချင်းချင်းတောင် အချိန်မပေးကြတော့ပါဘူး။

ကလေးတွေက မိဘတွေနောက်ကို တကောက်ကောက် လိုက်နေတာကြောင့် အဖေနဲ့အမေက သူတို့အချင်းချင်းတောင် အချိန်မရှိကြတော့ပါဘူး။ အရင်ကလို နှစ်ယောက်တည်း ခရီးထွက်တာတွေ၊ စကားတွေ အများကြီးပြောတာတွေ၊ သွားလည်တာတွေ နည်းပါးသွားပါတယ်။ ကလေးတွေရဲ့ မျက်နှာမှာ အပြုံးတွေရှိနေဖို့ပဲ အချိန်ပေးကြပါတော့တယ်။

၈။ ငွေကြေးတွေကို သားသမီးတွေအတွက် ဦးစားပေးကြပါတယ်။

မိဘတွေက သူတို့ရှာဖွေတဲ့ ငွေကြေးတွေကို သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအတွက် အသုံးပြုကြပါတယ်။ ငွေကြေးတွေကို သူတို့ကိုယ်တိုင် သုံးစွဲဖို့ထက် ကလေးတွေအတွက်ပဲ ဦးစားပေးကြပါတယ်။ သူတို့မရှိတော့ရင်တောင် ကလေးတွေ အဆင်ပြေဖို့ အမြဲစဉ်းစား လုပ်ကိုင်ပေးကြသူတွေပါပဲ။

၉။ သူတို့အကြိုက်ဆုံးအရာတွေကို ကလေးတွေ ဆော့လိုက်ရင်တောင် စိတ်မဆိုးရက်ကြပါဘူး။

မိဘဖြစ်လာဖို့ စိတ်ရှည်မှုတွေ အများကြီးလိုအပ်ပါတယ်။ ကလေးတွေက မသိနားမလည်ဘဲ သူတို့အကြိုက်ဆုံးအရာတွေ၊ ဈေးကြီးတဲ့အရာတွေကို ဖျက်လိုက်ရင်၊ ဆော့လိုက်ရင်တောင် ခွင့်လွှတ်ပေးကြသူတွေပါ။

၁၀။ မိဘတွေက ကလေးတွေကို အချစ်တွေအားလုံး ပေးထားကြပါတယ်။

အသက်ကြီးလာလေ မိဘလောက် ချစ်နိုင်မယ့်သူ မရှိဘူးဆိုတာ နားလည်လာလေပါပဲ။ မိဘတွေက ကလေးတွေကို အဆုံးမသတ်နိုင်တဲ့မေတ္တာအကြောင်း သင်ပေးသူတွေပါ။ သင့်ရဲ့ကောင်းမှုဆိုးမှုတွေကို နားလည်မှု အပေးဆုံးနိုင်သူတွေပါပဲ။ အဲဒါကြောင့် မိဘတွေကို ဘယ်လောက်ချစ်ကြောင်း ခပ်မြန်မြန်သာ ဖော်ပြလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments