လူတစ်ယောက်ရဲ့ လက္ခဏာကိုကြည့်ပြီး သူတို့ရဲ့အချစ်ရေးကို သိနိုင်ပါတယ်။ အဲဒီလိုသိနိုင်ဖို့အတွက် လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ထားလိုက်ပါ။
၁။ ညီနေသော မျဉ်းကြောင်း
သင့်ရဲ့လက္ခဏာမှာ နှလုံးလမ်းကြောင်က ညီနေရင် ကံကောင်းသူပါပဲ။ အချစ်ရေးကို လေးလေးနက်နက် တွေးခေါ်စဉ်းစားတတ်ပါတယ်။ ဆင်ခြင်တုံတရားရှိပြီး စိတ်ထားလည်း နူးညံ့ပါတယ်။ တစ်ဖက်သားရဲ့အမြင်ကို လေးစားပေးနိုင်သူပါ။
၂။ ပိုနိမ့်နေတဲ့ ဘယ်ဘက်မျဉ်းကြောင်း
ဒီလိုလက္ခဏာပိုင်ရှင်တွေက မိမိထက်အသက်ကြီးသူကို သဘောကျတတ်ပါတယ်။ သူတို့က အရမ်းချစ်တတ်၊ ကြင်နာတတ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ရတာကို ပိုကြိုက်ပါတယ်။ သူတို့မှာ ဆဌမအာရုံက အားကောင်းနေတတ်ပါတယ်။
၃။ ပိုမြင့်နေတဲ့ ဘယ်ဘက်မျဉ်းကြောင်း
သင့်မှာ ဒီလိုလက္ခဏာရှိတယ် ဆိုရင်တော့ လွယ်လွယ်နဲ့ မချစ်တတ်သူပါ။ အချစ်ကို ပျော်ရွှင်မှုရဖို့အတွက် မရွေးပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ဘဝအတွက် အဆင်ပြေဆုံးလူကို သေသေချာချာ ရွေးချယ်ပါတယ်။
မိမိထက် အသက်ငယ်သူကို ပိုသဘောကျတတ်တွေပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်တတ်ပြီး စကားလည်း နည်းပါတယ်။ ဘဝမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ သူ့အလိုလို ဖြေရှင်းနိုင်သွားတတ်ပါတယ်။
Zombie (lovemedia)
0 Comments